11/24/2015

♪ Facebook က ရည်းစားဟောင်းများထံမှ ပို့စ်များကို အနည်းငယ်သာ မြင်တွေ့ရစေရန် ပြုလုပ်ပေး ♫


Facebook က Relationship နှင့် ပတ်သက်သော စွမ်းဆောင်ချက်အသစ်တစ်ခုကို ကြေညာလိုက်ပါသည်။ Facebook က Relationship Status ပြောင်းလဲသွားပြီးနောက်တွင် ရည်းစားဟောင်းများ၏ ပို့စ်များကို အနည်းငယ်သာ မြင်တွေ့ရစေရန် ကူညီမည် ဖြစ်သည်။

Facebook က ပြတ်စဲသွားသော စုံတွဲများအတွက် ရည်းစားဟောင်းထံမှ ပို့စ်များကို အနည်းငယ် သာ မြင်တွေ့လိုသလားဟု မေးမြန်းမည် ဖြစ်သည်။ ထို့အပြင် သင်နှင့် ပတ်သက်သော အရာများအား ရည်းစားဟောင်းက မြင်တွေ့နိုင်ခွင့်ကို ကန့်သတ်နိုင်မည် ဖြစ်သည်။ သင် Upload ပြုလုပ်ထားသော ဓါတ်ပုံများကိုလည်း Edit ပြုလုပ်နိုင်မည် ဖြစ်သည်။

သင်၏ Activity များကို ရည်းစားဟောင်း မမြင်စေရန် ကန့်သတ်ထားနိုင်ပါသည်။ သင်၏ Public Posts များကိုသာ ရည်းစားဟောင်းက မြင်တွေ့နိုင်မည်ဖြစ်သည်။ Mutual Friends များ၏ Timeline တွင် သင်မျှဝေထားသည်များကိုသာ ရည်းစားဟောင်း မြင်တွေ့နိုင်မည် ဖြစ်သည်။

အဆိုပါ စွမ်းဆောင်ချက် အသစ်ကို လက်ရှိတွင် အမေရိကန်၌သာ စမ်းသပ်နေပါသည်။ လူကြိုက်များလျှင် တစ်ကမ္ဘာလုံးတွင် ဖြန့်ချီပေးမည့်ပုံပေါ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com