12/20/2016

♪ Pokemon Go ထက် ပေါက်နေတဲ့ Super Mario Run ♫


Pokemon Go ဟာ ၂၀၁၆ ခုနှစ်ရဲ့ အပေါက်ဆုံး ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကုန်ဖို့ ရက်ပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာ Pokemon Go ဟာ Super Mario Run ရဲ့ နန်းချခြင်းကို ခံရနိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။ ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်း Apptopia က Super Mario Run ကို ပထမနေ့မှာ ဒေါင်းလုပ်လုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၂.၈၅ သန်း ရှိတယ်လို့ ပြောပါတယ်။

Pokemon Go ကို ဇူလိုင်လအတွင်း ပထမဆုံး ဖြန့်ချီတဲ့ နေ့မှာ ဒေါင်းလုပ်လုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၉၀၀ ၀၀၀ သာ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ယခုအချိန်အထိ Pokemon Go ကို ဒေါင်းလုပ်လုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၅.၆ သန်းအထိ ရှိလာပါပြီ။ အဲဒီအတွက် နှစ်မကုန်ခင်ရက်များမှာ Super Mario Run ဟာ Pokemon Go ကိုကျော်တက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Super Mario Run ကို ဖန်တီးသူ Shigeru Miyamoto က လုံခြုံရေးအတွက် ဂိမ်းကို အင်တာနက် ချိတ်ဆက်ထားမှသာ ကစားနိုင်မယ်လို့ ပြောပါတယ်။ Offline ဖြစ်နေရင် Single Player Mode တောင် ကစားနိုင်မှာ မဟုတ်ပါဘူး။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com