6/15/2016

♪ မြန်မာငွေတစ်သိန်းနှစ်သောင်းခန့်နဲ့ ထွက်ရှိလာတဲ့ ရှေ့ကင်မရာ 8-megapixel ပါ Huawei Honor 5A ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ နောက်ဆုံးပေါ်တန်ဖိုးနည်းစမတ်ဖုန်း Honor 5A ထွက်ရှိလာပါပြီ။

မနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ Honor 4A ထွက်ရှိပြီးနောက် တစ်နှစ်အကြာမှာ ထွက်ရှိလာတာဖြစ်ပါတယ်။ Honor 5A ဖုန်းကို တန်ဖိုး ၁၀၆ ဒေါ်လာသတ်မှတ်ထားပြီး၊ အနက်ရောင်၊ အဖြူရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး ကာလာစုံရရှိနိုင်မှာပါ။

Huawei Honor 5A ဖုန်းမှာ ၅.၅ လက်မအရွယ် HD မျက်နှာပြင်ပါရှိပြီး၊ 720×1280 pixel resolution ရှိတာကြောင့် ရုပ်ထွက်ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ပရိုဆက်ဆာမှာ Huawei ကိုယ်တိုင်ထုတ်လုပ် ထားတဲ့ 1.2 GHz octa-core Kirin 620 ပရိုဆက်ဆာကိုပဲ အသုံးပြုထားပြီး၊ RAM 2GB ပါရှိပါတယ်။ တန်ဖိုးနည်းဖုန်းတစ်လုံးအနေနဲ့ စွမ်းဆောင်ရည်မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဖုန်း storage အနေနဲ့ 16GB ပါရှိပြီး၊ microSD ကတ် 128GB အထိ ထပ်စိုက်နိုင်ပါတယ်။

4G ကွန်ရက်မိကာ SIM နှစ်ကတ်ထိုးသုံးနိုင်ပြီး၊ Android Marshmallow 6.0 OS နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိုဝင်ရင်တော့ Lollipop လောက်နဲ့ပဲ လာဖွယ်ရှိပါတယ်။

ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ တန်ဖိုးနည်းဖုန်းဆိုပေမယ့် ကင်မရာအရည်အသွေးကောင်းပြီး၊ ကျောကင်မရာ 13MP နဲ့ ရှေ့ကင်မရာ 8MP ပါရှိပါတယ်။ Selfie ပုံတွေ ကောင်းကောင်းရိုက်နိုင်မှာပါ။ ဘက်ထရီအနေနဲ့လည်း 3100mAh ပါဝင်ပါတယ်။ တရုတ်နိုင်ငံမှာ ဂျွန်လ ၁၇ ရက်နေ့ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
Honor-5A-2

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com