12/20/2016

♪ Huawei က အနောက်ကင်မရာ ၂ လုံးပါတဲ့ Honor Magic ကို မိတ်ဆက် ♫


Huawei က ဒီဇိုင်းဆန်းသစ်တဲ့ Honor Magic ကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်းရဲ့ ထောင့်စွန်းများ အားလုံးကို ကွေးညွှတ်ဒီဇိုင်းပြုလုပ်ထားတဲ့အတွက် ကိုင်တွယ်တဲ့အခါ ချောမွတ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။ Honor Magic မှာ ၅.၀၉ လက်မ AMOLED QHD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၇၇ ဖြစ်ပါတယ်။ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Honor Magic မှာ DeepThink လို့ အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာပါတယ်။ သူက Infrared Camera ကို အသုံးပြု၍ ပိုင်ရှင်ရဲ့ မျက်လုံးကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အဲဒီအတွက် အခြား လူများ သင့်ရဲ့ ကိုယ်ရေးကိုယ်တာဖိုင်များကို မမြင်နိုင်အောင် ကာကွယ်နိုင်ပါတယ်။ Home Button မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို တပ်ဆင်ထားပါတယ်။

Octa-Core Kirin 950 Chipset မောင်းနှင်မှာ ဖြစ်ပြီး ကင်မရာက 4K Video များကို ရိုက်ကူးနိုင်အောင် Chipset က ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ 2900mAh Battery တပ်ဆင်ထားပြီး Huawei Magic Power Charger ကြောင့် နာရီဝက်အတွင်းမှာ ၉၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ ၂၀ မိနစ်အားသွင်းရင် ၇၀ နဲ့ ၁၀ မိနစ်အားသွင်းရင် ၄၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ Dual-SIM Phone ဖြစ်ပြီး ဒေါ်လာ ၅၃၀ သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com