6/12/2016

♪ " ညကြည့်ကင်မရာ ပါဝင်သော ပထမဆုံးဖုန်း Lumigon T3 " ♫


Lumigon သည် ဖုန်းအထူးအဆန်းများ ထုတ်လုပ်လေ့ရှိသော ကုမ္ပဏီငယ်တစ်ခုဖြစ်ကာ ၎င်း၏ဖုန်းအသစ် T3 သည် ညကြည့်
(night vision) ကင်မရာပါဝင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်လာခဲ့သည်။
CAT S60 တွင် ပါဝင်သော အပူလှိုင်းကင်မရာနှင့်မတူဘဲ T3 တွင် 4MP night vision ကင်မရာပါဝင်ကာ IR LED (၂) ခုဖြင့် ထောက်ပံ့ပေးထားသည်။ ဓာတ်ပုံနှင့် ဗီဒီယိုကို လုံးဝမှောင်နေသောနေရာများတွင် ရိုက်ကူးနိုင်ပြီး
IR light မှာ သာမန်မျက်စိဖြင့် မမြင်နိုင်ရာ ဓာတ်ပုံရိုက်မှန်းလည်း မည်သူမှသိမည် မဟုတ်ပေ။
ကင်မရာအား action ခလုတ်ဖြင့် အလွယ်တကူသုံးနိုင်သည်ဟုလည်း သိရသည်။ T32 အား marine-grade 316 စတီးလ်ဖြင့် တည်ဆောက်ထားပြီး ယင်းဖုန်းထက် အနည်းငယ် ပိုကြီးလာသော်လည်း 4.8" 720 p Super AMOLED display ကိုသာ သုံးစွဲထားသည်။
Gorilla Glass 4 နှင့် Fiberglass ဖြင့် ကာကွယ်ပေးထားပြီး ဖုန်းနှင့် ရေဒဏ်ကိုလည်းခံနိုင်ကြောင်း သိရသည်။ Android 6.0 Marshmallow OS အား သုံးထားပြီး octa-core 2.2 GHz processor ဖြစ်ကာ အမျိုးအစားကို ကြေညာခြင်း မရှိပေ။
RAM 3GB ပါဝင်ပြီး storage မှာ 128GB ထိပါဝင်ခဲ့သည်။ Vault app ဖြင့် လုံခြုံရေးကို မြှင့်တင်ပေးထားပြီး Fingerprint reader လည်း ပါဝင်သည်။ 13MP ကင်မရာပါဝင်ကာ 4K ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။
စတီရိယို စပီကာပါဝင်သလို ရီမုဒ်အဖြစ် သုံးနိုင်ရန် IR blaster လည်း ပါဝင်သည်။ Lumigon T3 အနက်ရောင်အား ၉၂၅ ဒေါ်လာဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ ၂၄ ကာရက်ရွှေဖြင့်လည်း ထုတ်လုပ်သွားမည်ဟု သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com