11/25/2015

♪ Xiaomi ရဲ့ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ Mi Note 3,Mi Pad2,Mi Air Purifier 2 တို့ကြေငြာခဲ့ ♫


တရုတ်စမတ်ဖုန်း ကုမ္ပဏီ ကြီး xiaomi မှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်ကုန်ပစ္စည်းသစ်များ မိတ်ဆက်ပွဲကျင်းပခဲ့ပြီး Redmi Note 3, MiPad 2 ,Mi Air Purifier 2တို့ကိုမိတ်ဆက်ပေးခဲ့သည့်။ Xiaomi မှ သြဂုတ်လ တွင် Redmi Note 2 ကိုမိတ်ဆက်ပေးခဲ့သော်လည်း Meizu M1 Metal ကဲ့သို့ Fingerprint ပါဝင်ပြီး ဈေးသက်သာစွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းများ ကိုယှဉ်ပြိုင်ဖို့အလျင်အမြန်ထုတ်လုပ် ခဲ့ခြင်းဖြစ်ဖွယ်ရှိပြီး 4000mAh ဘက်ထရီတပ်ဆင်ထားတာကြောင့် ပိုပြီးလူအများစိတ်ဝင်စားမှု ရရှိစေခဲ့ပါတယ်။


အဆိုပါ Redmi Note 3 သည် မျက်နှာပြင် 5.5 inches အကျယ်ရှိပြီး Full HD 1080×1920 (403 pixels ) resolution ရှိသည်။ Redmi Note 2 တွင်တပ်ဆင်ထားသော MediaTek MT 6795 Helio X10 ပရိုဆက်ဆာ တပ်ဆင်ထားပြီး RAM 2 GB- Memory 16 GB နှင့် RAM 3 GB -32GB ဟု၍ နှစ်မျိုးထုတ်လုပ်ထားသည်။ Redmi Note 2 မှာ RAM 2 GB တစ်မျိုးတည်းသာထုတ်လုပ်ခဲ့သည်။ MicroSD 128GB ထိတပ်မံတိုးမြှင့်အသုံးပြုနိုင်သည်။


Main camera 13 MP နှင့် Secondary camera 5MP တပ်ဆင်ထားပြီး Fingerprint Scanner ,battery 4000mAh ဘက်ထရီတို့ဖြင့်ဖွဲ့စည်းထားသည်။ Fast Charging စနစ်ပါဝင်ပြီး Full Metal Body Structure သတ္ထု ကိုယ်ထည်တစ်ခုလုံးတပ်ဆင်ထားသည်။ 4G Dual Sim အမျိုးအစား ဖြစ်ပြီး နှစ်ကဒ်လုံး တွင် 4G အသုံးပြုနိုင်သည်။ Android 5.1 အခြေပြု MIUI 7 ဖြင့်လည်ပတ်ထားသည်။ 16 GB ကို US $ 140 , 32 GB ကို US $ 170 ဖြင့် နိုဝင်ဘာလ 27 ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်သည်။


Mi Pad 2 မှာ 7.9 inches မျက်နှာပြင်အကျယ်ရှိပြီး 1536×2048 (324ppi pixels) Resolution ရှိသည်။ Intel Atom X5-Z8500 Quad-core 2.24 GHz ပရိုဆက်ဆာ တပ်ဆင်ထားပြီး RAM 2 GB ဖြင့်လည်ပတ်ထားသည်။ 16 GB နှင့် 64 GB ဗားရှင်းနှစ်မျိုးထုတ်လုပ်ထားသည်။ Main camera 8MP နှင့် Secondary camera 5MP တပ်ဆင်ထားသည်။ Wifi စနစ် ဖြစ်ပြီး Sim Card ထည့်သွင်း အသုံးမပြုနိုင်ပေ။

ဘက်ထရီ 6190 mAh ဘက်ထရီတပ်ဆင်ထားပြီး 6.95mm ထိပါးလွှာကာ 322 g အလေးချိန်ရှိသည်။ Android 4.4 အခြေပြု MIUI 7 စနစ်အပြင် window 10 Operation System ကိုပါအသုံးပြုနိုင် မည်ဖြစ်သည်။16 GB ကို US $ 160 နှင့် 64 GB ကို US $200 ဈေးနူန်း သတ်မှတ်ထားပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com