6/08/2016

♪ မြန်မာငွေတစ်သိန်းခန့်နဲ့ ထွက်ရှိလာမယ့် ဘက်ထရီ 4000mAh ပါ Redmi 3A ဖုန်းမော်ဒယ်အသစ် ♫


Xiaomi ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ တန်ဖိုးနည်း Redmi စီးရီးရဲ့ ဖုန်းမော်ဒယ်အသစ် မကြာမီထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Xiaomi ဟာ Redmi 3 ဖုန်းရဲ့ နောက်ထပ်မော်ဒယ်အကွဲဖြစ်တဲ့ Redmi 3A ဖုန်းကို မြန်မာငွေ တစ်သိန်းခန့်နဲ့ မကြာမီ ဖြန့်ချိသွားမှာဖြစ်ပြီး၊ တရုတ်မိုဘိုင်းဆက်သွယ်ရေးပစ္စည်းမှတ်ပုံတင်ဝက်ဘ်ဆိုဒ် Tenaa ရဲ့ ခွင့်ပြုချက် ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Redmi 3A စမတ်ဖုန်းဟာ ဘက်ထရီသက်တမ်းကောင်းကောင်းနဲ့ တန်ဖိုးနည်းဖုန်းကိုင်ချင်သူတွေအတွက် ဦးတည်ထုတ်လုပ်ထားတာဖြစ်ပြီး၊ ငွေရောင်နဲ့ ရွှေရောင်နှစ်မျိုး ရရှိမှာဖြစ်ပါတယ်။

Tenaa မှာ မှတ်ပုံတင်ထားတဲ့အချက်အလက်တွေအရ၊ Redmi 3A ဖုန်းဟာ ၅ လက်မအရွယ် 1720×1280 pixels ရုပ်ထွက်မြင့် LCD မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ 1.4 GHz Snapdragon 435 octa-core ပရိုဆက်ဆာကို အသုံးပြု ထားတယ်လို့ သိရပါတယ်။ ဖုန်းဂရပ်ဖစ်ပိုင်းအတွက်လည်း Adreno 505 GPU ပါရှိပြီး၊ အရည်အသွေးမြင့် ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ဆော့နိုင်မှာဖြစ်ပါတယ်။

Android 6.0.1 Marshmallow ကို အခြေခံထားတဲ့ MIUI ကို အသုံးပြုထားပေမယ့်၊ မြန်မာနိုင်ငံကို ၀င်တဲ့မော်ဒယ်တွေက Android Lollipop နဲ့ပဲ လာလေ့ရှိတာကြောင့်၊ Marshmallow ပါ/မပါကတော့ မသေချာပါဘူး။

Redmi 3A ဖုန်းမှာ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB ပါရှိပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာအနေနဲ့၊ 13MP ကျောကင်မရာပါဝင်လာပြီး၊ ရှေ့ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။ အတည်မပြုရသေးတဲ့အချက်အလက်အရ၊ ဒီဖုန်းရဲ့ ကျောဘက်မှာ လက်ဗွေရာဆန်ဆာလည်း ပါဝင်လာမယ်လို့ ဆိုပြီး၊ 4G LTE ကွန်ရက်ပါ သုံးစွဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com