11/30/2015

♪ Xiaomi က Redmi Note 3 ကို ဒေါ်လာ ၁၄၀ ဖြင့် ရောင်းချ ♫


Xiaomi က Redmi Note 3 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။ ၅.၅ လက်မ 1080p Full HD Display တပ်ဆင်ထားပါသည်။ 2 or 3GB RAM ရွေးချယ်နိုင်ပါသည်။ MediaTek Helio X10 Octa-Core Processor မောင်းနှင်မည် ဖြစ်သည်။ 16 or 32GB Internal Storage များ ရွေးချယ်နိုင်ပါသည်။

စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထဲတွင် သာလွန်ကောင်းမွန်သည့် အမျိုးအစားဖြစ်ပြီး တရုတ်တွင် အလွန် အံ့အားသင့်ဖွယ်ဈေးနှုန်းဖြစ်သော ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် 2GB RAM Version ကို ရောင်းချမည် ဖြစ်သည်။ 3GB RAM Version ကို ဒေါ်လာ ၁၇၀ သတ်မှတ်ထားပါသည်။

Redmi Note 3 တွင် Android 5.1 Lollipop ကို အခြေပြုထားသော MIUI 7 နှင့် အရွယ်ကြီးမားသော 4000mAh Battery ထည့်သွင်းထားပါသည်။ သတ္တုကိုယ်ထည်ကို အသုံးပြုထားပြီး ရွှေ၊ ငွေနှင့် အညိုရောင်များ ရွေးချယ်နိုင်ပါသည်။ Fingerprint Sensor ပါရှိပြီး ၀.၃ စက္ကန့်အတွင်းတွင် ဖုန်းကို Unlock လုပ်ပေးနိုင်သည်ဟု ရှောင်မီက ပြောပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com