Xiaomi ရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ Meizu က m3 ကို ထုတ်လုပ်အပြီးမှာ
Meizu m3s ဆိုပြီး နောက်ထပ်မော်ဒယ်တစ်မျိုးနဲ့ ဖုန်းဈေးကွက်ကို
ထိုးကျွေးလိုက်တာကြောင့် Xaiomi ကလည်း Redmi 3 ကို အဆင့်မြှင့်ထားတဲ့ Redmi
3s ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
Redmi 3s ဟာဆိုရင်တော့ 2GB RAM နဲ့ storage 16GB ပါရှိတဲ့ ဗားရှင်းမှာ ၁၀၉ ဒေါ်လာ ( မြန်မာငွေ တစ်သိန်းသုံးသောင်း ) နဲ့ 3GB RAM နဲ့ storage 32GB မှာ ဒေါ်လာ ၁၄၀ (မြန်မာငွေ တစ်သိန်းခြောက်သောင်းကျော်) ကျသင့်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းတစ်လုံးကို ကိုင်နိုင်မယ်လို့ ဆိုရမှာပါ။
Xiaomi Redmi 3s မှာ မျက်နှာပြင်အကျယ်က ငါးလက်မဖြစ်သွားပြီး IPS 720p display ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ 144 g ရှိမှာဖြစ်ပြီး အရင် Redmi 3 မှာ ပါဝင်လာခြင်းမရှိတဲ့ finger print ဆန်ဆာကို ဖုန်းရဲ့ ကျောဘက်မှာ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ အခုလို အပြင်ပိုင်းပြင်ဆင်ရုံတင်မကဘဲ အတွင်းပိုင်းက ပရော်ဆက်ဆာတွေကို Redmi 3s မှာ အဆင့်မြှင့်တင်ထားပါတယ်။
ပရော်ဆက်ဆာကို ကြည့်မယ်ဆိုရင်တော့ Redmi 3s မှာ စွမ်းရည်ကောင်းတဲ့ octa-core Snapdragon 430 SoC ပရော်ဆက်ဆာကို အသုံးပြုထားပြီး Redmi 3 ရဲ့ Snapdragon 616 ထက်စာရင်တော့ ဖုန်းက ပိုမြန်သွားတာကို သတိထားမိမှာဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့လည်း ကျောဘက်ကင်မရာဟာ အပါချာ f/2.0 , 13MP ဆန်ဆာ ၊ LED flash တစ်လုံးနဲ့ auto focus နည်းပညာကို အသုံးပြုထားပြီး ဆယ်လ်ဖီကင်မရာအနေနဲ့တော့ f/2.2 နဲ့ 5MP ရှိတဲ့ ဆန်ဆာကို အသုံးပြုထားတာပါ။ ဘက်ထရီအနေနဲ့တော့ 4100 mAh ပမာဏပါဝင်လာပြီး Redmi 3 နဲ့ ပမာဏအတူတူပဲ ဖြစ်ပါတယ်။ 10W charger ကို သုံးထားတာကြောင့် Redmi 3s က အားသွင်းတာ ပိုမြန်ဆန်မယ်လို့ သိရပါတယ်။ အသင့်အတင့် အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်း နှစ်ရက်လောက်ခံနိုင်တယ်လို့ ပြောပါတယ်။
Connectivity တွေအနေနဲ့တော့ 4G LTE, Wi-Fi 802.11 b/g/n, Bluetooth 4.1 နဲ့ GPS + GLONASS တို့ပါဝင်လာပြီး ငွေရောင် ၊ ရွှေရောင်နဲ့ မီးခိုးရောင်စတဲ့ အရောင်သုံးရောင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Credit to ==> Digital TimesRedmi 3s ဟာဆိုရင်တော့ 2GB RAM နဲ့ storage 16GB ပါရှိတဲ့ ဗားရှင်းမှာ ၁၀၉ ဒေါ်လာ ( မြန်မာငွေ တစ်သိန်းသုံးသောင်း ) နဲ့ 3GB RAM နဲ့ storage 32GB မှာ ဒေါ်လာ ၁၄၀ (မြန်မာငွေ တစ်သိန်းခြောက်သောင်းကျော်) ကျသင့်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းတစ်လုံးကို ကိုင်နိုင်မယ်လို့ ဆိုရမှာပါ။
Xiaomi Redmi 3s မှာ မျက်နှာပြင်အကျယ်က ငါးလက်မဖြစ်သွားပြီး IPS 720p display ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ကတော့ 144 g ရှိမှာဖြစ်ပြီး အရင် Redmi 3 မှာ ပါဝင်လာခြင်းမရှိတဲ့ finger print ဆန်ဆာကို ဖုန်းရဲ့ ကျောဘက်မှာ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ အခုလို အပြင်ပိုင်းပြင်ဆင်ရုံတင်မကဘဲ အတွင်းပိုင်းက ပရော်ဆက်ဆာတွေကို Redmi 3s မှာ အဆင့်မြှင့်တင်ထားပါတယ်။
ပရော်ဆက်ဆာကို ကြည့်မယ်ဆိုရင်တော့ Redmi 3s မှာ စွမ်းရည်ကောင်းတဲ့ octa-core Snapdragon 430 SoC ပရော်ဆက်ဆာကို အသုံးပြုထားပြီး Redmi 3 ရဲ့ Snapdragon 616 ထက်စာရင်တော့ ဖုန်းက ပိုမြန်သွားတာကို သတိထားမိမှာဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့လည်း ကျောဘက်ကင်မရာဟာ အပါချာ f/2.0 , 13MP ဆန်ဆာ ၊ LED flash တစ်လုံးနဲ့ auto focus နည်းပညာကို အသုံးပြုထားပြီး ဆယ်လ်ဖီကင်မရာအနေနဲ့တော့ f/2.2 နဲ့ 5MP ရှိတဲ့ ဆန်ဆာကို အသုံးပြုထားတာပါ။ ဘက်ထရီအနေနဲ့တော့ 4100 mAh ပမာဏပါဝင်လာပြီး Redmi 3 နဲ့ ပမာဏအတူတူပဲ ဖြစ်ပါတယ်။ 10W charger ကို သုံးထားတာကြောင့် Redmi 3s က အားသွင်းတာ ပိုမြန်ဆန်မယ်လို့ သိရပါတယ်။ အသင့်အတင့် အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်း နှစ်ရက်လောက်ခံနိုင်တယ်လို့ ပြောပါတယ်။
Connectivity တွေအနေနဲ့တော့ 4G LTE, Wi-Fi 802.11 b/g/n, Bluetooth 4.1 နဲ့ GPS + GLONASS တို့ပါဝင်လာပြီး ငွေရောင် ၊ ရွှေရောင်နဲ့ မီးခိုးရောင်စတဲ့ အရောင်သုံးရောင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
www.pyaephyo.com