11/03/2015

♪ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိထားသင့်သမျှ ထိုင်ရာမထ သိနိုင်မည့် App များ ♫


mVoter 2015

Version : 2.1.4
PlayStore : 4.6 ****
Size : 4.0MB
Requires : Android OS v2.3.3 နှင့်အထက်
https://goo.gl/t7mpl7
https://goo.gl/YmZCac

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော အမတ်လောင်းများနှင့် ပါတီများအကြောင်းကို တိတိကျကျ သိရှိနိုင်မည်ဖြစ်ပြီး မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် ဖန်တီးထားသည်။ ကိုယ်စားလှယ်လောင်းနှင့် ပါတီများကို ရှာဖွေကြည့်ရှု နိုင်မည့်အပြင် မဲပေးနိုင်မည့် သူစာရင်းများနှင့် မိမိကိုယ်တိုင် မဲပေးနိုင်ခြင်း ရှိမရှိကို စစ်ဆေးနိုင်ရန်လည်း ပြုလုပ်ထားသည်။ မဲပေးခြင်းကိုလည်း အဆင့်ဆင့် ရှင်းလင်းဖော်ပြ ပေးထားပြီး ပယ်မဲနှင့် ခိုင်လုံမဲများကိုလည်း ဥပမာများဖြင့် ဖော်ပြပေးထားသည်။ ထို့ပြင် ရွေးကောက်ပွဲ အစမှအဆုံး အဆင့်ဆင့် လုပ်ငန်းစဉ်ဆိုင်ရာ မေးခွန်းနှင့်  အဖြေများကိုလည်း လေ့လာနိုင်ရန် ထည့်သွင်းပေးထားသည်။
MaePaySoh - Election App

Version : 1.4
PlayStore : 4.5 ****
Size : 6.1MB
Requires : Android OS v3.0 နှင့်အထက်
https://goo.gl/c2KQ7H
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ http://maepaysohkoekoe wave.azurewebsites.net/ ၀က်ဘ်ဆိုက်မှ သတင်းအချက်များပေါ် အခြေခံရေးဆွဲထားသည့် App ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသည့် နိုင်ငံတော်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် အမတ်လောင်းများ၊ နိုင်ငံရေးပါတီများကို ရှာဖွေကြည့်ရှု နိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ မူဝါဒသဘောထား လုပ်ငန်းစဉ်များကိုလည်း အသေးစိတ်လေ့လာ နိုင်မည့်အပြင် နိုင်ငံရေးပါတီများ၏ မူဝါဒသဘောထား လုပ်ငန်းများအား PDF ဖိုင် (ebook) အနေဖြင့်လည်း Download ရယူနိုင်ရန် ဖန်တီးထားသည်။ ထို့ပြင် ပါတီဝင်များ၏ ကိုယ်ရေးရာဇဝင်ကိုလည်း ရှာဖွေလေ့လာနိုင်မည်ဖြစ်ပြီး မဲပေးခြင်းဆိုင်ရာ၊ မိမိမဲအား ခိုင်လုံမဲဖြစ်စေရန် လုပ်ဆောင်ဖွယ်ရာများကိုလည်း ဖော်ပြပေးထားသည်။
7Day Election


Version : 1.2
PlayStore : 5.0 ****
Size : 2.5MB
Requires : Android OS v3.0 နှင့်အထက်
https://goo.gl/NmZiIJ
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၏ သတင်းများ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီနှင့်အမတ်လောင်းများ၏ မဲဆွယ်ဟောပြောမှုများ၊ ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်သည်။ နိုင်ငံရေးပါတီ အင်တာဗျူးသတင်းများ၊ ပါတီများ၏ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများကိုလည်း သိရှိနိုင်မည် ဖြစ်သည်။ မိမိမဲပေးလိုသည့် ပါတီအမည်၊  အမတ်လောင်းအမည်ဖြင့် ရှာဖွေကြည့်ရှု နိုင်မည့်အပြင် တိုင်းဒေသအလိုက်လည်း ရှာဖွေနိုင်အောင် ဖန်တီးထားသည်။ ထို့ပြင် မဲပေးသည့်ကာလအတွင်း  အချိန်နှင့်အမျှ ပြောင်းလဲနေသည့် မဲရလဒ် များကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး ဆန္ဒမဲပေးခြင်းဆိုင်ရာ ပညာပေးမှုများကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
Mae


Version : 1.1.1
PlayStore : 4.6 ****
Size : 6.5MB
Requires : Android OS v4.0.3 နှင့်အထက်
https://goo.gl/feG6e1
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ် ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ မိမိပေးလိုက်သည့် မဲသည်ခိုင်လုံမဲ ဖြစ်စေရန်အတွက် လေ့ကျင့်မဲပေးနိုင်ရန် ဂိမ်းဖြင့်တွဲဖက် ဖန်တီးထားသည့် App ဖြစ်သည်။ မဲပေးရာတွင် လုပ်ဆောင်ရမည့် အဆင့်ဆင့်နှင့် တံဆိပ်တုံးနှိပ် မဲပေးခြင်းအား လေ့ကျင့်နိုင်မည် ဖြစ်သည်။ ထို့ပြင် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ စစ်ဆေးခြင်း၊ မဲပေးရမည့် နေ့ရက်နှင့် အချိန်ကို သတိပေးခြင်း၊ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များအကြောင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ လေ့လာသိရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် ကိုယ်စားလှယ်လောင်းများ အတွင်းမှ ယခင်အမတ် ဖြစ်ခဲ့ဖူးသူ၏ သက်တမ်းတစ်လျောက် လုပ်ဆောင်ချက်များကိုလည်း  ကြည့်ရှုနိုင်မည်ဖြစ်ပြီး မဲပေးပြီးပါက မိမိပေးခဲ့သော ပါတီနှင့် ကိုယ်စားလှယ်လောင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် မျှဝေခြင်းကိုလည်း App မှပင် ပြုလုပ်နိုင်မည် ဖြစ်သည်။
Vote Detail MM

Version : 2.0
PlayStore : 4.9 ****
Size : 1.3MB
Requires : Android OS v4.0 နှင့်အထက်
https://goo.gl/VxlW4E
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ ဖုန်းတစ်လုံးကို တစ်ခါပဲ မဲပေးနိုင်ရန် ဖန်တီးထားသည့် မဲပေးခြင်းဆိုင်ရာ App ဖြစ်ပြီး မဲပေးနိုင်သည့် ပါတီပေါင်း ၉၁ ပါတီလုံး ပါဝင်မည် ဖြစ်သည်။ ထို့ပြင် မဲပေးရန်အတွက် ပြည်နယ်အလိုက် ခွဲခြားပေးထားပြီး ပြည်နယ်အတွင်း ပါဝင်ယှဉ်ပြိုင်သော ပါတီကိုသာ မဲပေးနိုင်ရန် ပြုလုပ်ပေးထားသည့်အပြင် မိမိမဲပေးသည့် ပြည်နယ်အတွက် မဲသည် တခြားပြည်နယ်များအား သက်ရောက်မှုမရှိစေရန် ဖန်တီးထားသည်။ ပါတီများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် မူဝါဒများကိုလည်း လေ့လာနိုင်ရန် ပြုလုပ်ထားပြီး ပါတီအလိုက်ရရှိထားသည့် မဲစာရင်းများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။
Yway

Version : 1.3
PlayStore : 4.6 ****
Size : 6.9MB
Requires : Android OS v4.0.3 နှင့်အထက်
https://goo.gl/RPo0f0
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Application ဖြစ်သည်။ မဲပေးရမည့် ပြည်သူတစ်ဦးအနေဖြင့် သိထားသင့်သော သတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ မိမိအမည်၊ မှတ်ပုံတင်နံပါတ် (သို့မဟုတ်) မွေးသက္ကရာဇ်ဖြင့် မဲစာရင်းတွင် ပါဝင်ခြင်း ရှိမရှိအား စစ်ဆေးနိုင်ရန် ပြုလုပ်ထားပြီး လက်ရှိတည်နေရာအလိုက် ကိုယ်စားလှယ်လောင်းများကိုလည်း ရှာဖွေကြည့်ရှု နိုင်မည်ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၊ ကိုယ်စားလှယ်များ အကြောင်းကို ရှာဖွေလေ့လာနိုင်မည်ဖြစ်သည်။ လွှတ်တော်အလိုက် တိကျသော သတင်းအချက် အလက်များကိုလည်း ရှာဖွေနိုင်မည်ဖြစ်ပြီး မဲပေးရာတွင် သိသင့်သော ဗဟုသုတ၊ ရွေးကောက်ပွဲ၊ လွှတ်တော်တို့နှင့်ဆိုင်သော အမေးအဖြေများကို လေ့လာနိုင်မည်ဖြစ်သည်။
Doh Sanda

Version  : 1.2
PlayStore :4.8*****
Size : 3.8MB
Requires : Android OS v4.0 နှင့်အထက်
https://goo.gl/O3XSDI
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ် လုပ်ထားသည့် Application ဖြစ်သည်။ ရွေးကောက်ပွဲအကြောင်း၊ မဲပေးခြင်းအကြောင်း၊ ခိုင်လုံမဲနှင့် ပယ်မဲဆိုသည့်အကြောင်း၊ မဲပေးခြင်းဆိုင်ရာ သိမှတ်ဖွယ် အမေးအဖြေများ စသည့်ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို အလွယ်တကူ လေ့လာသိရှိနိုင်မည်  ဖြစ်သည်။ ထို့ပြင် မိမိကိုယ်တိုင် မဲစာရင်းတွင် ပါဝင်ခြင်း ရှိမရှိ၊ ၂ဝ၁၅ ခုနှစ်တွင် တိုင်း/ဒေသကြီးအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ မိမိမဲထည့်ရမည့် ကိုယ်စားလှယ်လောင်းများ အကြောင်းနှင့် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများ အကြောင်းကိုလည်း ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ App အသုံးပြုသူများ ခိုင်လုံမဲနှင့် ပယ်မဲအကြောင်းကို နားလည်နိုင်မည့် မှန်/မှားရွေး ဂိမ်းကိုလည်း App မှပင်  ကစားနိုင်အောင် ပြုလုပ်ပေးထားသည်။
Vote Up

Version : 1.1
PlayStore :4.8 *****
Size : 3.0MB
Requires : Android OS v4.0 နှင့်အထက်
https://goo.gl/aAHlV6
မိမိကိုယ်တိုင် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိအား မိုဘိုင်းဖုန်းမှပင် စစ်ဆေးကြည့်ရှု နိုင်မည်ဖြစ်သည်။ မိမိအမည်၊ မှတ်ပုံတင်နံပါတ်ကို အသုံးပြု၍ မိမိမဲပေးရမည့် မြို့နယ်၊ တိုင်းဒေသစသည်တို့အား မှန်ကန်ခြင်းရှိမရှိ အလွယ်တကူ စစ်ဆေးနိုင်ရန် ပြုလုပ်ပေးထားသည်။ ထို့ပြင် မြို့နယ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြသည့် ပါတီအသီးသီးနှင့် ပါတီဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်နိုင်ရန်လည်း ပြုလုပ်ပေးထားသည်။ အသုံးပြုများအနေဖြင့် မှန်ကန်စွာ မဲပေးနိုင်ရန်အတွက် App တွင် ဂိမ်းအနေဖြင့် ကြိုတင်လေ့လာနိုင်ရန် ဖန်တီးထည့်သွင်း ပေးထားသည်။
Tara Vote

Version : 1.1.3
PlayStore :4.9 *****
Size  : 3.0MB
Requires : Android OS v4.0.3 နှင့်အထက်
https://goo.gl/aAHlV6
ရွေးကောက်ပွဲတွင် ပါဝင်သော ပါတီနှင့်လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းများ၊ လက်ရှိလွှတ်တော် ကိုယ်စားလှယ်များ၏ အချက်အလက်များကို အလွယ်တကူ လေ့လာနိုင်မည် ဖြစ်သည်။ စာရင်းတွင် မိမိ၏ အမည် ပါ၊ မပါ ကိုလည်း စစ်ဆေးနိုင်ပြီး မဲပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း အဆင့်ဆင့် ရှင်းလင်းဖော်ပြ ပေးထားသည်။ မိမိဖုန်း၏ လက်ရှိတည်နေရာ အတွင်းတွင်ရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စာရင်း၊  ရွေးကောက်ပွဲနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးထားသည်။
Kyeet

Version : 1.1
PlayStore : 4.4 ****
Size : 5.0MB
Requires : Android OS v4.0.3 နှင့်အထက်
https://goo.gl/S1hFdj
www.kyeet.org ဝက်ဘ်ဆိုက်မှ ရွေးကောက်ပွဲ ကာလအတွင်း ပြည်သူများမှ မဲပေးသည့်စာရင်း အချက်အလက်များအား မျက်ခြေမပျက် စောင့်ကြည့်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအရ မဲပေးနိုင်ခွင့်ရှိ၊ မရှိ စသည်တို့ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအလိုက် မဲဆွယ်ပွဲ၊ ဟောပြောပွဲများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များ  အချိန်များကို သိရှိနိုင်ရန် ပြုလုပ်ထားသည်။ မဲစာရင်းနှင့် ပတ်သက်၍ တိုင်ကြားချက်၊ ပြင်ဆင်ချက်များကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ဖတ်ရှု နိုင်မည်ဖြစ်သည်။
Mae Pay Mal

Version : 1.0.2
PlayStore : 4.3 ****
Size : 3.4MB
Requires : Android OS v4.0 နှင့်အထက်
https://goo.gl/pJ9F8R
ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အချက် အလက်များကို အလွယ်တကူ သိရှိနိုင်ရန် ဖန်တီးထားသည်။ ထို့ပြင်မဲပေးခြင်းဆိုင်ရာ ဗဟုသုတနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များကိုလည်း အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ပြုလုပ်ထားသည်။ မိမိနေထိုင်ရာ တိုင်း/ဒေသပေါ် မူတည်၍ မဲစာရင်း အချက်အလက်များကိုလည်း ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download