11/28/2015

♪ Huawei ရဲ့ Flagship ဖုန်း Mate 8 ယနေ့ကြေငြာ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Huawei မှ နိုဝင်ဘာလ ၂၆ ရက် ယနေ့မှာ ၎င်းတို့ရဲ့ Flagship Phablet ဖြစ်တဲ့ Mate 8 ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ၆ လက်မအရွယ် phablet အမျိုးအစား ဖြစ်ပြီး FHD 1920×1080 resolution(367 ppi) မျက်နှာပြင်အရည်အသွေးရှိသည်။2.5D Curved Diamond Cut Glass ကိုသုံးထားပြီးစမတ်ဖုန်းမျက်နှာပြင်ကိုအကြမ်းခံစေရန် Corning Gorilla Glass 4 ဖြင့် ဖုံးအုပ်ထားသည်။


Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်သော Hisilicon Kirin 950 octa-core 2.3 Ghz ပရိုဆက်ဆာဖြင့်မောင်းနှင့်ထားပြီး RAM 3GB နှင့် 4 GB ဟု၍နှစ်မျိုးထုတ်လုပ်ထားသည်။ Memory ကို RAM 3GB တွင် 32GB တစ်မျိုးတည်းသာထုတ်လုပ်ပြီး 4GB တွင် 64GB ,128 GB နှစ်မျိုးခွဲခြား ထုတ်လုပ်ထားသည်။


ထပ်မံ၍ 128 GB ထိ MicroSD Card Slot မှ memory တိုးမြှင့်အသုံးပြုနိုင်သေးသည်။ 16MP Sony IMX 298 အမျိုးအစားပင်မကင်မရာနှင့် 8MP Font camera တို့တပ်ဆင်ထားသည်။ ကျောဘက်တွင် Fingerprint Scanner လက်ဗွေ လုံခြုံရေး စနစ်ပါဝင်ပြီး 4000mAh ဘက်ထရီ တပ်ဆင်ထားသည်။ သီချင်း နားထောင်ခြင်းကဲ့သို့အသေးစားလုပ်ဆောင်ချက်များတွင် CPU မှာသာမန်ကဲ့သို့ လုပ်ဆောင်နေခြင်းကြောင့် ဘက်ထရီစားခြငိးသက်သာစေရန် i5 coprocessor စနစ်ဖြင့်ဘက်ထရီစွမ်းအင် သုံးစွဲမှုလျော့နဲ့စေပြီး ဘက်ထရီသက်တမ်းပိုစေရန်ထပ်မံထည့်သွင်းပေးထားသည်။

 Android 6.0 ဖြင့်လည်ပတ်ထားမည်ဖြစ်ပြီး ဈေးနူန်း များမှာ 32GB = US 470,64GB = US$ 580 , 128 GB = US$690 တို့ဖြစ်ကြပါသည်။


Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com