11/25/2015

♪ တန်းဖိုးနည်း Oppo A33 ကို ရောင်းချ ♫


Oppo က စွမ်းဆောင်ရည်နိမ့် တန်ဖိုးနည်း စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ Oppo A33 ဟု အမည်ပေးထားပြီး 1.2GHz Quad-Core Snapdragon 410 SoC မောင်းနှင်မည် ဖြစ်သည်။ ငါးလက်မ 960x540p Display တပ်ဆင်ထားပါသည်။

Oppo A33 တွင် 2GB RAM, 16GB Internal Storage , 2400mAh Battery တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ ၁၄၆ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစား အပြည့်အစုံမှာ 142.7 × 71.7 × 7.55 (mm) ဖြစ်ပါသည်။ Android 5.1 Lollipop ကို အခြေပြုထားသော ColorOS 2.1 မောင်းနှင်မည် ဖြစ်သည်။ Bluetooth 4.0, MicroUSB 2.0, 4G LTE, Wi-Fi, GPS/A-GPS ဆက်သွယ်မှုများ ပါရှိပါသည်။

အဖြူနှင့် အနက်ရောင်များ ရွေးချယ်နိုင်ပြီး တရုတ်တွင်သာ ရောင်းချပေးနေပါသည်။ ဒေါ်လာ ၂၃၅ ၀န်းကျင် တန်ကြေးရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com