OPPO Myanmar အနေဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် အရည်အသွေးမြင့်ပြီးလှပသည့် အသွင်ဒီဇိုင်းမျိုးရှိသော စမတ်ဖုန်းထုတ်ကုန်များကို မိတ်ဆက်ရောင်းချပေးလျက်ရှိရာ လက်ရှိမိုဘိုင်းဖုန်း သုံးစွဲမှုလမ်းကြောင်းနှင့် အထူးကိုက်ညီမှုရှိစေမည့် စမတ်ဖုန်းသစ်တစ်လုံးကို သိပ်မကြာသည့် အနာဂတ်တွင်မိတ်ဆက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် ထုတ်ကုန်အမည်ကို အတိအကျသိရှိရခြင်းမရှိသေးသော်လည်း မြန်မာပြည်ရှိ မိုဘိုင်းသုံးစွဲသူများအနေဖြင့် SIM ကဒ်တစ်ခုထက်ပိုမိုသုံးစွဲနေသည့်အချက်ကို အဓိကအားဖြည့်ပေးထားပြီး 4G ကွန်ရက်တွင်ပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။ OPPO Myanmar ၏ပြောဆိုချက်အရ အသစ်တင်သွင်းလာမည့် စမတ်ဖုန်းသစ်မှာ Dual SIM အဖြစ် ကဒ်၂ကဒ်တစ်ပြိုင်တည်းသုံးနိုင်မည်ဖြစ်ပြီး သီးသန့် SD ကဒ်စိုက်သုံးနိုင်စေရန်အတွက် တတိယမြောက် slot ပေါက်ကိုပါထောက်ပံ့ပေးထားကြောင်း သိရှိရသည်။

ထို့အပြင် စမတ်ဖုန်းအသုံးပြုသူတိုင်းမဖြစ်မနေအသုံးပြုနေကြသည့် ကင်မရာပိုင်းအတွက်လည်း အလင်းဝင်မှုအားကောင်းပြီး pixel အရွယ်အစားပိုမိုကြီးမားသည့် sensor အမျိုးအစားကိုအသုံးပြုပေးထားမည်ဖြစ်ခြင်းကြောင့် ပိုမိုကြည်လင်ပြတ်သားသောပုံရိပ်များကိုပါ ရိုက်ယူနိုင်စေမည်ဟုလည်း OPPO Myanmar ကဆက်လက်ပြောဆိုထားသည်။

ယခုဖုန်းတွင် ColorOS 3.0 စနစ်ကို တစ်ပါတည်းထည့်သွင်းပေးထားမည်ဖြစ်ပြီး ယနေ့ခေတ်တွင် စမတ်ဖုန်းတစ်လုံးကို fashion gadget အဖြစ်သုံးစွဲနေကြသည့် mobile user များအနေဖြင့်လည်း အကြိုက်တွေ့စေမည့် သတ္ထုပြည့်ကိုယ်ထည်မျိုးကိုပါ သုံးစွဲပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။