12/18/2016

♪ အားသွင်းအပြီးမှာ ပေါက်ကွဲခဲ့တဲ့ iPhone 6s ♫


စမတ်ဖုန်းတွေရဲ့ ပေါက်ကွဲမှုတွေက Virus လို ကူးစက်တတ်သလားလို့တောင်မေးရတော့မလိုပါပဲ။ Apple ရဲ့ iPhone 6s တစ်လုံးဟာ အားသွင်းရာကနေ ကြိုးဖြုတ်လိုက်ချင်းမှာပဲ မီးခိုးတွေထွက်လာပြီး ပေါက်ကွဲသွား ခဲ့တယ်လို့ Phone Arena website မှာ ဖော်ပြထားပါတယ်။

Phone Arena ရဲ့ ရေးသားချက်အရတော့ မနေ့ညက သူ့တို့ရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက်ဟာ သူတို့ဆီကို ၄င်းရဲ့ iPhone 6s ပေါက်ကွဲသွားကြောင်း ဓာတ်ပုံနဲ့တကွ သတင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စာဖတ်သူရဲ့ ပြောကြားချက်အရ ဖုန်းကို အားသွင်းထားရာကနေ ကြိုးဖြုတ်လိုက်ချင်းမှာပဲ မီးခိုးတွေထွက်လာပြီး မီးထလောင်ခဲ့တဲ့အတွက် ကြမ်းပြင်ပေါ်ကိုပစ်ပေါက်မိခဲ့တယ်လို့ ဖော်ပြ ထားပြီး ပေါက်ကွဲသွားတဲ့ ဖုန်းရဲ့ ဓာတ်ပုံ (၃) ပုံကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

apple-iphone-6s-explodes-and-then-catches-on-fire-1

ပေးပို့လာတဲ့ ဓာတ်ပုံတွေအရတော့ ဖုန်းဟာ အမှတ်တကယ် ပေါက်ကွဲခဲ့ပုံရပြီး ဖုန်းပိုင်ရှင်အနေနဲ့ Apple ကို Complain တက်မယ့် အစီအစဉ် ရှိ၊ မရှိ နဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ရှိ ၊ မရှိ ကိုလည်း ပြောကြားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

apple-iphone-6s-explodes-and-then-catches-on-fire-2



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com