6/08/2016

♪ သတ္တုကိုယ်ထည်အသုံးပြုထားတဲ့ Galaxy J3 Pro တန်ဖိုးနည်းစမတ်ဖုန်း ထွက်ရှိ ♫


Samsung ရဲ့ လူကြိုက်များတဲ့ Galaxy J စီးရီးဖုန်းအသစ် ထွက်ရှိလာပါပြီ။ Galaxy J3 Pro လို့ အမည်ပေးထားတဲ့ တန်ဖိုးနည်းစမတ်ဖုန်းအသစ်ကို တန်ဖိုး ဒေါ်လာ ၁၅၀ နဲ့ တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

မကြာမီကထွက်ရှိထားတဲ့ Galaxy J3 (2016) မော်ဒယ်ကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး၊ တန်ဖိုးနည်းစမတ်ဖုန်းတွေ ကြီးစိုးနေတဲ့ တရုတ်စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်မယ့် Samsung ရဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။
Galaxy J3 Pro စမတ်ဖုန်းမှာ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး၊ ကိုင်ဆောင်ရတဲ့ ခံစားမှုကတော့ တကယ့်ကို တန်ဖိုးကြီးစမတ်ဖုန်းတစ်လုံး ကိုင်ထားရသလို ခံစားမှုမျိုး ပေးစွမ်းမှာဖြစ်ပါတယ်။

၅ လက်မအရွယ် HD Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ဒေါ်လာ ၁၅၀ ဈေးနဲ့ ရုပ်ထွက်ကောင်းကောင်း ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပရိုဆက်ဆာအနေနဲ့ 1.2 GHz Qualcomm Snapdragon 410 quad-core စစ်စတမ်ချစ်ပ်ကို အသုံးပြုထားပြီး၊ RAM က 2GB နဲ့ ဖုန်းတွင်း storage 16GB တပါတည်း ပါရှိပါတယ်။

Galaxy J3 Pro ရဲ့ ကျောကင်မရာက 8-megapixel ကင်မရာဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ တန်ဖိုးနည်းဖုန်းတွေ ထုံးစံအတိုင်း 5-megapixel ပဲဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့လည်း 2650mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ဘက်ထရီသက်တမ်းကောင်းမွန်မှုရှိတယ်လို့ ဆိုပါတယ်။

SIM နှစ်ကတ်ထိုးသုံးစွဲနိုင်ကာ၊ 4G LTE ကွန်ရက်လည်း အသုံးပြုနိုင်ပြီး၊ Android ဗားရှင်းအနေနဲ့ Android Lollipop 5.1.1 ဖြစ်ပါတယ်။ ယခုဖုန်းကို ရွှေရောင်နဲ့ ခဲရောင်ဆိုပြီး ကာလာနှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ လက်လီဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀ ၀န်းကျင်သတ်မှတ်ထားပါတယ်။ ယခုလနှောင်းပိုင်းမှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပဈေးကွက်ကို ၀င်မလားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

samsung-galaxy-j3-pro

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com