11/27/2015

♪ Xiaomi က Mi Pad 2 ကို ပြသ ♫


Xiaomi က ၇.၉ လက်မအရွယ် 2048x1536p Display နှင့် သတ္တုကိုယ်ထည်တပ်ဆင်ထားသော Mi Pad 2 တက်ဘလက်ကို ပြသလိုက်ပါသည်။ Mi Pad 2 သည် iPad နှင့် ဆင်တူပါသည်။ Mi Pad 2 ကို Windows 10 Model နှင့် MIUI Android Model နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။

Mi Pad 2 သည် ပထမမျိုးဆက်ထက် ပိုမိုပါးလွှာပြီး ပေါ့ပါးပါသည်။ 2GB RAM, 16GB Storage or 64GB Storage တပ်ဆင်ထားပါသည်။ Intel 64-bit Atom X5-Z8500 Processor မောင်းနှင်မည် ဖြစ်သည်။ USB Type - C Port ထည့်သွင်းထားပါသည်။

ဈေးနှုန်းမှာ အလွန်ချိုသာပြီး Android Version ၏ 16GB Model ကို ဒေါ်လာ ၁၅၆ ၊ 64GB Model ကို ဒေါ်လာ ၂၀၀ ဖြင့် တရုတ်တွင် ယခုလ ၂၇ ရက်နေ့၌ ရောင်းချမည် ဖြစ်သည်။ Windows 10 Version အတွက် 64GB Storage ကိုသာ ထုတ်လုပ်ပေးထားပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် ရောင်းချပေး မည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com