11/03/2015

♪ Cyber Security နှင့် ပတ်သက်၍ အလေးထားရန် ဆက်သွယ်ရေး ဒုဝန်ကြီး ပြော ♫


Cyber Security ပတ်သက်၍ အလေးထားရန် လိုအပ်လာပြီး နည်းပညာအနေဖြင့် သာမကဘဲ ဥပဒေအနေဖြင့်ပါ အကာအကွယ်ပေးအပ်ရန် လိုအပ်လာကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

“ဆိုရှယ်မီဒီယာက အခုဆိုရင် အရမ်းအသုံးပြုလာကြပါတယ်။ ကောင်းတာကော၊ ဆိုးတာကော သုံးလာသလိုဖြစ်ပါတယ်။ အဲဒီအတွက် အထိန်းအကွပ်ရနိုင်ဖို့၊ အကာအကွယ် ပေးနိုင်ဖို့အတွက်ဆိုပြီး Cyber Law တစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းရေးဆွဲနေပါတယ်” ဟု ဦးသောင်းတင်က ဆိုသည်။
ဆိုက်ဘာရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကာကွယ်နိုင်ရန် ၂၀၀၄ ခုနှစ်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြစ်မှုပြစ်ဒဏ်ပိုင်းများကို ၂၀၁၃ ခုနှစ်၌ ပြင်ဆင် ဖြည့်စွက် ခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါဥပဒေသည် e Commerce လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုံလောက်သော ဥပဒေတစ်ခု မဟုတ်ခဲ့သည့်အတွက် ခေတ်နှင့်လျော်ညီသည့် Cyber Law တစ်ခုကို ဝန်ကြီးဌာနနှစ်ခု ပူးပေါင်း၍ ရေးဆွဲနေခဲ့ခြင်း ဖြစ်သည်။

“အင်တာနက်ကိုသုံးပြီး တစ်ဦးနဲ့ တစ်ဦးကို ဆက်သွယ်တဲ့အခါ တစ်ဖက်လူဟာ ဘယ်သူမှန်းမသိ ကြတော့ပါဘူး။ ဒါကြောင့် အလွဲသုံးစားမှုတွေ၊ မသမာမှုတွေ၊ အချက်အလက် ခိုးယူရောင်းစားတာတွေ စတဲ့ ဆိုက်ဘာရာဇ၀တ်တွေ ပေါ်ပေါက်လာပါတယ်။ အချက်အလက်အားလုံးကိုလည်း ဒီဂျစ်တယ်စနစ်နဲ့ သိမ်းဆည်းလာကြတယ်။ ဒီအချက်အလက်တွေကို လုံခြုံအောင် သိမ်းဆည်းနိုင်ဖို့၊ အခွင့်မရှိတဲ့လူတွေ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ ဖျက်ဆီးခြင်းမပြုနိုင်ဖို့အတွက် အရေးကြီးလာပါတယ်” ဟု ဦးသောင်းတင်က ပြောသည်။

အလားတူ လက်ရှိအချိန်၌ Myanmar Computer Emergency Response Team (MM CERT) ကဲ့သို့သော အဖွဲ့အစည်း တည်ရှိလာရန်မှာ လိုအပ်လာကြောင်း သိရသည်။ ထို့အပြင် e Commerce နှင့် e Government လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း ဝန်ကြီးဌာနသည် Root CA ကဲ့သို့သော သက်သေခံလက်မှတ် ထုတ်ပေးခြင်းကိုလည်း သက်တမ်းတိုး၍ ခွင့်ပြုထားကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download