Microsoft ကုမ္ပဏီဟာ ဒီနေ့မှာ Windows 10 စနစ်အသစ်တစ်ခုကို PC နဲ့
မိုဘိုင်းလ်ဖုန်းတွေအတွက် ထပ်မံဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ Microsoft
ဟာ အရင်က ထုတ်လုပ်ကြေငြာခဲ့တဲ့ Windows 10 ရဲ့ နှစ်ပတ်လည်အထိန်းအမှတ်အနေနဲ့
Update June Bug Bash ကိုထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ Microsoft ရဲ့ Windows
and Devices အုပ်စုက ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Dona Sarkar က
ဘလော့ဂ်မှာ ရေးသားထားခဲ့တာပါ။
ဒါကြောင့်ယခုအခါမှာ Microsoft Windows 10 Anniversary Update ဟာ လာမယ့်လကျရင် ထွက်ရှိနိုင်ဖို့အတွက် အားစိုက်လုပ်ဆောင်နေတာပါ။ အသစ်ထွက်ရှိမယ့် Windows မှာ ပြောင်းလဲမှုအသစ်တစ်ရပ်အနေနဲ့ ဆိုရင်တော့ သင့်စက်ထဲမှာ Office Apps တွေကို Install မလုပ်ထားဘူးဆိုရင်တောင် သင့်အနေနဲ့ “Office Online Edge Extension” ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့် သင့်အနေနဲ့ Office နဲ့ သက်ဆိုင်တဲ့ Apps တွေကို Online ကနေ Edit လုပ်တာ၊ File တွေဖန်တီးတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် Cortana နဲ့ စာရွက်စာတန်းတွေကို ရှာဖွေတဲ့အခါမှာလည်း အသစ်ပါလာတဲ့ Menu Option က သင့်ကို File တည်ရှိနေတဲ့ Folder နေရာကို မှန်ကန်စွာပြသပေးနိုင်စေမှာ ဖြစ်ပါတယ်။ Microsoft ဟာ အသစ်ထွက်ရှိတဲ့ Windows 10 Update မှာ ပြုပြင်၊ ပြင်ဆင်မှု အနည်းငယ်လောက်သာ ပြုလုပ်ထားတာဖြစ်ပြီး ကောင်းမွန်နေပြီးသား Windows ဖြစ်တဲ့ အတွက် ပြောစရာတော့ သိပ်မရှိပါဘူး။

www.pyaephyo.com