12/17/2016

♪ Xiaomi Redmi Note 4 စမတ်ဖုန်းများကို အာမခံ ၁ နှစ်ဖြင့် ဝယ်ယူနိုင်မည် ♫


Redmi Note 4 စမတ်ဖုန်းများကို အာမခံ ၁ နှစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Mi Myanmar မှသိရသည်။ “ကျွန်တော်တို့ အနေနဲ့ Redmi Note 4 ကို Global Lunch မလုပ်ထားသေးဘဲ China version အနေနဲ့သာ ထုတ်လုပ်ဖြန့်ချိပေးထားပါတယ်။

လက်ရှိဈေးကွက်ထဲမှာ Personal Import (PI) အဖြစ် ဝင်ရောက်လာတဲ့ Redmi Note 4 (Ram 3GB / 64GB) ရဲ့ နောက်ကျောဘက် Mi Logo ရဲ့အောက်ခြေနားမှာ China Mobile 4G LTE စာသားပါဝင်တဲ့ အမျိုးအစားတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ အဲဒီအမျိုးအစား စမတ်ဖုန်းတွေကို ကျွန်တော်တို့ Mi Myanmar မှ တရားဝင် တင်သွင်းထားခြင်းမရှိပါဘူး။ အဲဒါကြောင့် အဲဒီဖုန်းအမျိုးအစားကို ဝယ်ယူကိုင်ဆောင်သူတွေအနေနဲ့ 1 Year Official Warranty ကို ခံစားခွင့်ရရှိမှာ မဟုတ်ကြောင်း Customer တွေကို သတိပြုစေချင်ပါတယ်။

ကျွန်တော်တို့ Mi Myanmar ကနေ တင်သွင်းရောင်းချပေးတဲ့ Redmi Note 4 (Ram 3GB / 64GB) ရဲ့ ဘူးခွံပေါ်မှာ 1 Year Official Warranty Sticker ပါဝင်မှာဖြစ်သလို 1 Year Warranty Card လည်း ပေးအပ်သွားမှာဖြစ်တဲ့အတွက် Xiaomi Official Product တွေကို ကျွန်တော်တို့ရဲ့ Mi Home အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်” ဟု Mi Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com