11/27/2015

♪ Kirin 900 ပရိုဆက်ဆာ၊ full HD display နှင့် သတ္တုကိုယ်ထည် ပါဝင်သော Huawei Mate 8 ♫


ကောလာဟလသတင်းများ ရက်သတ္တပတ်အတန်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် Huawei က Mate 8 ကို ရှန်ဟိုင်းမြို့တွင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ထုတ်ကုန်သည် Huawei Mate 7 ၏ ခြေရာဆက်ခံ မည် ဖြစ်ပြီး ၎င်းတွင် Huawei ၏ Kirin 950 SoC သစ်ကို အသုံးပြုထားသည်။

Huawei Mate 8 တွင် ၆ လက်မ IPS LCD display ပါဝင်သည်။ Display က 1080p ဖြစ်ပြီး pixel သိပ်သည်းဆက ၃၆၇ ဖြစ်သည်။

Mate 8 ကို သတ္တုစပ်ကိုယ်ထည်ဖြင့် ဖန်တီးထားပြီး ဖုန်း၏ ကျောဘက်ကို ကွေးညွှတ်ထားသောကြောင့် ကိုင်ဆောင်ရာတွင် အလွယ်တကူ ဖြစ်စေသည်။

၎င်းတွင် octa-core chipset တစ်ခုဖြစ်သော HiSilicon ၏ Kirin 950 SoC သစ်ကို အသုံးပြုထားသည်။ အဆိုပါ chipset တွင် 1.8GHz 4x Cortex A53 နှင့် 2.3GHz 4x Cortex A72 တို့ပါဝင်သည်။ GPU အတွက် Mali-T880MP4 ကို အသုံးပြုထားပြီး သိုလှောင်မှုအပေါ်မူတည်ကာ 3GB/4GB LPDDR4 RAM ဖြင့် ရရှိနိုင်သည်။ သိုလှောင်မှုပမာဏအဖြစ် 32GB, 64GB, 128GB တို့ဖြင့် ရရှိနိုင်ပြီး dual SIM အနေဖြင့် သုံးနိုင်မည့် microSD card slot တစ်ခုကို ထောက်ပံ့ပေးထားသည်။


ကင်မရာအနေဖြင့် ကျောဘက်တွင် 16MP Sony IMX298 နှင့် dual-LED flash ကို တပ်ဆင်ပေးထားသည်။ ၎င်းသည် 1080p ဗီဒီယိုကိုသာ ရိုက်ကူးနိုင်ပြီး 4K option မပါဝင်ပေ။ အရှေ့ဘက်ကင်မရာက 8MP Sony IMX179 ဖြစ်သည်။

Huawei Mate 8 တွင် မဖယ်ရှားနိုင်သော 4,000mAh ဘက်ထရီကို အသုံးပြုထားပြီး Quick Charging ကို ထောက်ပံ့ပေးထားသည်။ Android 6.0 Marshmallow ကို အသုံးပြုထားပြီး Huawei ၏ EmotionUI 4.0 skin ဖြင့် သုံးနိုင်သည်။


၎င်းကို ၂၀၁၆ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၌ စတင်ရောင်းချမည် ဖြစ်သည်။ တန်ဖိုးမှာ 32GB/3GB အတွက် ၄၇၀ ဒေါ်လာ၊ 64GB/4GB အတွက် ၅၈၀ ဒေါ်လာနှင့် 128GB/4GB အတွက် ၆၉၀ ဒေါ်လာ အသီးသီးကျသင့်မည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမှုကို CES 2016 တွင် ကြေညာပြီးနောက် စတင်ဖွယ်ရှိသည်။

Ref: XDADevelopers
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com