6/07/2016

♪ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့လူမှုကွန်ယက်အကောင့်တွေကို IS ဟက်ကာများတိုက်ခိုက် ♫


ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်မီဒီယာကြီးဖြစ်တဲ့ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ Instagram, Twitter, Linkedln နဲ့ Pinterest အကောင့်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အစ္စလမ်မစ်နိုင်ငံတော်အဖွဲ့ IS တွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ခိုက်ခြင်းပြုလုပ်တဲ့အဖွဲ့နာမည်ကတော့ Ourmine လို့သိရပါတယ်။

ဒီအုပ်စုဟာ ယခုပြုလုပ်တဲ့ အကောင့်တိုက်ခိုက်မှုတွေမှာ သူတို့အနေနဲ့ တာဝန်ရှိကြောင်း၊ အကောင့်ရဲ့ Password ဟာ ‘dadada’ ဖြစ်ကြောင်း Mark Zuckerberg ရဲ့ အကောင့်မှာ တင်ထားခဲ့တာပါ။ Zuckerberg ရဲ့ Pinterest အကောင့်မှာလည်း “Hacked by OurMine Team”  ဆိုပြီးရေးသားထားခဲ့ပါတယ်။ အဲ့ဒီအပြင် Zuckerberg ရဲ့ Instagram အကောင့်မှာလည်း “သင့်အကောင့်လုံခြုံရေးကို စစ်ကြည့်ယုံမျှသာဖြစ်တယ်” လို့ရေးသားထားခဲ့ပါတယ်။

mark zuckerberg twitter acc attack3

Zuckerberg ဟာ သူ့ရဲ့ Twitter အကောင့်မှာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းကရင်း အသုံးပြုခြင်းမရှိတော့တာဖြစ်ပါတယ်။ Zuckerberg ရဲ့ Pinterest အကောင့်ကတော့ ပြန်လည်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

mark zuckerberg twitter acc attack1

လူမှုကွန်ယက်မီဒီယာကြီးတစ်ခုဖြစ်တဲ့ LinkedIn ဟာပြီးခဲ့တဲ့ မေလတုန်းက အသုံးပြုသူသန်း ၁၆၀ ကျော်ရဲ့ အချက်အလက်တွေကို အခိုးခံလိုက်ရတဲ့အထဲမှာ Mark Zuckerberg ရဲ့ အကောင့်လည်းပါသွားတာဖြစ်ပြီး ဒီ Password ပေါက်ကြားမှုကြီးဟာ ကမ္ဘာအကြီးမားဆုံး Password ပေါက်ကြားမှုတွေထဲကတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလိုပေါက်ကြားမှုကြောင့် Bill Gate, Katy Perry, Taylor Swift တို့ရဲ့ အကောင့်တွေ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com