Sony က Xperia X Performance ကို ထိုင်ဝမ်မှာ ရောင်းချပေးလိုက်ပါတယ်။
ထိုင်ဝမ်ဟာ Sony ရဲ့ စွမ်းရည်မြင့်ဖုန်းကို ရရှိတဲ့
ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ အဲဒီဖုန်းကို ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Mobile
World Congress မှာ မိတ်ဆက်ခဲ့တာပါ။
ဟောင်ကောင်၊ ထိုင်း တို့လို အာရှိနိုင်ငံများမှာလည်း မကြာမီ ရောင်းချပေးတော့မှာပါ။ ဇူလိုင်လမှာ ဥရောပမှာ ရောင်းချပေးမှာပါ။ အမေရိကန်မှာလည်း ဇူလိုင်လမှာ ၀ယ်ယူနိုင်မှာပါ။ အမေရိကန်မှာ ၆၉၉ ဒေါ်လာသတ်မှတ်ထားပါတယ်။
X Performance မှာ ၅ လက်မ Full HD Display, Qualcomm Snapdragon 820, 3GB RAM , 23MP Rear Camera , 13MP Front Camera , 32GB Storage , 2700mAh Battery , Android 6.0.1 ထည့်သွင်းထားပါတယ်။

www.pyaephyo.com