12/18/2016

♪ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းများ ♫


အမေရိကန်နိုင်ငံလို ချမ်းသာတဲ့ နိုင်ငံမှာတောင် တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ရှိနေပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းများဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေါ်လာ ၂၅၀ နဲ့ သူ့အောက်ရှိ အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းများကို မိတ်ဆက်ပေးလိုက်ပါတယ်။

Moto G4 နဲ့ G4 Plus
untitled-1

Moto G4 နဲ့ G4 Plus ဟာ အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ Android Nougat Update တောင် ရနေပြီ ဖြစ်ပြီး လက်ဗွေရာ စကင်နာ ပါပါတယ်။ ကြီးမား လှပတဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးခံတဲ့ ဘက်ထရီတို့က ပေးရတဲ့ ဈေးနဲ့ တန်နေပါတယ်။ Moto Maker Personalization စနစ်ကြောင့် စိတ်ကြိုက် အရောင်အတွဲအစပ်များစွာကို ရယူနိုင်ပါတယ်။ ၀ါးနဲ့ လုပ်ထားတဲ့ ကာဗာကိုလည်း ရွေးချယ်နိုင်ပါတယ်။ 16GB Storage ပါတဲ့ G4 ဟာ ဒေါ်လာ ၁၉၉ ၊ G4 Plus ဟာ ဒေါ်လာ ၂၄၉ တန်ကြေးရှိပါတယ်။ ပိုကောင်းတဲ့ ကင်မရာနဲ့ လက်ဗွေရာ စနစ်၊ TurboPower Charger အပိုပါတဲ့ G4 Plus ကို ပိုကြိုက်ပါတယ်။

Moto G4 Play
untitled-2

Moto G4 Play ဟာလည်း Motorola ရဲ့ တန်ဖိုးနည်း ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၅ လက်မ Display , 2800mAh Battery , Snapdragon 410 , microSD Card Slot တပ်ဆင်ထားပါတယ်။ HD IPS Display , 8MP Rear Camera , 16GB Storage ပါပေမယ့် လက်ဗွေရာလုံခြုံရေး စနစ် မပါပါဘူး။ ဒေါ်လာ ၁၅၀ သာ တန်ကြေးရှိပါတယ်။

LeEco S3
untitled-3

LeEco S3 ဟာ ဒေါ်လာ ၁၇၀ တန်ကြေးရှိတဲ့ တန်ဖိုးနည်း ဖုန်းပါ။ စွမ်းဆောင်ရည်သင့် Snapdragon 652 ကို ဒီဈေးနဲ့ ထည့်ပေးထားတာက တန်တယ်ပြောရမှာပါ။ 16MP Rear Camera ကလည်း ကောင်းမွန်ပါတယ်။ 32GB Storage, 3GB RAM , 5.5” Full HD Display ပါပါတယ်။ Android Nougat ကို အဆင့်မြှင့်ပေးမယ်လို့ သိရပါတယ်။

Sony Xperia XA
untitled-4

Sony Xperia XA ဟာ ၅ လက်မ အရွယ် စမတ်ဖုန်း ဖြစ်ပါတယ်။ စရောင်းတဲ့ အချိန်တုန်းက ဒေါ်လာ ၂၈၀ ပါ။ အခုတော့ ၁၉၉ ဒေါ်လာပဲ ပေးရမှာပါ။ လက်ဗွေရာ စနစ် မပါသလို ဒေါ်လာ ၂၀၀ တန် Moto G4 နဲ့ ယှဉ်ရင် မျက်နှာပြင်အပိုင်းမှာ Sony Xperia XA ဟာ အားနည်းပါတယ်။ စွမ်းဆောင်ရည်က သင့်တင့်ပါတယ်။ ဒါပေမယ့် Sony ရဲ့ Android Skin ဟာ စွဲဆောင်မှု မရှိပါဘူး။ Sony ကီးဘုတ်နဲ့ လောင်ချာကို အခြားတစ်ခုနဲ့ အစားထိုးလိုက်မှသာ ကြည့်ကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်မှာပါ။ သူ့ရဲ့ ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းကတော့ စွဲဆောင်မှု ရှိပါတယ်။ အားနည်းချက်က 2300mAh Battery သာ တပ်ဆင်ထားတာပါ။ NFC ပါပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com