11/30/2015

♪ Sony Xperia C5 Ultra ကို အမေရိကန်တွင် ရောင်းပြီ ♫


Selfie Photos များရိုက်ကူးရန် ကောင်းမွန်သော Sony Xperia C5 Ultra ကို အမေရိကန် တွင် ရောင်းချပေးလိုက်ပါသည်။ Sony ၏ စမတ်ဖုန်းအများစုကဲ့သို့ပင် Xperia C5 Ultra ကို Carrier များမှ ရောင်းချခြင်းမရှိဘဲ Unlocked ရောင်းချပေးထားပါသည်။

ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၁၉.၉၉ သတ်မှတ်ထားပြီး လက်ရှိတွင် အဖြူရောင်တစ်မျိုးသာ ရောင်းချပေးနေ ပါသည်။ Amazon နှင့် Expansys အရောင်းဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။

Sony Xperia C5 Ultra ၏ အရှေ့ဘက်တွင် 13MP Camera နှင့်အတူ LED Flash တစ်ခုကို ပူးတွဲတပ်ဆင်ပေးထားပါသည်။ စွမ်းဆောင်ရည်သင့် Phablet ဖြစ်ပြီး ခြောက်လက်မ 1080p Display ပါရှိပါသည်။ အနောက်ဘက်တွင်လည်း 13MP Camera နှင့် LED Flash ကို တပ်ဆင်ထားပါသည်။

2GB RAM, 16GB Storage, 2930mAh Battery , 1.7GHz Octa-Core MediaTek MT6752 SoC , Android 5.0 Lollipop တို့ ထည့်သွင်းထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com