6/15/2016

♪ မြင်မြင်ချင်း ချစ်မိလားဆိုတာ ပြောပြမယ့် စက် ♫

1

သင့် ချစ်သူဟာ မြင်မြင်ချင်း သင့်ကို ချစ်မိသွားတာလားဆိုတာကို စစ်ဆေးပေးမယ့် စက်တော့ ပေါ်လာပါပြီ။ အင်္ဂလန်နိုင်ငံ Lancaster တက္ကသိုလ်မှ သိပ္ပံပညာရှင်များက စိတ်ခံစားမှုကို သိနိုင်တဲ့ စက်ကို တီထွင်လိုက်ပါတယ်။

စက်ကလေးဟာ အရွယ်သေးငယ်ပြီး နားကြပ် အရွယ်သာ ရှိပါတယ်။ ပုံသဏ္ဍာန်ကလည်း နားကြပ်လိုပါပဲ။ သင့်ချစ်သူက စက်ကလေးကိုတောင် သတိထားမိမှာ မဟုတ်ပါဘူး။ စက်ကို စမတ်ဖုန်း၊ တက်ဘလက်များမှာ နားကြပ်လို တပ်ဆင်ထားနိုင်ပါသေးတယ်။ စက်က နှလုံးခုန်နှုန်း၊ ရှက်ခြင်း အပါအ၀င် စိတ်ခံစားမှုများကို စစ်ဆေးပေးနိုင်ပါတယ်။

တီထွင်သူတွေက “ Blade Runner” ရုပ်ရှင်ကားထဲမှ Voight-Kampff စက်ကနေ ဒီကိရိယာကို တီထွင်ဖို့ စိတ်ကူးရသွားတာလို့ ပြောပါတယ်။ ရုပ်ရှင်ထဲက Voight-Kampff စက်ကတော့ မုသားဖော်တဲ့ စက်ဖြစ်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com