6/05/2016

♪ " One Plus 3 နှင့်အတူ Loop VR headset ကို ရရှိနိုင်မည် " ♫


ယမန်နှစ်က OnePlus 2 စမတ်ဖုန်းနှင့်အတူ cardboard VR headset များကိုပေးခဲ့ပြီး One Plus 3 အတွက်မူ Loop VR headset 30,000 ကို ပေးသွားရန်ရှိကြောင်း သိရသည်။ Loop VR headset သည် Ant VR နှင့် ပူးပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သက်သောင့်သက်သာရှိကာ ပိုမိုကောင်းမွန်သည့် VR အတွေ့အကြုံ ကို ပေးနိုင်မည်ဟုဆိုသည်။

Headset သည် OnePlus space station 'The Loop' ထံ ပို့ပေးမည်ဖြစ်ပြီး ပွဲကြေညာပုံကို ကြည့်ရှုနိုင်ရုံသာမက OnePlus 3 ကိုလည်း တစ်ခါတည်း မှာယူနိုင်မည်ဟုဆိုသည်။ 

Loop VR headset အား ယခုပင်ရယူနိုင်ပြီဖြစ်ပြီး OnePlus online store သို့ သွားရောက်ကြည့်ရှုရမည် ဖြစ်သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ One Plus 3 သည် ဇွန် ၁၄ ရက်တွင် ထွက်ရှိလာနိုင် သည်ဟုသိရပြီး TENAA မှလည်း ခွင့်ပြုပေးခဲ့ပြီဟုသိရသည်။ 


TENAA ၏ စာရင်းများအရ One Plus 3 သည် quad-core 2.15GHz processor သုံးထားကြောင်းတွေ့ရပြီး Snapdragon 820 SoC ဖြစ်နိုင်ကြောင်း ယူဆကြသည်။ ၅.၅ လက်မ Full HD display နှင့် RAM 4GB ပါဝင်ပြီး storage မှာ 64GB ဖြစ်ကြောင်း တွေ့ရသည်။ 


ဘက်ထရီမှာ 3000mAh ဖြစ်သည်။ အဓိကကင်မရာမှာ 16MP ဖြစ်ပြီး ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်သည်။ 152.6 x 74.6 x 7.3 mm အရွယ်အစားရှိကာ 160g လေးသည်။ သတ္တုဖြင့်တည်ဆောက်ထားပြီး Android 6.0.1 Marshmallow ကို သုံးထားသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com