6/15/2016

♪ Google ရဲ့ Project Tango နည်းပညာအသုံးပြုထားတဲ့ ကင်မရာလေးလုံးပါ Lenovo Phab2 Pro ♫


Lenovo ဟာ မကြာခင်က ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်သွားတဲ့ Tech World ပွဲမှာ Google ရဲ့ Project Tango နည်းပညာအသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်း Lenovo Phab 2 Pro ကို မိတ်ဆက်သွားခဲ့ပါတယ်။

ဒီဖုန်းဟာ Google နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့စမတ်ဖုန်းဖြစ်ပြီး၊  ဖုန်းတိုင်းမှာပါတဲ့ GPS စနစ်လိုမျိုး AR နဲ့ VR နည်းပညာတွေကို ပိုမိုအသုံးတွင်ကျယ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒီစမတ်ဖုန်းမှာ 16MP  ကျောကင်မရာနဲ့ 8MP ရှေ့ကင်မရာနဲ့ Tango အတွက် သီးသန့်တပ်ဆင်ထားတဲ့ ကင်မရာနှစ်လုံးအပါအ၀င် စုစုပေါင်းကင်မရာလေးလုံးပါရှိပါတယ်။

phab2-pro-1
Google Project Tango ( ယခုအခါ Tango လို့ နာမည်ပြောင်းခေါ်) ဆိုတာ စက်ပိုင်းဆိုင်ရာအမြင်အာရုံ (machine vision) ကို အခြေခံတည်ဆောက်ထားတဲ့နည်းပညာတစ်ခုဖြစ်ပြီး၊ GPS ကို အသုံးပြုခြင်းလုံးဝမရှိဘဲ ကင်မရာနဲ့ ဆန်ဆာတွေကနေ ဖုန်းကိုင်သူရဲ့ လှုပ်ရှားမှုတိုင်းကို track လုပ်ကာ၊ အိမ်တွင်းဧရိယာတွေကို ဒီဂျစ်တယ်မြေပုံဖော်ပေးတာ ဖြစ်ပါတယ်။ ဤနည်းအားဖြင့် Augmented Reality အက်ပလီကေးရှင်းတွေ ဖြစ်တဲ့ အဆောက်အဦးတွင်းလမ်းညွှန်စနစ်တွေ၊ AR ဂိမ်းတွေကို အသုံးပြု၊ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အိမ်မှာ ပရိဘောဂပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်လည်း မ၀ယ်ခင် မိမိအိမ်တွင်းမှာ ဒီဂျစ်တယ်ပရိဘောဂ ပစ္စည်းပုံရိပ်ကို အစမ်းချပြီး၊ ဘယ်နေရာမှာသင့်တော်မလဲစသဖြင့် ထွင်နိုင်ရင် ထွင်နိုင်သလောက် အသုံးပြုနိုင်မယ့် နည်းပညာဖြစ်ပါတယ်။





Tango နည်းပညာသုံး Lenovo Phab 2 Pro ဖုန်းမှာ ၆.၄ လက်မအရွယ် QHD IPS မျက်နှာပြင်နဲ့ ကင်မရာ လေးလုံးပါရှိပါတယ်။ octa-core Qualcomm Snapdragon 652 SoC ကို အသုံးပြုထားပြီး၊ Tango စနစ် ကောင်းကောင်းမွန်မွန်သုံးနိုင်ဖို့အတွက် RAM 4GB အထိ ပါရှိပါတယ်။ ဘက်ထရီအနေနဲ့လည်း 4050mAh ဘက်ထရီပါရှိပြီး၊ ဘက်ထရီသက်တမ်း ၁၅ နာရီထိ အသုံးခံတယ်လို့ ဆိုပါတယ်။ စပီကာတွေအတွက် Dolby Atomos အသံစနစ်အပြင်၊ 3D အသံစနစ်သွင်းနိုင်တဲ့ Dolby Audio 5.1 Caputure နည်းပညာလည်း ပါရှိတယ်လို့ သိရပါတယ်။

Lenvo Phab 2 Pro ဖုန်းကို ၄၉၉ ဒေါ်လာနဲ့ လာမယ့်စက်တင်ဘာလလောက်မှာ စတင်ရောင်းချသွားဖို့ ရည်မှန်းထားပြီး၊ Tango app အတွက် app စတိုးသက်သက်တစ်ခုလည်း လွှင့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Tango သုံး Phab 2 Pro ဖုန်းအပြင်၊ ဒေါ်လာ ၁၉၉ ဈေးနှုန်းရှိတဲ့ သာမန် Phab 2 ဖက်ဘလက်နဲ့၊ 299 ဒေါ်လာ ရှိတဲ့ Phab 2 Plus ဖက်ဘလက်နှစ်မျိုးကိုလည်း Lenovo က တပါတည်းမိတ်ဆက်သွားခဲ့ပါတယ်။ ဒီစမတ်ဖုန်းနှစ်မျိုးလုံးဟာလည်း ၆.၄ လက်မအရွယ် အကြီးစားမျက်နှာပြင်နဲ့ဖြစ်ပြီး၊ ရိုးရိုး Phab 2 က HD display ဖြစ်ကာ၊ Phab 2 Plus ကတော့ full-HD display နဲ့ ဖြစ်ပါတယ်။.

Phab 2 မှာ 13-megapixel ကျောကင်မရာ၊ 5-megapixel ရှေ့ကင်မရာတို့ပါရှိပြီး၊ Phab 2 Plus မှာတော့ 13-megapixel နဲ့ 8-megapixel ရှေ့ကင်မရာပါဝင်ပါတယ်။ Phab 2 က MediaTek MT8735 ပရိုဆက်ဆာဖြစ်ကာ၊ Phab 2 Plus ကတော့ MT8783 ပရိုဆက်ဆာနဲ့ ဖြစ်ပါတယ်။ RAM အနေနဲ့လည်း Phab 2 က 2GB ပါရှိပြီး၊ Plus ကတော့ 3GB ပါရှိပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com