11/30/2015

♪ " HTC One M9s VS Gionee S6 " ♫

https://fbcdn-photos-e-a.akamaihd.net/hphotos-ak-xfa1/v/t1.0-0/s480x480/12289691_915688691852291_5626531189290868851_n.jpg?oh=cf31baef534054afecf877077d8d45ea&oe=56F5CBD4&__gda__=1457123078_8fe2e3bee646921470a6186e27a56774

HTC One M9s ကို ထိုင်ဝမ်မှာမိတ်ဆက်ခဲ့ပြီး One M9 ရဲ့ ဒီဇိုင်းပုံစံနဲ့ အတော်လေး တူညီနေပေမယ့် အတွင်းပိုင်း hardware ပြောင်းလဲမှုအချို့ကို သတိထားနိုင်ပါတယ်။ M9s ဟာ ၅ လက်မအရွယ် Full HD Display နဲ့ ထွက်ရှိလာပြီး Android OS 5.1 (Lollipop) ကို HTC Sense UI 7.0 နဲ့ တွဲဖက်သုံးနိုင်ဖို့ ထည့်သွင်းပေးထားပါတယ်။ One M9 နဲ့ M9s မှာ အကြီးမားဆုံးပြောင်းလဲမှုက Processor လို့ပြောနိုင်ပြီး Mediatek Helio X10 chip ကို M9s မှာ တွေ့ရမှာဖြစ်ပါတယ်။

HTC ရဲ့ One စမတ်ဖုန်းအများစုမှာ တွေ့ရတတ်တဲ့ chip ဖြစ်ပြီး ဖုန်းတွင်းသိုလှောင်မှု 16GB ကို microSD နဲ့ 200GB ထိ တိုးမြှင့်နိုင်ပါတယ်။ One E တွေအတိုင်း 13MP sensor ကို ကျောဘက်မှာထည့်ပေးထားပြီး OIS ပါဝင်လာတာက သဘောကျစရာ ကောင်းပါတယ်။ 4MP အရည်အသွေးရှိ Ultrapixel ကင်မရာကို ရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ Gionee ဟာ ၅.၅ လက်မအရွယ်ရှိပြီး HD ရုပ်ထွက်ကိုပဲ ပံ့ပိုးပေးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 5MP ဖြစ်ပြီး ပင်မကင်မရာက 13MP အရည်အသွေးရှိပါတယ်။ Gionee S6 မှာ Li-Ion 3150mAh ဘက်ထရီကို သုံးနိုင်ပါတယ်။ Gionee S6 ရဲ့ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ရှိပြီး 128GB ထိ microSD နဲ့ တိုးမြှင့်နိုင်ပါတယ်။

* Design *
1. HTC One M9s
သတ္တုအပြည့် ဖုံးအုပ်ထားတဲ့ကိုယ်ထည်ကို HTC One M9s မှာ ဆက်လက်မြင်တွေ့နိုင်ပြီး 144.6 x 69.7 x 9.6mm အရွယ်အစားနဲ့ 158g အလေးချိန်ရှိပါတယ်။ M9s ရဲ့ ဒီဇိုင်းဟာ ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့ရဘဲ အရင် One M series တွေနဲ့ ဆင်တူပါတယ်။
2. Gionee S6
Gionee ဟာ S6 ကို အပါးလွှာဆုံး နောက်ဆုံးပေါ် mid-range တစ်လုံးလို့ ကြေညာခဲ့ပြီး အရင် S series တွေနဲ့မတူဘဲ ကျောပြင်ကို ဖန်သားနဲ့ တည်ဆောက်ထားပါတယ်။ 6.9mm အထူနဲ့ သတ္တုကိုယ်ထည်ကို တွေ့နိုင်ပြီး ဘေးဘောင်တွေကလည်း အလွန်ပါးလွှာပါတယ်။

* Processor *
1. HTC One M9s
One M9s ရဲ့ စွမ်းဆောင်ရည်အတွက် Mediatek MT6795 Helio X10 Octa-core processor က မြန်နှုန်းမြင့် ဆောင်ရွက်ပေးပါတယ်။ One E9 နဲ့ E9s မှာပါဝင်တဲ့ RAM ပမာဏအတိုင်း 2GB RAM ကို ထည့် သွင်းထားပြီး ဂရပ်ဖစ်ကတော့ PowerVR G6200 ဖြစ်ပါတယ်။
2. Gionee S6
1.3GHz မြန်နှုန်းရှိ octa-core Mediatek MT6753 processor နဲ့ အကောင်းဆုံးစွမ်းဆောင်ရည် မြှင့်တင်ပေးပြီး RAM 3GB ကိုပါ ကောင်းကောင်းအသုံးချနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းတွေအတွက် လျင်မြန် သွက်လက်စေနိုင်တဲ့ ဂရပ်ဖစ် Mali-T720 ထည့်ထားပါတယ်။

* Display *
1. HTC One M9s
၅ လက်မအရွယ် display ပါဝင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ပေးစွမ်းနိုင်တဲ့ Super LCD3 display အမျိုးအစား ဖြစ်ပါတယ်။ Pixel သိပ်သည်းဆ 441ppi ပါဝင်ပြီး မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်အောင် Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါတယ်။
2. Gionee S6
မျက်နှာပြင် ပိုမိုကြီးမားပြီး ၅.၅ လက်မအရွယ် AMOLED Display ပါဝင်ပါတယ်။ 720 x 1280 pixels HD resolution ပေးစွမ်းနိုင်တဲ့ မျက်နှာပြင်ဟာ pixel သိပ်သည်းဆ 267ppi ကို ဖော်ပြပေးနိုင်ပါတယ်။ အရောင်အသွေးစုံလင်ပြီး ဂိမ်းနဲ့ဗီဒီယိုတွေအတွက် အဆင်ပြေပါတယ်။

* Verdict *
1. HTC One M9s
HTC One M8, M9 တို့ကို အားပေးမှုကြောင့် သုံးစွဲသူပရိသတ်တွေအတွက် စဉ်းစားပေးပြီး HTC က One M9s ကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ One M9 ရဲ့ ကင်မရာအရည်အသွေးလောက် မမီပေမယ့် M9s ရဲ့ သုံးလို့အဆင်ပြေပါတယ်။ HTC ရဲ့ လူကြိုက်များတဲ့ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တို့ကတော့ မပျက်မကွက် ပါဝင်လာခဲ့ပါတယ်။
2. Gionee S6
အပါးလွှာဆုံး စမတ်ဖုန်းတွေဖြစ်တဲ့ OPPO R5 နဲ့ Vivo X5 Max တို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် Gionee ရဲ့ အပါးလွှာဆုံး S6 ကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြားချပ်တဲ့ကိုယ်ထည်နဲ့ ဖန်သားကျောပြင်ဒီဇိုင်းတို့ ကြောင့် ပိုပြီးခံ့ညားလှပနေပါတယ်။ ဒါ့အပြင် SIM Card (၂) မျိုး ထည့်သုံးနိုင်ပြီး မျက်နှာပြင်ကြီးမားမှုကိုလည်း မြင်တွေ့နိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com