6/15/2016

♪ Mac OS ကွန်ပြူတာတွေမှာပါ Siri အသုံးပြုနိုင်ပြီဖြစ်ကြောင်း Apple ကြေငြာ ♫


Apple ဟာ မနေ့ကကျင်းပသွားခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ developer ညီလာခံ (WWDC) မှာ iOS 10 အသစ်နဲ့အတူ၊ Mac OS အသစ်ဖြစ်တဲ့ macOS Sierra ကို ကြေငြာသွားခဲ့ပါတယ်။ OSX နာမည်ကနေ macOS လို့ နာမည်ပြောင်းလိုက်လာတာလည်း ဖြစ်ပါတယ်။

ဒီထက် စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းကတော့ အသစ်ထွက်ရှိလာမယ့် Mac OS Sierra မှာ Apple ရဲ့ နာမည်ကျော် Siri ကိုပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Siri icon လေးကို Mac OS Sierra ရဲ့ အပေါ်ဘက် မီနူးဘားမှာတွေ့ရှိရမှာဖြစ်ပြီး၊ ကွန်ပြူတာကနေ ကိုယ်ခိုင်းချင်တာမှန်သမျှကို အသံနဲ့တင် စေခိုင်းနိုင်မှာဖြစ်ပါတယ်။


Mac OS မှာပါဝင်တဲ့ Siri ကို ကွန်ပြူုတာထဲက ဖိုင်တွေကိုရှာခိုင်းတာမျိုး လုပ်နိုင်ပြီး၊ ဖိုင်ရှာရမှာ ကိုယ်ဒီတစ်ပတ်အတွင်း လုပ်ထားတဲ့ဖိုင်တွေ (သို့) လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးက ပို့ထားတဲ့ဖိုင်တွေကိုပဲ ရွေးရှာခိုင်းတာမျိုးတွေ လုပ်နိုင်ပါတယ်။ Siri ကို အင်တာနက်ပေါ်ကအကြောင်းအရာတွေကိုလည်း ရှာခိုင်းနိုင်ပြီး၊ စခရင်အပြည့် app တွေထဲဝင်ထားတဲ့အချိန်မှာတောင် Siri ကို လှမ်းခေါ်သုံးနိုင်ပါတယ်။ Microsoft ရဲ့ Windows 10 စနစ်မှာပါတဲ့ Cortana လိုမျိုးပါပဲ။



iOS မှာပါဝင်တဲ့ Siri လိုပဲ၊ ကွန်ပြူတာထဲက သီချင်းဖွင့်ခိုင်းတာ၊ စာပို့ခိုင်းတာ၊ App ဖွင့်ခိုင်းတာ စသဖြင့် အမျိုးမျိုးခိုင်းနိုင်ပြီး၊ macOS အသစ် Sierra မှာ အသစ်ပါဝင်လာမယ့် feature တွေဖြစ်တဲ့ Continuity တို့ Apple Pay တို့နဲ့လည်း တွဲသုံးနိုင်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com