11/24/2015

♪ ဆွဲဆောင်မှုရှိတဲ့ Smart Phone - “LG AKA” ♫


စမတ်ဖုန်းများကို ထုတ်လုပ်တဲ့အခါတွင် သုံးစွဲသူများကို ဆွဲဆောင်နိုင်မှု ရှိစေမယ့် အရည်အချင်းများ ပါရှိအောင် ဆောင်ရွက်ကြပါတယ်။ မိတ်ဆက် ပြသတဲ့အခါမှာလည်း ဖုန်းရဲ့ထူးခြားသည့် လုပ်ဆောင်နိုင် စွမ်းကို ထင်သာ မြင်သာရှိအောင် ပြသကြပါတယ်။ သုံးစွဲသူများအနေဖြင့်ကလည်း ဟန်းဆက် ၀ယ်ယူဖို့ အတွက် ဖုန်းအရောင်းဆိုင်များတွင် စမ်းသပ်လေ့လာတဲ့ အခါမှာ လည်း ထူးခြားသည့်စနစ်များကိုသုံးစွဲ ကြည့်တတ်ကြပါတယ်။ ထူးခြားသည့်၊ ကောင်းမွန်သည့် စွမ်းဆောင်နိုင်စွမ်းများဟာ စမ်းသပ်သုံးစွဲသူကို ဆွဲဆောင် နိုင်ပါကထိုဖုန်းအမျိုးအစားကိုဝယ်ယူလေ့ရှိပါတယ်။

LG က ထုတ်လုပ်လိုက် သည့် AKA ဖုန်းသည်လည်း လူငယ်အများစုကိုအကြိုက်တွေ့စေမယ့် အနေအထား ရှိပါတယ်။ အချို့ဖုန်းတွေကကင်မရာနဲ့အခြား လုံခြုံရေး စနစ်များကို ကောင်းမွန်အောင် ဆောင်ရွက်ပေး ထားပေမယ့် ယခုဖုန်း မှာတော့ ထူးခြားမှုရှိအောင် သက်ဝင်လှုပ်ရှားနိုင်သည့် မျက်လုံးတစ်စုံ ကိုပါ ရှိအောင်တီထွင်ပေးထားပါတယ်။ ယင်းဒီဇိုင်းဟာ စမတ်ဖုန်းလောကမှာ ပထမဆုံးပဲဖြစ်ပါတယ်။ ထူးခြားသော မျက်လုံး ဒီဇိုင်းအပြင် ကိုယ်ပိုင်စရိုက် လေးတွေလည်း ပိုင်ဆိုင်ထားကာ၊ ကိုယ်ပိုင် အမည်လေးတွေလည်း ကိုယ်စီ ရှိကြပါတယ်။

သူတို့ နာမည်များကတော့ LG AKA YOYO, AKA EGGY, AKA SOUL, AKA WOOKY တို့ပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း ဇာတ်ကောင်လေးတွေနဲ့ အတူတွဲဖက်ပြီး၊ ဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အဓိကကင်မရာ၌ ပုံရိပ်ကို အလွယ်တကူဖမ်းယူနိုင်သော Laser Auto Focus လည်းပါဝင်ပါတယ်။ LG AKA စမတ်ဖုန်း၏ ထူးခြားချက်မှာ ဖုန်းအသုံးပြုသူကို AKA ဖုန်းမှ စောင့်ကြည့်သလို ခံစားရမှာဖြစ်ပါတယ်။ ဖုန်းသုံးစွဲသူ၏ လှုပ်ရှားမှုပုံစံ အလိုက် AKA လေးတွေက သက်ဝင်လှုပ်ရှားသော မျက်လုံးဟန်ဖြင့် တုံ့ပြန် သွားမှာဖြစ်ပါတယ်။

2G, 3G, 4G network အထောက်အပံ့သုံးစွဲနိုင်ပြီး၊ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 138.7x 71.9x10mm ဖြစ်ကာ၊ အလေးချိန်ကတော့ 135g ရှိပါတယ်။ IPS LCD capacitive touchscreen ဟာ 5 inches အကျယ် အ၀န်းရှိပြီး၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားတဲ့ pixels ပမာဏကတော့ 720x1280 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆက 294ppi ပါ။ အဓိကကင်မရာဟာ 8MP စွမ်းရည် ဖြစ်ပြီး၊ ရှေ့ကင်မရာငယ်ကတော့ 2.1MP စွမ်းရည်ရှိပါတယ်။

ထည့်သွင်း ပေးထားတဲ့ RAM ပမာဏကတော့ 1.5GB ပါ။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ အမြောက်အမြား ပါရှိပြီး၊ SD ကတ်စိုက်ပြီးလည်းထပ်မံတိုးချဲ့နိုင်ပါသေး တယ်။ ဘက်ထရီအမျိုးအစားကတော့ Li-Ion 2610mAh ဖြစ်ပါတယ်။ 3G network တွင်စကားပြောဆိုဖို့အတွက် ၈ နာရီနီးပါးခံနိုင်စွမ်းရှိပါမယ်။ လှပ သောအရောင်များစွာနဲ့လည်းထုတ်လုပ်ပေးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Quad Core 1.2 GHz
Screen - 5 inches
Camera - 8 MP
Bluetooth - v4.0
Storage - 16 GB, up to 32 GB
OS - Android OS,v4.4.2
Contact - 01-544644
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com