6/02/2016

♪ Samsung က အရွယ်အစားသေးငယ်လွန်းတဲ့ 512GB ဆန့် SSD ကတ် ကို မိတ်ဆက် ♫


Samsung ကတော့ သူတို့ရဲ့ နောက်ဆုံးထွက် SSD ကတ်ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပြီး သူတို့ရဲ့ drive ဟာ US postage ကနေ ထုတ်လုပ်တဲ့ drive ထက် ပိုမိုပြီး အရွယ်အစားသေးငယ်တယ်လို့ ဆိုပါတယ်။ ဒီလို SSD ကတ်တွေကိုတော့ နောက်ပိုင်းမှာ အရမ်းကို ပါးလွှာလာမယ့် လက်ပ်တော့တွေအတွက် ရှေ့ပြေးထုတ်လုပ်လိုက်တယ်လို့လည်း သတင်းတွေက ရေးသားနေကြပါတယ်။

PM971-NVMe SSD ကတ်ဟာ 20mm×16mm×1.5mm အရွယ်အစားသာရှိပြီး အလေးချိန်ကလည်း တစ်ဂရမ်တောင်မပြည့်ပါဘူး။ မူလ SATA SSD တွေထက်လည်း ဒီရဲ့ PM971-NVMe SSD ကတ်က သုံးဆလောက်အထိ စွမ်းဆောင်ရည်ပိုမြန်မယ်လို့ Samsung ရဲ့ ဒုဥက္ကဋ္ဌ Jung-bae Lee က ပြောကြားခဲ့ပါတယ်။

PM971-NVMe SSD ကတ်ရဲ့ read/write အမြန်နှုန်းကလည်း 1500MB/s နဲ့ 900MB/s အထိ တိုးမြှင့်လာမယ်လို့ သိရပြီး 5GB အရွယ်အစားရှိတဲ့ ဗီဒီယိုကိုတောင် သုံးစက္ကန့်အတွင်း ပြောင်းရွှေ့နိုင်တယ်လို့ ဆိုပါတယ်။ ဒီရဲ့ နောက်ဆုံးထွက် SSD ကတ်ကတော့ 128GB , 256GB နဲ့ 512GB ဆိုပြီး အရွယ်အစား အသီးသီးနဲ့ ဈေးကွက်ထဲကို နောက်လအတွင်းမှာ တင်ပို့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com