6/12/2016

♪ " Samsung Galaxy On 7 " ♫


Samsung ရဲ့ Galaxy J series တွေကြောင့် ကုမ္ပဏီဟာ နာမည်ကောင်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ Galaxy J7 ထွက်ရှိပြီး ၆ လအကြာမှာ Samsung က နောက်ထပ်ဖုန်းအသစ်တွေ ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။

Series အသစ်တစ်မျိုးနဲ့ မိတ်ဆက်ပေးခဲ့ပြီး Budget အတွက်ဆိုရင်လည်း Galaxy On လို့ နာမည်ပေးထားပြီး Galaxy On series မှာ On 5 နဲ့ On 7 နှစ်မျိုး ထွက်ရှိခဲ့ပါတယ်။ ဒီဖုန်းနှစ်မျိုးဟာ ပုံစံလည်း သိပ်မကွဲပြားဘဲ ဈေးနှုန်းအရ ကွာခြားချက် အများကြီးမရှိပါဘူး။

Samsung Galaxy On 7 ဟာ တကယ်တမ်းပြောရရင်
J series စမတ်ဖုန်းတွေကို နောက်ထပ်နာမည်အသစ်တစ်မျိုးနဲ့ ထုတ်လုပ်ပေးလိုက်တဲ့ version တစ်မျိုးဖြစ်ပြီး လူငယ်တွေအတွက် အဓိကပစ်မှတ်ထား ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Samsung ဟာ high-end Galaxy Lineup တွေပြီးနောက် Galaxy On 7 Budget ဖုန်းကို အချိန်ယူတီထွင်ခဲ့ပြီး မကြာသေးခင်ကမှ မိတ်ဆက်ပေးလိုက်တာပါ။ Samsung Galaxy On 7 နဲ့အတူ ထွက်ရှိလာခဲ့တဲ့ On 5 တို့ နှစ်မျိုးကို ကြည့်လိုက်ရင် screen အရွယ်အစားမှအပ ရှေ့မျက်နှာပြင်နဲ့ ကျောဘက်ဒီဇိုင်းတို့ဟာ လုံးဝတူညီပြီး ကွာခြားချက် ကြီးကြီးမားမားကို မရှာတွေ့နိုင်ပါဘူး။

Samsung Galaxy On 7 ကို သတ္တုဘေးဘောင်နဲ့ တည်ဆောက်ပေးထားတဲ့အတွက် တောင့်တင်းခိုင်မာတယ်လို့ ခံစားနိုင်မှာဖြစ်ပြီး ဘေးထောင့်တွေ ကွေးထားပါတယ်။ Home ခလုတ် ထည့်သွင်းထားပြီး Back နဲ့ Recent Capacitive ခလုတ်တို့နဲ့အတူ တွေ့မြင်နိုင်ပါတယ်။ Screen ရဲ့အပေါ်မှာ Samsung Logo, ကင်မရာနဲ့ Sensors တို့ ပါရှိပြီး ပါဝါခလုတ်ကို ဖုန်းရဲ့ညာဘက်ခြမ်းနဲ့ ဘယ်ဘက်မှာတော့ Volume ခလုတ်တစ်ခုတည်း တပ်ဆင်ပေးထားပါတယ်။
Samsung Galaxy On 7 ကို အခြား series တွေနဲ့မတူဘဲ ခွဲခြားပြလို့ရတာက On 7 ရဲ့ ကျောဘက်ဒီဇိုင်း ဖွဲ့စည်းထားပုံဖြစ်ပါတယ်။ အခြားဖုန်းတွေထက် ဒီဇိုင်းက ထူးခြားနေပြီး Leather-styled ဒီဇိုင်းကို ကျောဘက်အဖုံးအတွက် ဖန်တီးပေးခဲ့ပါတယ်။ ကျောဘက်ဟာ သာမန်ပလတ်စတစ်ထက်စာရင် သားရေသားနဲ့ တည်ဆောက်ထားတာကြောင့် လက်ထဲမှာ နူးညံ့သိမ်မွေ့တဲ့အထိအတွေ့ကို ပေးစွမ်းနိုင်ပါတယ်။ Galaxy On 7 ကို သတ္တုဘေးဘောင် သားရေအဖုံးတို့နဲ့ ဖွဲ့စည်းထားပေမယ့် သူ့ရဲ့အလေးချိန်ဟာ 172 g သာသာရှိပါတယ်။

အရောင်နှစ်မျိုးရွေးချယ်နိုင်ပြီး အဖြူနဲ့ အနက်ရောင်တို့ ဖြစ်ပါတယ်။ Samsung Galaxy On 7 မှာ Android OS 5.1 (Lollipop) run ထားပြီး Android အပေါ်မှာ ထပ်သုံးထားတှဲ့Samsung ရဲ့ TouchWiz UI ရဲ့ကောင်းမွန်မှုကို လက်တွေ မြင်နိုင်ပါတယ်။ Software ပိုင်းအတွက် Samsung ဟာ On 7 မှာ Ultra Data Saving (UDS) mode ထည့်သွင်းပေးထားပြီး UDS ဟာ အင်တာနက်နဲ့ ဗီဒီယိုကြည့်ခြင်း၊ အွန်လိုင်းဈေးဝယ်ခြင်းနဲ့ Download ပြုလုပ်ခြင်းတို့မှာ သုံးရတဲ့ Data Usage ကို ၄ဝ% အထိ လျှော့ချပေးနိုင်ပါတယ်။

On 5 နဲ့ယှဉ်ရင် လုံးဝပြောင်းလဲသွားတာ On 7 ရဲ့ screen အရွယ်အစားဟာ ၅.၅ လက်မအထိ တိုးလာတာ ဖြစ်ပါတယ်။ AMOLED အစား TFT display ကိုသာ အသုံးပြုခဲ့ပြီး 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးသွားမှာပါ။ Screen ဟာ လုံလောက်တဲ့အလင်းရောင်ကို ပေးစွမ်းနိုင်ပြီး ရုပ်ထွက်သိပ်သည်းဆ 267ppi ပါရှိပါတယ်။ Galaxy On 7 ဟာ Dual- SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး 4G Network ထိ ချိတ်ဆက်နိုင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းကို Quad-core 1.2GHz မြန်နှုန်းရှိ processor က ဆောင်ရွက်ပေးပြီး 1.5GB RAM ကို ထည့်သွင်းထားပါတယ်။ ဂရပ်ဖစ် Adreno 306 ပါဝင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ဖြစ်ပြီး microSD နဲ့ 128GB အထိ မြှင့်တင်နိုင်ပါတယ်။ On 7 ရဲ့ ပင်မကင်မရာဟာ 13MP ဖြစ်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ ပါဝင်ပါတယ်။ Autofocus, LED flash အသုံးပြုနိုင်ပြီး Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

* Battery Life *
J series တွေမှာ တွေ့ရတဲ့ Ultra Data Saving Mode ထည့်သွင်းထားပြီး ဘက်ထရီသက်တမ်း ကြာရှည်ခံနိုင်တဲ့ Li-Ion 3000mAh အမျိုးအစားကို သုံးစွဲနိုင်ပါတယ်။ ဘက်ထရီကို အလွယ်တကူ ဖြုတ်/တပ်နိုင်ပြီး 3G ကွန်ရက်မှာ ၂၁ နာရီကြာ စကားပြောနိုင်ပါတယ်။
* Design *
Galaxy J series တွေရဲ့ ဒီဇိုင်းမျိုးကို On 7 မှာ ပြန်လည်ခံစားနိုင်ပြီး Samsung ရဲ့ လေးထောင့်ပုံသဏ္ဌာန် ပြားချပ်ချပ်ဒီဇိုင်းပုံစံကိုပဲ အသုံးပြုထားပါတယ်။ ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး ကျောဘက်က သားရေအဖုံးကို ဖြုတ်/တပ်လို့ရအောင် ပြင်ဆင်ပေးထားပါတယ်။

* Processor *
Galaxy On 7 ရဲ့ Performance တွေ မြန်ဆန်စေဖို့ 1.3GHz မြန်နှုန်းရှိ
quad-core Exynos 3475 processor က အရည်အသွေးကို အပြည့်ဝဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပြီး RAM ပမာဏ 1.5GB ကိုပါ အသုံးချနိုင်ပါတယ်။
* Display and Camera *
မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိတာမို့ ကြီးမားတဲ့ HD ရုပ်ထွက်အရည်အသွေးကြောင့် သုံးရတာ အဆင်ပြေပါတယ်။ On 7 ရဲ့ ကျောဘက်မှာ 13MP ကင်မရာနဲ့အတူ LED Flash မီး ထည့်သွင်းထားပြီး 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 5MP ဖြစ်ပါတယ်။
* Verdict *
Budget နဲ့ Mid-range ပိုင်းကိုတော့ Samsung Galaxy On 7 က ကြီးစိုးနိုင်ဦးမှာ သေချာပြီး Samsung User တွေအတွက်တော့ ထူးခြားတဲ့စမတ်ဖုန်းအဖြစ် လူတိုင်းနှစ်သက်ကြဦးမှာ ဖြစ်ပါတယ်။ စွမ်းရည်မြင့်မားပြီး သုံးလို့ကောင်းတဲ့ Galaxy On 7 ဟာ ပေးဝယ်ရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ရလဒ်ကို ရရှိနိုင်ပါလိမ့်မယ်။
Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 172 g
» Display : 5.5", TFT capacitive touchscreen
» Dimensions : 5.98 x 3.05 x 0.32 inch
» Memory : 8GB, 1.5GB RAM, microSD, up to 128GB
» Camera : 13 Megapixel, Front : 5 Megapixel f/2.1, autofocus,
LED flash, Geo-tagging, touch focus, face detection
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» CPU : Quad-core 1.2GHz
» OS : Android OS, v5.1 (Lollipop)
» Sensor : Accelerometer, proximity
Price » 225,000 Ks
Contact Phone » 09-73039071 ( Evo Store )
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com