6/21/2016

♪ တရုတ်ကုမ္ပဏီတစ်ခုက Apple ကို စမတ်ဖုန်းဒီဇိုင်းခိုးယူမှုဖြင့် တရားစွဲဆို ♫


iPhone 6 ဟာ ၎င်းတို့ရဲ့စမတ်ဖုန်းဒီဇိုင်းကို ခိုးယူထားကြောင်း တရုတ်ကုမ္ပဏီတစ်ခုက Apple ကို စွပ်စွဲလိုက်တာကြောင့်၊ ဘေဂျင်းမှာ iPhone 6 နဲ့ 6 Plus ရောင်းချမှုတွေ ရပ်ဆိုင်းထားဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းအခြေစိုက် Baili ကုမ္ပဏီဟာ 100 Plus အမှတ်တံဆိပ်နဲ့ထုတ်ထားတဲ့ ၎င်းတို့ရဲ့ 100C မော်ဒယ် စမတ်ဖုန်းဒီဇိုင်းကို Apple က ခိုးယူထားကြောင်း၊ ဘေဂျင်းမူပိုင်ခွင့်ထိန်းသိမ်းရေး အဖွဲ့အစည်းဆီမှာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး၊ Apple နဲ့ တရုတ်ပြည်တွင်းဖြန့်ချိရေးကိုယ်စားလှယ်ကုမ္ပဏီ Zhongfu Telecom Equipment တို့ကတော့ လက်ရှိမှာ အယူခံဝင်ထားလျက်ရှိတယ်လို့ သိရပါတယ်။

Baili ကုမ္ပဏီဟာ ၎င်းတို့ရဲ့ 100C စမတ်ဖုန်းကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ မူပိုင်ခွင့်တင်ခဲ့ပြီး၊ နောက်ထပ်ကိုးလအကြာမှာ Apple က iPhone 6 ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

3567C4B500000578-0-image-a-1_1466183766893

တရုတ်မူပိုင်ခွင့်အဖွဲ့အစည်းရဲ့ ထုတ်ပြန်စာမှာတော့ “ iPhone 6 ဖုန်းနဲ့ Baili ရဲ့ 100C ဖုန်း တို့ဟာ ဒီဇိုင်းပိုင်းမှာ အနည်းငယ်ကွာခြားမှုလေးတွေရှိပေမယ့်၊ ဒီဇိုင်းမူပိုင်ခွင့်နဲ့ကတော့ ငြိနေပါတယ်” လို့ ရေးသားထားပါတယ်။

ကျနော်တို့ အနေနဲ့ iPhone 6 ဖုန်းနဲ့ အင်တာနက်မှာတွေ့ရတဲ့ 100C ဖုန်းတို့ရဲ့ ကွာခြားချက်တွေကို ၃ မိနစ်ကြာ ထဲထဲဝင်ဝင်လေ့လာကြည့်ပြီးမှာတော့၊ အောက်ပါမတူညီချက်လေးတွေကို တွေ့ခဲ့ရပါတယ်။
  • 100C ဖုန်းဟာ ရှေ့ဘက်မှာ ဟုမ်းခလုတ်မပါသလို၊ capacitive ခလုတ်တွေနဲ့ ဖြစ်ပါတယ်။
  • ကင်မရာဖလက်ရှ်မီးက အောက်မှာပါ။
  • 100C မှာ ကင်မရာက အထဲဝင်နေပါတယ်။
ဒါပေမယ့် Apple ဟာ တရုတ်မူပိုင်ခွင့်ဥပဒေနဲ့ပတ်သတ်ရင် ကံမကောင်းတာကြောင့်၊ ဒီအမှုမှာလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Baili ကုမ္ပဏီဟာ တရုတ်ပြည်တွင်းမှာတောင် လူသိနည်းတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကိုယ်ပိုင်တရားဝင်ဝက်ဘ်ဆိုဒ် တောင်မရှိပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com