 နာမည်ကျော်Neo 5 ၏ အောင်မြင်မှုကိုဆက်ခံမည့်OPPO Neo 7 ကို 
ယခုလကုန်ပိုင်းမှစတင်ကာအိန္ဒိယအပြင် မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ၊ 
တောင်အာရှ၊အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် 
မက္ကဆီကိုတို့အပါအ၀င်ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်၁၇ခုတွင် ရောင်းချရန် 
စီစဉ်ထားပြီဖြစ်သည်။၅လက်မScreen အပြင်အဆင့်မြှင့်တင်ထားသော 
အရှေ့ဘက်ကင်မရာနှင့်16 GB ROM ဖြင့်သုံးနိုင်သည်။ဘက်ထရီ၏ 
စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ပြီးတန်ဖိုးက၁၉၀၀၀၀ိ/-၀န်းကျင် 
သာရှိမည်ဖြစ်ပြီးယင်းအချက်များကOPPO Neo 7 ၏ထူးခြားချက်ဖြစ်သည်။ 
ပုံမှန်အားဖြင့်မျက်နှာပြင်အကျယ်အ၀န်းကျယ်ပြန့်သည့်စမတ်ဖုန်းများသည် 
ဈေးနှုန်းမြင့်မားနေတတ်သော် လည်းOPPO Neo 7 သည်သင့်တင့် မျှတ 
သောနှုန်းထားဖြင့် ဈေးကွက်အတွင်းရောက်ရှိလာမည်ဖြစ်သည်။ဒါကြောင့် 
ဈေးနှုန်းသင့်တင့်တဲ့Neo 7 ရဲ့၅လက်မအကျယ်ရှိတဲ့Screen ပေါ်မှာ 
ရုပ်ထွက်ကောင်းမွန်တဲ့ဗီဒီယိုဖိုင်တွေနဲ့ဓာတ်ပုံတွေကိုကြည့်လို့ရနိုင်မှာပါ။
Neo 7 ကိုထူးခြားဆန်းသစ်သောဒီဇိုင်းဖြင့်ဖန်တီးထားပြီး စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုများကိုလည်း ပြုလုပ်ထားသည်။မြန်မာနိုင်ငံတွင်3G ဗားရှင်းဖြင့်မိတ်ဆက်ပေးမည့်OPPO Neo 7 တွင်ပါဝင်သောMirror Surface သည်လိုအပ်သလိုဖြုတ်နိုင်၊တပ်နိုင်ပြီးOptical Coating နည်းပညာနှင့်Fiber glass ကိုအသုံးပြုထားသည်။ ကျောဘက်ကိုCoating အလွှာ၁၃ခုဖြင့် ပြုလုပ်ထားပြီး တောင့်တင်းခိုင်မာမှုရှိစေရန်လုပ်ငန်းစဉ်၄၀ ဖြင့် ပြုလုပ်ထားသည်။

 ၀ 
.၅၆မီလီမီတာသာရှိသည့်အထူကြောင့်ပါးလွှာမှုအပိုင်းကအံ့အားသင့်စရာ 
ကောင်းမွန်သည်။ထို့အပြင် အလွှာထပ်အုပ်သည့်အထူးလုပ်ငန်းစဉ်များ ကြောင့်Neo 7  ၏
 ကျောဘက်တွင် ချောမွေ့ပြီးမှန်တစ်ချပ်ကဲ့သို့ကြည်လင် 
သည်ကိုတွေ့ရမည်ဖြစ်သည်။အဖြူနှင့်အနက်ရောင်နှစ်မျိုးရွေးချယ် နိုင်မည့်Neo 7
  ၏ကိုယ်ထည်ဘောင်ကိုဆွဲဆောင်မှုရှိသောအရောင်နှစ်မျိုး  
(ရွှေရောင်၊ ငွေရောင်)ဖြင့်ရရှိနိုင်မည်။အဓိကထူးခြားချက်မှာ ၅လက်မ Screen ဖြစ်ပြီး ချောမွေ့သောအနားစွန်းများကလက်ထဲတွင် ကိုင်ဆောင် ထားသည့်အခါသက်သောင့်သက်သာရှိစေမည်ဖြစ်သည်။Neo 7 ၏ ကိုယ်ထည်ကို တောင့်တင်းခိုင်မာမှုမြင့်မားသောမဂ္ဂနီဆီယမ်၊ အလူမီနီယံ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။အရည်အသွေးမြင့်သည့်သတ္တုစပ် ကိုယ်ထည် ကဖုန်း၏အလေးချိန်ကို ပေါ့ပါးစေပြီးအံအားသင့်ဖွယ်ကောင်းသည့် အကြမ်းဒဏ်ခံနိုင်မှုကို ပေးစွမ်းနိုင်သလိုအပူဒဏ်ကိုလည်းလွင့်ပါး ပျောက်ကွယ်စေသည်။OPPO Neo 7 တွင်8-megapixel ကျောဘက် ကင်မရာပါဝင်ပြီး၎င်းသည်အခြေအနေအရပ်ရပ်တွင်အံ့အားသင့်ဖွယ်လှပ သောဓာတ်ပုံများကိုဖန်တီးပေးနိုင် သည်။အဆင့်မြှင့်ထားသော5-megapixel အရှေ့ဘက်ကင်မရာကြောင့်ကြည်လင်ပြတ်သားသောSelfie ဓာတ်ပုံများ နှင့်ဗီဒီယိုများကိုရိုက်ကူးစေနိုင်မည်ဖြစ်သည်။Pure Image 2.0+ imaging platform ပါဝင်သောကြောင့်ဖုန်း၏ကင်မရာကိုများပြားလှသောPlug-in များဖြင့်အသုံးပြုကာရိုက်ကူးနိုင်သည်။ဖုန်းတွင်ပါဝင်သောlight-sensitive sensor ကသုံးစွဲသူ၏မျက်နှာနှင့်အဆင်ပြေစေမည့ှ်Screen အလင်း အမှောင်ကိုချိန်ညှိပေးနိုင်သည်။

 ထို့အပြင်အလင်းနည်းသော 
နေရာများ၌Selfie ရိုက်ကူးသည့် အခါတွင် လည်းScreen ကFlash အနေဖြင့် 
ပြောင်းလဲလုပ်ဆောင်ပေးမည်ဖြစ်သည်။ Filter ၁၁ခုနှင့်Beautify Mode 
၃ခုပါဝင်ပြီးထပ်ဆောင်းAppများကို Download 
ဆွဲရန်မလိုဘဲဓာတ်ပုံများကိုအလွယ်တကူ ပြင်ဆင်နိုင်သည်။ ထို့အပြင်Double 
Exposure ကဲ့သို့သောအထူးလုပ်ဆောင်ချက်များကလည်း 
သုံးစွဲသူများမှသီးခြားဓာတ်ပုံနှစ်ပုံရိုက်ကူးကာ၎င်းတို့ကို ပေါင်းစပ်ပြီး 
ဓာတ်ပုံ တစ်ပုံတည်းအဖြစ်ဖန်တီးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။OPPO Neo 7 
တွင်Quad-core CPU နှင့်အတူ1 GB RAMနှင့်16 GB ROMကို အသုံးပြု 
ထားသည်။ဘက်ထရီက2420mAh ဖြစ်သည်။SIM ကတ်(၂) ကတ်ဖြင့် သုံးနိုင်သည်။Micro SD 
Card Slot ပါဝင်သောကြောင့် 3Gဗားရှင်းအတွက် သိုလှောင်မှုကို32GB 
အထိတိုးမြှင့်သိမ်းဆည်းနိုင်သည်။Neo 7 တွင်OPPO ၏Android 5.1 
ကိုအခြေခံထားသောColorOS 2.1 ကိုအသုံးပြုထားသည်။ ၎င်းသည် 
ချောမွေ့သောစွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပြီး Background 
တွင်ဗီဒီယိုကြည့်ရှုရင်းသူငယ်ချင်းများနှင့်စကားပြောနိုင် မည့်Floating 
Window ကဲ့သို့သောFeature သစ်များပါဝင်သည်။ အဆင့်မြှင့်ထားသောColorOS 2.1 
နှင့်အတူ ဖျော်ဖြေရေး လုပ်ဆောင်ချက် များကိုလည်းNeo 7 တွင် 
ထောက်ပံ့ပေးထားသည်။Lockscreen Magazine Feature သစ်သည်OPPO 
မှစုစည်းပေးထားသောလှပသည့်ဓာတ်ပုံ(၂၀)ကျော်နှင့်အတူLockscreen 
ဓာတ်ပုံများကိုတစ်ပတ်လျှင်တစ်ကြိမ် အလိုအလျောက်Update 
လုပ်ပေးမည်ဖြစ်သည်။ဒါကြောင့်OPPO က 
ထောက်ပံ့ထားတဲ့လုပ်ဆောင်ချက်တွေသာမကဘဲ၊android ရဲ့ဝန်ဆောင်မှု 
တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။
 ပြီးတော့system update 
ကိုလည်းလွယ်လင့်တကူပြုလုပ်လို့ ရနိုင်မှာဖြစ်ပြီး 
မှတ်သားစရာတွေအတွက်အသုံးပြုရတဲ့Note ကိုသုံးစွဲတဲ့အခါမှာ ပုံတွေနဲ့ 
တွဲလျက်မှတ်တမ်းပြုလုပ်ထားနိုင်မှာဖြစ်ပြီးlock ပြုလုပ်လိုသူတွေအတွက် third
 party app တွေသုံးစရာမလိုအောင်lock function ကိုတစ်ပါတည်း 
ထည့်သွင်းပေးထားပါတယ်။လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက်ကတော့ app encrypt, 
data saving, guest mode, Permission monitor နဲ့အတူ block (၆) 
မျိုးပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်စာသားမက်ဆေ့ခ်ျ 
တွေကိုလည်းလိုအပ်သလိုထိန်းချုပ်ပြီး timer 
ပြုလုပ်ပေးပို့လို့ရနိုင်ပါလိမ့်မယ်။ 
ညဘက်တွေမှာအင်တာနက်အသုံးပြုပြီးတဲ့အခါမှာ မေ့လျော့ပြီး အိပ်တတ်သူ 
တွေအတွက်လည်းအဆင်ပြေအောင်လို့ဖုန်းကနေ (၂) စက္ကန့်ဆိုတာနဲ့ မိုဘိုင်း 
ဒေတာကိုဖြတ်တောက်ပေးပါတယ်။ပြီးတော့ဖုန်းမှာဘယ်လိုလုပ်ဆောင်ချက်တွေပဲလုပ်နေနေ screen
 ပေါ်မှာလက်သုံးချောင်းကိုဆွဲစုလိုက်မယ်ဆိုရင် 
ကင်မရာလုပ်ဆောင်ချက်ဆီချက်ချင်းတန်းရောက်သွားမှာဖြစ်ပါတယ်။ 
အလင်းရောင်အားနည်းတဲ့နေရာတွေမှာရိုက်ကူးမယ်ဆိုရင်လည်းအလင်း 
အမှောင်ကိုရိုက်ကူးမယ့် နေရာနဲ့ကိုက်ညီအောင်လိုသလိုချိန်ညှိပေးဦး 
မှာဖြစ်ပါတယ်။Gesture စနစ်ကလည်း ပြည့်စုံပါတယ်ဆိုတာထက်တောင် 
ပိုပါသေးတယ်။ColorOS ပါရှိတာကြောင့်Security Mode, Gloves Mode, Screen Off
 Gesture 13 မျိုးကိုသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။သူ့မှာနောက်ထပ် 
ပါဝင်တဲ့လုပ်ဆောင်ချက်တစ်ခုရှိပါသေးတယ်။အဲဒီလုပ်ဆောင်ချက်ကတော့ air gesture
 ဖြစ်ပြီး၊ဖုန်းကိုလက်နဲ့ထိတွေ့စရာမလိုဘဲဖုန်းပေါ်မှာ လက်ဝှေ့ 
ယမ်းလိုက်ရုံနဲ့Home screen ဖွင့်တာ၊Photo, Mail ဖတ်ရှုတာတွေကို 
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
 သူ့မှာပါဝင်တဲ့Gesture 
စနစ်တွေကြောင့်ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ' V ' သင်္ကေတပြုလုပ်လိုက်တာနဲ့flash
 မီးကိုဖွင့်ပေးမှာဖြစ်ပြီး၊မျက်နှာပြင်ပေါ် မှာအ၀ိုင်းပုံစံလေး 
ပြုလုပ်လိုက်မယ်ဆိုရင်တော့ကင်မရာလုပ်ဆောင်ချက်ကို 
သုံးစွဲနိုင်စေဖို့အတွက်အသင့်ဖြစ်နေမှာပါ။သင့်အတွက် အရေးကြီးတဲ့သူတွေ 
ရဲ့ဖုန်းနံပါတ် တွေကိုသင်္ကေတတစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုရင် ဖုန်းကို 
ဘာပဲလုပ်နေနေရုတ်တရက်ဖုန်းဆက်ချင်တယ်ဆိုရင်ဖုန်းရဲ့ အပေါ် 
ဘက်ထောင့်ကိုဆွဲချပြီး၊သုံးစွဲသူသတ်မှတ်ထားတဲ့သင်္ကေတကိုဆွဲလိုက်ရုံနဲ့ 
ခေါ်ဆိုချင်တဲ့နံပါတ်ကိုအလွယ် တကူခေါ်ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။အဓိက 
အားသာချက်ကတော့ မြန်မာနိုင်ငံဈေးကွက်အတွက်ထုတ်လုပ်ထားတဲ့ 
ဖုန်းဖြစ်တာကြောင့် မြန်မာစာစနစ်ကိုတစ်ပါတည်းထည့်သွင်းပေးထားတာ 
ဖြစ်ပါတယ်။လက်(၃)ချောင်းကို အသုံးပြုပြီးမျက်နှာပြင်ရဲ့အထက်ကနေ 
အောက်ကိုဆွဲချလိုက်မယ်ဆိုရင်တော့screenshot ပြုလုပ်ပေးမှာဖြစ်ပါ တယ်။Screen
 ကိုပွင့်လိုတယ်ဆိုရင်ဖုန်းScreen ပေါ်မှာလက်နဲ့နှစ်ချက် 
ပုတ်ပေးလိုက်ရုံနဲ့သုံးလို့ရမှာဖြစ်ပြီး၊screen off ပြန်လုပ်ချင်တယ်ဆိုရင် 
တော့home button ပေါ်မှာနှစ်ချက်ပုတ်ပေးရမှာ ဖြစ်ပါတယ်။ထို့အပြင် Dirac 
Sound စနစ်ကိုအသုံးပြုထားသောကြောင့်OPPO ထုတ်ကုန်များ၏ 
အလွန်ကောင်းမွန်သောအသံစွမ်းဆောင်ရည်ကိုNeo 7 တွင်တွေ့မြင် နိုင်သည်။
 ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့အသွင်အပြင်ပိုင်းမှာ တစ်မူ
 
ထူးခြားပြီးကိုင်ရတာစမတ်ကျတဲ့ဖုန်းအဖြစ်သတ်မှတ်နိုင်မှာပါ။ဘက်ထရီကိုလည်းတာရှည်ခံနိုင်စွမ်းအား ရှိတဲ့Li-Po
 2420mAh ကိုတပ်ဆင်ပေးထားပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ 
နောက်ဘက်ကာဗာကိုတော့ ခွာထုတ်ပစ်ရမှာဖြစ်ပြီးSim Card, sd Card 
တွေကိုထည့်သွင်းရမှာ ဖြစ်ပါ တယ်။ကင်မရာလုပ်ဆောင်ချက်ကတော့သာမန် 
အဆင့်သာရှိမှာ ဖြစ်ပါ တယ်။gesture 
လုပ်ဆောင်ချက်တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်သလို 
ပေးရတဲ့ဈေးနဲ့သင့်တင့်တဲ့စွမ်းဆောင်မှုကိုရရှိပါလိမ့်မယ်။ Sim ကတော့ 
နှစ်ကတ်သုံးအမျိုးအစားဖြစ်ပြီး၊Micro Sim, Nano Sim ထည့်သွင်းရမှာဖြစ်ပါ 
တယ်။ကင်မရာကလည်းကိုယ်ထည်မှာမြှုပ်နှံထားသလိုဖြစ်တာကြောင့် 
ထိခိုက်မိမှာကိုစိုးရိမ်စရာလိုအပ်တော့မှာမဟုတ်ပါဘူး။Cloud storage 
ကိုနှစ်သက်တယ်ဆိုရင်တော့5GBအခမဲ့ရတဲ့O Cloud ကိုသုံးစွဲပြီးmessage, 
contact, photo တွေသိမ်းဆည်းနိုင်ပါလိမ့်မယ်။
 Network         - GSM/HSPA/LTE
Weight - 141 g
Camera - 8 MP
Display Type - IPS LCD Capacitive
Display Size - 5.0 inches
OS - Android OS, v5.1
Memory - 16GB, up to 128GB
Battery - Li-Po 2420mAh
Weight - 141 g
Camera - 8 MP
Display Type - IPS LCD Capacitive
Display Size - 5.0 inches
OS - Android OS, v5.1
Memory - 16GB, up to 128GB
Battery - Li-Po 2420mAh