11/03/2015

♪ Microsoft Surface Book ♫


USD -  1,499
အားသာချက်
Microsoft Surface Book သည် ပါးလွှာစမတ်ကျပြီး Intel ပရိုဆက်ဆာ အသစ်များနှင့် Nvidia graphics အပါအဝင် အခြားတန်ဖိုးကြီး အစိတ်အပိုင်းများ ပါဝင်သည်။ ၎င်းထုတ်ကုန်၏ keyboard ကိုဖြုတ်၍ tablet အဖြစ် ပြောင်းလဲအသုံးပြုပါက ပေါ့ပါးမှုရှိသည်။ Surface Book ၏မျက်နှာပြင် ရုပ်ထွက်အရည်အသွေးမှာ အလွန်တောက်ပပြီး ၎င်းတွင်ပါဝင်သည့် stylus pen မှာအလွန်ကောင်းမွန်သည်။
အားနည်းချက်
Nvidia GPU ပါဝင်ခြင်းနှင့် storage ပမာဏများပြားသည့် Surface Book မှာ အလွန်အမင်းဈေးနှုန်း မြင့်မားသည်။
အသေးစိတ်ဖော်ပြချက်
Surface Book ၏ အထူမှာ အရှေ့ ၁၃ မီလီမီတာရှိသလို အနောက်တွင် ၂၂ မီလီမီတာထူသည်။ GPU မပါဝင်သည့် Surface Book ဗားရှင်း၏ အလေးချိန်မှာ ၃.၃ ပေါင် (၁.၄ကီလိုဂရမ်) ရှိပြီး Nvidia GPU ပါဝင်ပါက အလေးချိန်မှာ ၃.၅ ပေါင်  (၁.၆ကီလိုဂရမ်) အထိရှိသည်။ Surface Book ဒီဇိုင်းနှင့် အာရုံခံစားမှုသည် သာမန် Windows 10 laptop နှင့် ဆင်သည်။ ထို့အပြင် Surbook တွင်ပါဝင်သော  Microsoft မှ dynamic fulcrum hinge ဟုခေါ်ဆိုသောအရာသည် keyboard base ကို ဇောက်ကျအောင် ပြုလုပ်ထားသောကြောင့် display အား တည့်မတ်အောင် ထောင်ထားနိုင်ခြင်း ဖြစ်သည်။
Surface Book ၏ မျက်နှာပြင် အရွယ်အစားမှာ ၁၃.၅ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးမှာ 3,000x2,000 pixels ရှိသည်။ ၎င်းတွင် USB 3.0 port ၂ ခုအပြင် ဗီဒီယိုများ ကြည့်ရှုရန် mini-DisplayPort, SD card slot နှင့် audio jack တို့ပါဝင်သည်။ Surface Book တွင် audio jack မှလွဲ၍ အခြား port များမှာ keyboard တွင်ပါဝင်သည်။ Surface Book တွင် Intel Core i5 နှင့် Core i7 ပရိုဆက်ဆာ ဗားရှင်းများလည်း ထုတ်လုပ်ထားသည်။ Surface Book ၏ Intel Core i5 ပရိုဆက်ဆာ ဗားရှင်းတွင် RAM 8GB ပါဝင်သည်။ Core i5 ဖြင့် အင်တာနက် အသုံးပြုခြင်း၊ မီဒီယာများ အသုံးပြုခြင်း၊ အခြားလုပ်ငန်းဆိုင်ရာ software အသုံးပြုခြင်းနှင့် လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် မြန်ဆန်သည်။ ထို့အပြင် Photoshop နှင့်အခြား graphics အခြေခံ app များဖြစ်သော ပုံဆွဲခြင်းနှင့် ကောက်ကြောင်းခြစ်သည့် ပရိုဂရမ်များ သုံးစွဲရာတွင် ပြဿနာ ကြီးကြီးမားမား မရှိပေ။ Surface Book ကို ထုတ်ကုန်၏ ဗားရှင်းအလိုက် storage 128GB, 256GB, 512GB သို့မဟုတ် 1TB ဟူ၍ အမျိုးမျိုးခွဲခြားထားသည်။ Microsoft သည် Surface Book Core i5  ဗားရှင်းကို ကန်ဒေါ်လာ ၁,၄၉၉ ဖြင့် ရောင်းချလျက်ရှိသည်။
ဘက်ထရီ
Surface Book ၏ ဘက်ထရီသက်တမ်းကို ၂ မျိုး ခွဲခြမ်း၍ တိုင်းတာရမည် ဖြစ်သည်။ ဘက်ထရီအများစုမှာ keyboard base တွင် ပါဝင်ပြီး ကျန်သုံးပုံတစ်ပုံမှာ tablet အဖြစ် ဖြုတ်ပြီး အသုံးပြုနိုင်သော အရာတွင် ပါဝင်သည်။ Surface Book ကို တစ်ခုတည်းသော အရာအဖြစ် တွဲဖက်အသုံးပြုပါက ၁၁ နာရီခန့် အသုံးပြုနိုင်ပြီး tablet အဖြစ်  အသုံးပြုပါက ၃ နာရီခန့်သာ အသုံးပြုနိုင်သည်။
Ref:CNET

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download