6/21/2016

♪ Huawei ရဲ့ ဒေါ်လာ ၇၀၀ တန် MateBook Window Tablet ကိုစတင်ဖြန့်ချိတော့မည် ♫


Huawei ရဲ့ Windows 2in1 တက်ဘလက် Matebook ကို မကြာမီမှာ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၆၉၉ နဲ့ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Window 10 စနစ်သုံး ၁၂.၉လက်မမျက်နှာပြင် (2160×1440 resolution) ရှိပြီး၊ Intel ရဲ့ Skylake Core M ပရော်ဆက်ဆာ၊ 4GB ရှိတဲ့ RAM နဲ့ 128GB Storage စတဲ့ လုပ်ဆောင်ချက်တွေရှိတဲ့ ဒီ Tablet ဟာ ဈေးနှုန်းနဲ့ သင့်တော်တယ်လို့ ဆိုရမှာပါ။

huawei matebook3

MateBook ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်စ် (MWC 2016) မှာ ထုတ်ဖော်မိတ်ဆက်ခဲ့တာပြီး ဝေဖန်သူ၊ မီဒီယာသမား တွေရဲ့ နှစ်သက်မှုတွေကို ရရှိခဲ့တာပါ။ Huawei ဟာ MateBook ရဲ့ ဘက်ထရီသက်တမ်းကိုလည်း ဗီဒီယိုကြည့်တာချည်းအနေနဲ့ ဆိုရင် ၉နာရီအထိ ကြာရှည်ခံတယ်လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ MateBook မှာ လုံခြုံရေးစနစ်အနေနဲ့ Fingerprint ဆန်ဆာကို ဘေးဘက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

huawei-matebook5

တစ်ခုရှိတာက Keyboard Case နဲ့ Stylus Pen စတဲ့ အစိတ်အပိုင်းတွေဟာ ဒေါ်လာ၇၀၀ နဲ့စတင်တဲ့ Matebook မှာမပါဝင်ပါဘူး။ သပ်သပ်ထပ်ဝယ်ရမယ့် အနေအထား ရှိပါတယ်။ အဲ့ဒီအပြင် Processor ပေါ်မူတည်ပြီး (Core M7 အထိ အဆင့်မြှင့်တင်နိုင်) တခြား Options တွေအပါအဝင် MateBook ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ လောက်အထိ မြှင့်တက်သွားနိုင်ပါတယ်။

ဒါပေမယ့် ဈေးကြီးလွန်းတဲ့ Microsoft ရဲ့ Surface Book ပြီးရင် Window 10 တက်ဘလက်တွေထဲမှာ ဈေးနှုန်းသင့်လျှော်တဲ့ တက်ဘလက် တစ်မျိုးဖြစ်ပါတယ်။ Huawei MateBook ကို မနက်ဖြန်မှာ နယူးယော့ခ်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းကိုတော့ ထုတ်ဖော်ခြင်းမရှိသေးပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com