Lenovo ရဲ့ စမတ်ဖုန်းထုတ်လုပ်ဖြန့်ချိရေးနည်းဗျူဟာတွေဟာ
တကယ့်ကိုထူးထူးခြားခြားလေးဖြစ်ပါတယ်။ Lenovo ကုမ္ပဏီဟာ
သူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ဖုန်းတွေကိုရောင်းချသလို Motorola
တံဆိပ်အောက်မှာ လည်း ထုတ်လုပ်လျက်ရှိပါတယ်။
အခြားစမတ်ဖုန်းတီထွင်ဖန်တီးတဲ့ကုမ္ပဏီတွေမှာပါ
ရင်းနှီးမြှုပ်နှံမှုတွေပြု လုပ်ထားပြီး ဒီတစ်ခေါက်မှာတော့
ဟောင်ကောင်အခြေစိုက် ZUK မိုဘိုင်းနဲ့ပူးပေါင်းပြီး Lenovo ZUK Z1 ကို
ဖန်တီးပေး လိုက်ပါတယ်။ Z1 ဟာဆိုရင် Zuk mobile ရဲ့ပထမဆုံးစမတ်ဖုန်းဖြစ်ပြီး
ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။
Home button လက်ဗွေရာဖတ်နိုင်တဲ့စနစ်ကိုဆောင်ရွက်နိုင်ပြီး တိကျမြန်ဆန်မှုလည်း ရှိပါတယ်။ Fingerprint နဲ့ ဖုန်းကို ၁ စက္ကန့်အတွင်း screen on အောင် ပြုလုပ်ပေးနိုင်ပြီး NFC ကို မပံ့ပိုးပေးနိုင်တာကတော့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ Home ခလုတ်ကိုအကြာကြီးဖိနှိပ်ထားရင် home screen ကို တစ်ခါတည်းရောက်ရှိနိုင်ပြီး ထိရုံလေးနဲ့ဆိုရင် back ခလုတ်အဖြစ်ဆောင်ရွက်ပေး ပါတယ်။ ပုံမှန်ဘက်ထရီသက်တမ်းတွေထက် ပိုမိုခံနိုင်ရည်ရှိတဲ့ 4100mAh ဘက်ထရီဟာ 3G ကွန်ရက်မှာ စကား ပြောချိန် ၃၈ နာရီပေးစွမ်းနိုင်ပြီး အားသွင်းချိန်မြန်ဆန်ပါတယ်။
* Design & Build *
Lenovo Zuk Z1 နဲ့ iPhone 6s ကို ဘေးတိုက်အနေအထားယှဉ်ကြည့်လိုက်ရင် မြင်မြင်ချင်း ခွဲခြားရ ခက်ခဲနေမှာသေချာပါတယ်။ ZUK Z1 ရော iPhone ရဲ့အရောင်တွေကလည်း တူညီနေပြီး iPhone 6 Plus ရဲ့ Home button နဲ့ Fingerprint sensor တွေကတော့ ကွာခြားချက်တွေရှိနေပါတယ်။ ZUK Z1 ရဲ့ ဘေးပတ်လည်ကိုသတိထားကြည့်လိုက်ရင် အနည်းငယ်ထောင့်တွေကိုကွေးပေးထားပြီး အဖြူရောင် အင်တာ နက်အစင်းကြောင်းနဲ့ ကွပ်ထားတာတွေ့မြင်နိုင်ပါတယ်။ ဒီဇိုင်းကတော့ရိုးရှင်းပြီး Z1 မှာ သတ္တုနဲ့ တည်ဆောက် ထားတဲ့ ကိုယ်ထည်ပါရှိပါတယ်။ ကျောဘက်ကိုတော့ သတ္တုအစား ပလတ်စတစ်ပဲ အသုံးပြုထားပါတယ်။ Volume နဲ့ Power ခလုတ်တို့ကို ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတွေ့ရပြီး ဆင်းကတ် အပေါက်ကတော့ ဆန့်ကျင် ဘက်ညာဘက်ခြမ်းမှာဖြစ်ပါတယ်။ လေးထောင့်ဆန်ဆန် Home button မှာ fingerprint scanner ပါဝင်ပြီး ငွေမှင်ရောင်သတ္တုနဲ့ ကွပ်ပေးထားပါတယ်။
* Display *
ZUK Z1 မှာ ၅.၅ လက်မအရွယ် IPS LCD Display ပါဝင်ပြီး 1080 x 1920 pixels Full HD ရုပ်ထွက် အရည်အသွေးနဲ့ Pixel သိပ်သည်းဆ 401 ppi ထိပေးစွမ်းနိုင်ပါတယ်။ Mid-range ဖုန်းတွေအတွက် Full HD Display ဟာ အသင့်တော်ဆုံးဖြစ်ပြီး Live Display Feature သုံးပေးထားတာကြောင့် စိတ်ဝင်စားစရာကောင်း ပါတယ်။ နေ့နဲ့ညတို့အပေါ်မူတည်ပြီး အရောင်အသွေးတောက်ပလင်းလက်မှုတို့ လိုက်လံပြောင်းလဲပေးနိုင်ပါ တယ်။ နေရောင်ပြင်းပြင်းအောက်မှာ အလင်းရောင်ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားစေဖို့ Automatic outdoor mode လည်းပါဝင်ပါတယ်။
* Operating System and Camera *
Android OS 5.1.1 (Lollipop) ပေါ်မှာအခြေခံထားတဲ့ Cyanogen OS 12.1 ကို Z1 မှာ run ပေးထားတာက အကောင်းဆုံး Feature တစ်ခုအဖြစ် ပါဝင်နေပါတယ်။ Sony Exmor RS Sensor အသုံးပြုထားတဲ့ f/2.2 13 MP ကင်မရာကိုကျောဘက်မှာတပ်ဆင်ထားပြီး OIS လည်းပါဝင်ပါတယ်။ Lens ၅ ခုနဲ့ အဆင့်ဆင့်ဖွဲ့စည်း ထားတဲ့ကင်မရာရဲ့ဘေးမှာ dual LED Flash မီးကိုတွေ့နိုင်ပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာသုံးနိုင်ပါ တယ်။ Full HD 1080 P ဗီဒီယိုကိုရိုက်ကူးနိုင်ပါတယ်။
* Performance *
Qualcomm, Samsung, MediaTek စတဲ့ 64 bit processor တွေကို စမတ်ဖုန်းအများစုမှာ ထည့်သုံးကြ ပေမယ့် Zuk Z1 မှာတော့ 32 bit Snapdragon 801 processor နဲ့ပဲထွက်ရှိလာပါတယ်။ Qualcomm Snapdragon 801 ဟာ စွမ်းဆောင်ရည်ပိုင်းမှာယုံကြည်အားကိုးရတဲ့ Processor ဖြစ်တာမို့ Z1 ကို အကောင်းဆုံးရွေးချယ်နိုင်ပါတယ်။ RAM 3GB ပါရှိပြီး ဖုန်းတွင်းသိုလှောင်မှုပမာဏ 64GB ကိုပဲသုံးနိုင်ကာ Card Slot မပါဝင်တော့ပါဘူး။ ဖြုတ်/တပ်လို့မရတဲ့ Li-Po 4100 mAh ဘက်ထရီသုံးစွဲပေးထားပါတယ်။
* Specification *
Display : 5.5 inches, IPS LCD capacitive touchscreen Memory : 64GB, 3GB RAM Camera : 13 Megapixel, autofocus, dual-LED flash, Geo-tagging OS : Android OS, v 5.1.1 (Lollipop) Phone : 01-382868 (T-LAND)
Price : 386,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal