11/27/2015

♪ “HTC Desire 826” ♫

https://scontent-kul1-1.xx.fbcdn.net/hphotos-xpt1/t31.0-8/12248005_464967117015363_3015379890245650977_o.jpg

826 က အရင်ထွက်ခဲ့တဲ့ 816 နဲ့ လုံးဝကွာခြားသွားပါပြီ။ ကိုယ်ထည် တည်ဆောက်မှုအပိုင်းမှာကအစ 826 က အနည်းငယ်ပိုကျယ်တယ်လို့ ခံစားရပါတယ်။ ပြီးတော့နောက်ဆုံးထုတ်ဖုန်းတစ်လုံးဖြစ်သော E9 plus မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထပ်တူနီးပါးအသုံးပြုနိုင် မှာပဲဖြစ်ပါ တယ်။ ဆင်းကတ် ထည့်သွင်းမှုအပိုင်းမှာတော့ Nano-Sim သုံးရမှာ ဖြစ်ပြီး၊ 2G/3G auto ပြုလုပ်ထားနိုင်ပါ လိမ့်မယ်။ ပြီးတော့ဆင်းကတ်ထည့်စရာ အံဝှက်ကလေးတွေလည်း ထည့်သွင်းပေးထားတာ ကြောင့် အရင်လို ဆင်းကတ်ကိုလှီးဖြတ်ပြီး ဒီတိုင်းထည့်လို့မရတော့ပါဘူး။ သူ့မှာ တပ်ဆင် ပေးထားတဲ့ tray လေးတွေနဲ့ အံကိုက်ဖြစ်နေအောင်ပြုလုပ်ပေးရပါလိမ့်မယ်။ အသံအတိုးအကျယ်ခလုတ်ဟာ ကိုယ်ထည်ရဲ့ ညာဘက်ဘေးဘောင်မှာ တပ်ဆင်ပေးထားပြီး၊ သူ့အောက်မှာတော့ ပါဝါခလုတ်ကို တွေ့ရမှာဖြစ်ပါ တယ်။ ကိုယ်ထည်ရဲ့အခြားဘက်မှာ ဆင်းကတ် ထည့်စရာ tray နှစ်ခုနဲ့ အချက်အလက်တွေလိုအပ်လို့ ထပ်မံထည့်သွင်းတဲ့အခါမှာ လိုအပ်တဲ့ SD Card ထည့်စရာအပေါက်လေး တွေကိုတွေ့ရမှာပါ။

အသံထွက်ကောင်းမွန်မှုနဲ့အတူ နားကြပ်တပ်လိုက်တဲ့အချိန်မှာ လိုက်လံ ပြောင်းလဲပေးမယ့် Dolby audio စနစ်ကို သုံးနိုင်မှာဖြစ်ပါတယ်။ စပီကာဟာ အရင် desire ဖုန်းတွေမှာတပ်ဆင်ထားသလိုမျိုး အပေါက် ပုံစံလေးတွေ မဟုတ် တော့ဘဲ ကိုယ်ထည်မှာဝှက်ထားသကဲ့သို့ရှိနေမှာဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ထင်ရှားပြတ်သားနေစေဖို့အတွက် pixels စုစည်းမှု အပိုင်း ကောင်းမွန်တဲ့ Super LCD3 ကိုသုံးစွဲထားစေ ပါတယ်။ HTC Sense UI အသစ်ဟာ Android ရဲ့ Lollipop နဲ့ ပေါင်းစပ်ပြီး တော့ မတူညီတဲ့ theme တွေကိုပြောင်းလဲနိုင်ပါလိမ့်မယ်။ Theme app ဟာ ကြိုက်နှစ်သက်တဲ့ အရောင်တွေကို ပြောင်း လဲနိုင်မှာ ဖြစ်ပြီး၊ နာရီ၊ Texture, Icon, Song, စာလုံးအရွယ်အစားတွေကိုပါ လိုအပ်သလိုပြင် ဆင်နိုင်ပါလိမ့်မယ်။

အရှေ့ဘက်ကင်မရာ ပိုင်းမှာတော့ လုံးဝပြောင်းလဲသွားပြီဖြစ်ပါတယ်။ Desire 816 မှာ သုံးခဲ့တဲ့ 5MP-Camera မျိုးမဟုတ်တော့ဘဲ 4 MP (UltraPixel) ကင်မရာကို အရှေ့ဘက်မှာတပ်ဆင်ပေးထားပါတယ်။ ရိုက်ကူး လိုက်တဲ့ဓာတ်ပုံတွေ အသေးစိတ်ခြယ်မှုန်းပြီး ရိုက်နိုင်သလို၊ ရိုက်ကူး သိမ်းဆည်းပြီးသား ဓာတ်ပုံတွေကိုလည်းစိတ်ကြိုက်ပြင်ဆင်လို့ ရနိုင်ပါ လိမ့်မယ်။ Camera App ရဲ့လုပ်ဆောင်ချက်လို့ သတ်မှတ်နိုင်တာတွေက တော့ အများအပြားပါပဲ။ Editor ဆိုတာကိုဝင်ရောက်လိုက်တာနဲ့ပုံတွေကို ပြင်ဆင်တည်းဖြတ်နိုင်တဲ့လုပ်ဆောင်ချက်အများအပြားကို တွေ့ရှိ ရမှာဖြစ်ပါ တယ်။

သုံးစွဲသူတွေ ကြိုက်နှစ်သက်တဲ့လုပ်ဆောင်ချက်တွေကတော့ ရိုက်ထားတဲ့ ပုံနှစ်ခုကို တစ်ပုံတည်း အဖြစ်ပြောင်းလဲသိမ်းဆည်းတာ၊ third party app တွေမှာသာ ရနိုင်တဲ့ camera effect လုပ်ဆောင် ချက်တွေ ထည့်သွင်းတာ မျိုးတွေကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တာနဲ့ အညီ Android 5.0.2 (Lollipop) ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် application တွေကို လွယ်လင့်တကူ သုံးနိုင်စေဖို့အတွက် widget တွေလည်း ပိုမိုထောက်ပံ့လာပါတယ်။ Calendar app ကလည်း နေ့ရက် အချိန်တွေကို စီမံခန့်ခွဲမှုမှာ တိကျနေပါလိမ့် မယ်။ စမတ်ဖုန်းတစ်လုံး (သို့)မိုဘိုင်း device တစ်ခုအတွက် လုပ်ဆောင်နိုင်စွမ်းတွေကို လွယ်လင့်တကူနေရာဒေသမရွေး သုံးစွဲနိုင်စေအောင်ကူညီပေးမှာကတော့ သူ့မှာထည့်သွင်း တည်ဆောက် ထားတဲ့ Hardware ပါပဲ။ HTC Desire 826 မှာ Octa-Core Processor ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။

 RAM ကတော့ 2GB ထောက်ပံ့ပေးထားပါတယ်။ သူ့အရင်ထွက်ထားတဲ့ Desire 820 နဲ့ မတူညီတဲ့နောက်ထပ် ပါဝင်မှုတစ်ခု ကတော့ MediaTek ကိုမသုံးထားဘဲ Qualcomm MSM8939 ကိုသုံးထားပါ တယ်။ အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်ကတော့ လတ်တလော ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော 16GB ပဲဖြစ်ပြီး၊ ထပ်မံတိုးမြှင့်လိုတယ်ဆိုရင်တော့ 128GB အထိ လက်ခံ နိုင်စွမ်းရှိမှာပါ။ Google Drive မှာလည်း 100GB အခမဲ့သိမ်းဆည်းနိုင်မှာပါ။

HTC Desire 826 မှာ ဘာသာစကားထောက်ပံ့မှုကို အခြားဖုန်းတွေနှင့် မတူညီတဲ့ပုံစံတစ်မျိုး နဲ့ ထည့်သွင်းပေးထားပါတယ်။ Myanmar (Unicode), Myanmar (Zawgyi) နှစ်မျိုးလုံးကိုသုံးစွဲနိုင်မှာဖြစ်ပြီး၊ Language ဆိုတဲ့ နေရာမှာ သွားရောက်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ 2600mAh ဘက်ထရီစွမ်းအားကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ ဆက်တိုက်ပြောဆိုနိုင်စွမ်းအတွက် ကတော့ ၂၁ နာရီနီးပါးနဲ့ အသင့်အနေအထား အတွက်တော့ ၆၂၆ နာရီ နီးပါးဖြစ်ပါတယ်။ အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ Bluetooth 4.1, NFC, WiFi တို့ကို သုံးစွဲနိုင်ပါလိမ့်မယ်။ Theme Store မှာ ၀င်ရောက်ပြီး တော့လည်း dotview အတွက် Theme တွေကို ထပ်မံ download ပြုလုပ်နိုင်ပါလိမ့်မယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com