6/05/2016

♪ " Vivo V3 Max " ♫



Vivo V3 Max မှာ အားလုံးမျှော်လင့်နေကြတဲ့အတိုင်း Vivo စမတ်ဖုန်းတွေရဲ့ဒီဇိုင်းပုံစံကိုပဲ V3 Max အတွက် ဆက်လက်အသုံးပြုခဲ့ပြီး ပိုမိုကောင်းမွန်လာအောင် feature အသစ်တွေ ထည့်သွင်းကာပြန်လည်ပြင်ဆင်ပေးထားရုံ ဖြစ်ပါတယ်။ V series တွေဟာ Vivo ရဲ့ အရောင်းရဆုံး lineup တွေဖြစ်ပြီး အဆင့်မြင့်မြင့်စမတ်ဖုန်းကိုမှ စိတ်ကြိုက်သုံးစွဲချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်တဲ့ Vivo ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး ၂ဝ၁၃ တုန်းက အပါးလွှာဆုံးစမတ်ဖုန်းဖြစ်တဲ့ X1 ကို ထုတ်လုပ်ခဲ့ပါတယ်။

X1 ပြီးတော့ ၂ဝ၁၃ မှာ 2K ရုပ်ထွက်အရည်အသွေးရရှိနိုင်တဲ့ ပထမဆုံးဖုန်းအဖြစ် Xplay 3s ထွက်ရှိခဲ့ပြီး X5 Pro, X5 Max, X Shot စတဲ့ နာမည်ကြီး Vivo စမတ်ဖုန်းတွေ အများကြီး ရှိပါသေးတယ်။ Vivo ရဲ့ ထုတ်ကုန်တွေကို series အလိုက် သုံးမျိုးခွဲခြားထားပြီး အားလုံးကတော့ လူတန်းစားမရွေးနဲ့ ကျောင်းသူ၊ ကျောင်းသားလူငယ်တွေအတွက် အဓိကထား ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Vivo ရဲ့ X series တွေက စမတ်ဖုန်းတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်ပြီး Y series တွေဟာ တန်ဖိုးအတော့်ကို သက်သက်သာသာ လိုချင်တဲ့ သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။

အခုတစ်ခါ ထုတ်လုပ်ပေးလိုက်တဲ့ V3 Max လိုမျိုး V series စမတ်ဖုန်းတွေကတော့ ဈေးနှုန်းအရလည်း ဝယ်ယူသူကို ဆွဲဆောင်နိုင်ပြီး ကောင်းမွန်တဲ့အချက်တွေ ထည့်သွင်းပေးထားတဲ့ အလယ်အလတ် စမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် Vivo V3 Max ဟာ Dual-SIM ဖြစ်ပြီး 2G, 3G, 4G Network တွေမှာ ဆက်လက်အသုံးပြုနိုင်ပါတယ်။ V3 Max ရဲ့ဒီဇိုင်းကို လက်ရာပြောင်မြောက်အောင် ဖန်တီးထားတာတွေ့ရပြီး ရှေ့မျက်နှာပြင်ကို ဖုံးအုပ်ပေးထားတဲ့ 2.5D curved glass နဲ့အတူ တစ်သားတည်းကျအောင် ဘေးဘောင်တစ်လျှောက် အသာအယာလေး ကွေးပေးထားပါတယ်။

အလူမီနီယမ်သတ္တုစပ်ကို ကျောဘက်အဖုံးအတွက် အသုံးပြုတည်ဆောက်ထားပြီး Zircon sand coating သုံးထားပါတယ်။ ပြောင်လက်ချောမွေ့ပြီး ခံ့ညားမှုရှိအောင် ဖန်တီးတည်ဆောက်ထားတာ တွေ့ရပြီး Vivo V3 Max ရဲ့ ကျောဘက်ကို ရွှေရောင်နဲ့ ဖုံးအုပ်ပေးထားပေမယ့် ရှေ့မျက်နှာပြင်ကို အဖြူရောင်တစ်မျိုးကိုသာ သုံးထားတဲ့အတွက်ကြောင့် အရှေ့ကကြည့်ရင်တော့ သိပ်ဆွဲဆောင်မှုမရှိပါဘူး။ သတ္တုစမတ်ဖုန်းတွေဆိုရင် ဖုန်းသုံးစွဲသူတွေက ပိုမိုနှစ်သက်ကြတာမို့ V3 Max ကိုလည်း အများသဘောကျ သတ္တု Unibody ဒီဇိုင်းမျိုးပဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

လက်ထဲကိုင်သုံးတဲ့အခါ တည်ဆောက်ထားမှု အရည်အသွေးက သိသာပြီး V3 Max ကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ လေးထောင့်မကျတကျ အနည်းငယ်ကွေးထားတဲ့ ဘေးထောင့်တွေကြောင့် လှပနေပါတယ်။ V3 Max ရဲ့ ကျောဘက်မှာ ပြောင်းလဲတာတာက fingerprint scanner ထည့်သွင်းပေးထားတာဖြစ်ပြီး ဝ.၅ စက္ကန့်အတွင်း ဖုန်းကို unlock ပြုလုပ်ပေးနိုင်ပါတယ်။ Android OS 5.1 (Lollipop) အပေါ်မှာ ထပ်သုံးထားတဲ့ Funtouch OS 2.5 ရဲ့ ကောင်းမွန်မှုကို မြင်တွေ့နိုင်ပါတယ်။ ၅.၅ လက်မအရွယ် dispaly ပါဝင်ပြီး full HD ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်ပါတယ်။

ကင်မရာလုပ်ဆောင်ချက်တွေဟာ ဝ.၇ စက္ကန့်အတွင်း အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်ပြီး ပါဝင်တဲ့ PDAF နည်းပညာကြောင့် အရာဝတ္ထုတွေကို ဝ.၂ စက္ကန့်အတွင်း focus ပြတ်အောင် လုပ်ပေးနိုင်တဲ့အစွမ်းတွေ ရှိပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး LED flash ပါဝင်ပါတယ်။ 8MP ကင်မရာကို Selfie အတွက် သုံးနိုင်ပါတယ်။ Vivo ရဲ့ Smart Split နည်းပညာပါဝင်တာကြောင့် function icon ကို တစ်ချက်နှိပ်ရုံနဲ့ screen ကို နှစ်ခုခွဲပေးနိုင်ပြီး multitasking တွေအတွက် အဆင်ပြေပါတယ်။

သီချင်းတွေကောင်းမွန်စွာ နားဆင်ဖို့ Hi-Fi chip ကို အသုံးပြုထားပါတယ်။ Smart Wake function ကနေ App တွေ အလွယ်တကူဖွင့်နိုင်ပြီး lock screen အတွက် စိတ်ကြိုက် pattern တွေနဲ့ slide လုပ်နိုင်ပါတယ်။ Vivo V3 Max မှာ ရှေ့ဘက် 8MP ကင်မရာအတွက် Voice Control, Palm Capture နဲ့ Fingerprint စတဲ့ features တွေနဲ့ ဆောင်ရွက်နိုင်ပြီး ရုပ်ထွက်ကောင်းအောင် ဖန်တီးပေးနိုင်ပါတယ်။

" Design "
Vivo စမတ်ဖုန်းတွေအတိုင်း ဒီဇိုင်းက ခပ်ဆင်ဆင် တူညီနေအောင်ပဲ
ပြင်ဆင်ပေးခဲ့ပြီး V3 Max ရဲ့ ကိုယ်ထည်ကို ခံ့ခံ့ညားညားဖြစ်အောင်
သတ္တုနဲ့ တည်ဆောက်ပေးထားပါတယ်။ ဘေးထောင့်တွေကို မဆိုသလောက်လေး ကွေးပေးထားပြီး 7.6mm အထူနဲ့ ပါးလွှာပါတယ်။

" Processor "
Qualcomm Snapdragon 652 chip ကို Vivo V3 Max မှာ အသုံးပြုထားပြီး စွမ်းဆောင်ရည်မြင့်မားအောင် Octa-core processor နဲ့ အကောင်းဆုံး အလုပ်လုပ်ပေးထားပါတယ်။ RAM ဟာ လုံလောက်တဲ့ပမာဏ 4GB ကို ထည့်သွင်းပေးထားပြီး Adreno 510 ဂရပ်ဖစ်ကို သုံးပေးထားပါတယ်။

" Display and Camera "
၅.၅ လက်မအရွယ်ရှိပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်ပါတယ်။ ပင်မကင်မရာဟာ 13MP ဖြစ်ပြီး LED flash ပါဝင်ပါတယ်။ Panorama, HDR feature တွေ ရိုက်နိုင်ပြီး 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
ရှေ့ဘက်ကင်မရာဟာ 8MP အရည်အသွေး ရှိပါတယ်။

" Verdict "
အဆင့်မြင့်စမတ်ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့အရည်အချင်းတွေနဲ့
ပြည်စုံနေပြီး Vivo V3 Max ဟာ ကြည့်ကောင်းတဲ့အပြင်အဆင်၊ သီချင်းသံစဉ် အမိုက်စားတွေ နားထောင်နိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Vivo ရဲ့ V series တွေ အများကြီးမှာ နောက်ဆုံးပေါ်ဖုန်းဖြစ်တာမို့ အခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။

" Battery Life "
Qualcomm ရဲ့ Quick Charge 3.0 နည်းပညာနဲ့ support လုပ်ထားတာကြောင့် အားသွင်းချိန် အလွန်မြန်ဆန်ပါတယ်။ မိနစ် ၃ဝ အားသွင်းလိုက်ရုံနဲ့ ၅ဝ% အားပြန်ပြည့်လာမှာပါ။ ဖြုတ်/တပ်လို့မရတဲ့ Li-Ion 3000mAh ဘက်ထရီအမျိုးအစား ထည့်သွင်းထုတ်ပိုးထားပါတယ်။

Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 168 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 6.06 x 3.04 x 0.30 inch
» Memory : 32GB, 4GB RAM, microSD, up to 128GB
» Camera : 13 Megapixel,
Front : 8 Megapixel
phase detection autofocus, LED flash,
Geo-tagging, face detection, panorama, HDR » Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8976
Snapdragon 652
» GPU : Adreno 510
» OS : Android OS, v5.1 (Lollipop)
» Features : Fingerprint, accelerometer, gyro, proximity
Price » 418,000 Ks
Contact Phone » 02-72588 ( Vivo Mobile )
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com