6/07/2016

♪ ဒေတာအစားသက်သာတဲ့ “Use Less Data” လုပ်ဆောင်ချက်ကို Android မှာ Facebook စမ်းသပ် ♫


မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ဟာ သုံးစွဲသူ user တွေရဲ့ အင်တာနက်ဒေတာဖိုးကို ချွေတာပေးမယ့် လုပ်ဆောင်ချက်အသစ်တစ်ခုကို စမ်းသပ်လျက်ရှိတယ်လို့ သိရှိရပါတယ်။

“Use Less Data” ဆိုတဲ့ လုပ်ဆောင်ချက်ဟာ News Feed ပေါ်မှာ တက်လာတဲ့ဓာတ်ပုံတွေရဲ့ ဖိုင်ဆိုက်ကို လျှော့ချပေးမှာဖြစ်ပြီး၊ အဆိုပါပုံကို ပေါ်လာဖို့အတွက် ဒေါင်းလုဒ်ဆွဲရတဲ့ပမာဏ ပိုနည်းသွားမှာ ဖြစ်ပါတယ်။

အဆိုပါ feature ဟာ Facebook Android အက်ပလီကေးရှင်းထဲက မီနူးဘားရဲ့ အပေါ်ဆုံးမှာ ပေါ်နေမှာ ဖြစ်ပြီး၊ အဖွင့်/အပိတ်ကို user စိတ်တိုင်းကျ လုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ feature လောလောဆည်မှာ စမ်းသပ်ဆဲပဲရှိသေးတာကြောင့် တကယ်ထွက်လာတဲ့အခါ ကျရင်တော့ ပေါ်မယ့်နေရာအပြောင်းအလဲရှိနိုင်ပါတယ်။

nexus2cee_Screenshot_20160531-224618-1_thumb

“Use Less Data” ဆိုတဲ့ လုပ်ဆောင်ချက်မှာ ဓာတ်ပုံအရွယ်အစားချုံ့ပေးတာ အပြင်၊ နောက်ထပ် ဒေတာအစားသက်သာတဲ့ feature တွေ အများအပြားပါဝင်လာဖို့ရှိတယ်လို့လည်း သိရပါတယ်။

တစ်နေ့တစ်နေ့ အင်တာနက်ဒေတာဖိုးမှာ အကုန်အများဆုံးက Facebook ဖြစ်တာကြောင့်၊ အခုလို ဒေတာအစားသက်သာတဲ့လုပ်ဆောင်ချက် ထည့်သွင်းပေးမယ်ဆိုရင် သုံးစွဲသူ user တိုင်း ကြိုက်နှစ်သက်မှာ အသေအချာပါပဲ။

ယခု feature တရားဝင်ထွက်လာတဲ့အခါကျရင်လည်း စာဖတ်ပရိတ်သတ်ကို ဦးစွာအသိပေးသွားပါမယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com