11/28/2015

♪ “Lenovo S60” ♫


Lenovo ဟာ ကင်မရာစွမ်းရည်ကောင်းမွန်သော ဖုန်းများကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ကင်မရာ ကောင်းမွန်သည့်ဖုန်းများဟာ ယနေ့အချိန်တွင် လူကြိုက်များသောအမျိုးအစားဖြစ်ပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စားတပ်ဆင်ပေး ထားသော ဖုန်းများကို အသုံးပြုသည့်အခါတွင် ရှေ့ကင်မရာနှင့် Selfie ပုံများ ရိုက်ကူးမှုသည်လည်း များပြားပါတယ်။

ဒါကြောင့် ဖုန်းကုမ္ပဏီများဟာ ရှေ့ကင်မရာငယ်ကိုလည်း စွမ်းရည် ကောင်းမွန်အောင် ပြုလုပ်ပေးလာကြ ပါတယ်။ S60 ရဲ့ အဓိကကင်မရာ သည် 13MP စွမ်းရည်ရှိပြီး ရိုက်ကူးလိုက်သော ပုံရိပ်များကို 4128 x 3096 Pixels ပမာဏနဲ့ ဖော်ပြပေးထားပါတယ်။ ရှေ့ကင် မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏဟာ 143.3 x 72 x 7.7 mm ရှိကာ အလေးချိန်သည် 128g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။

IPS capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက်ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 720x1280 ဖြစ်ပါတယ်။ ၁ လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 294ppi ပါ။ Multitouch စနစ်တွင် Lenovo Vibe 2.0 နှင့် လက်ချောင်း ၅ ချောင်းအထက်ကို တို့ထိအသုံးပြုနိုင်ပါမယ်။ မှတ်ဥာဏ် ပမာဏ အပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက် အများ အပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Card Slot ပါရှိအောင် လုပ်ဆောင် ပေးထားပါတယ်။ အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ် ပမာဏကတော့ 32GB အထိဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Qualcomm Snapdragon 410 ပါ။ အားသွင်းအသုံးပြုနိုင်မယ့် Battery အမျိုးအစားမှာ Li-Po 2150 mAh ဖြစ်ပြီး စကားပြောဆိုဖို့ ၁၆ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။
<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - 8GB, up to 32 GB
Bluetooth - v4.0
OS - Android OS, v4.4.2
Camera - 13 MP
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com