11/24/2015

♪ “ Huawei Mate S VS Xiaomi Mi 4c “ နှစ်မျိုးကိုနှိုင်းယှဉ်ကြည့်ခြင်း ♫


စမတ်ဖုန်းဈေးကွက်မှာ အင်အားကြီးမားတဲ့ Apple နဲ့ Samsung တို့ကို ယှဉ်ပြိုင်ရတာ မလွယ်ကူပေမယ့် Huawei ဟာ သူ့ရဲ့ထုတ်ကုန်တွေကို အများဝယ်ယူသုံးစွဲနိုင်လောက်တဲ့ ဈေးနှုန်းနဲ့ ရောင်း ချပေးနေပြီး ဈေး ကွက်ကိုထိုးဖောက်လာပါတယ်။ Huawei Mate S ဟာ ဆိုရင်လည်း သဘောကျစရာအချက်တွေ ပါဝင်နေပြီး ဆွဲဆောင်မှုရှိတဲ့ သတ္တုကိုယ်ထည်၊ ကင်မရာတို့အပြင် Huawei ရဲ့ Android Skin တို့ကြောင့် ဖုန်းဟာ သုံးစွဲလို့အတော်လေးကောင်းမွန်နေပါပြီ။

iPhone 6s မှာ တွေ့ရတဲ့ 3D Touch နဲ့ တူညီတဲ့ pressure-sensitive screen နည်းပညာကို Mate S မှာ သုံးနိုင်ပေမယ့် iPhone လောက်တော့ အလုပ်ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ Mate S ရဲ့ အဓိက ကင်မရာဟာ 13MP ဖြစ်ပြီး OIS နဲ့ Dual-LED flash မီး သုံးနိုင်အောင် တပ်ဆင်ထားပါတယ်။ Huawei Mate S နဲ့ Xiaomi Mi 4c နှစ်ခုလုံးမှာ Android OS 5.1.1 (Lollipop) ထည့်သွင်းပေး ထားပါတယ်။ Mi 4c မှာလည်း 13MP ကို ကျောဘက်ကင်မရာမှာသုံးနိုင်ပြီး full HD ဗီဒီယို ရိုက်နိုင်ပါတယ်။ Li-Ion 3080mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

* Design *
1. Huawei Mate S
သတ္တုပြည့်ကိုယ်ထည်ကြောင့် Mate S ကို အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဆိုတာ တန်းသိနိုင်ပြီး Mate S ဟာ 7.2mm အထူနဲ့ အရင် Mate 7 ထက် ပိုမိုပါးလွှာလာပါတယ်။ ကျောဘက်ကို အနည်းငယ်လေး ခုံးပေးထားတာမို့ သက်သောင့်သက်သာသုံးစွဲနိုင်ပါတယ်။

2. Xiaomi Mi 4c
132 g အလေးချိန်ရှိတဲ့ Mi 4c ဟာ တကယ်တော့ သတ္တုအပြည့်နဲ့ဖုံးအုပ်ထားတဲ့ ဖုန်းတစ်လုံးမဟုတ်ဘဲ 7.8mm ပါးလွှာပြီး Poly-carbonate နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီဇိုင်းအပြင် ရရှိနိုင်တဲ့အရောင်တွေ စုံစုံလင်လင်နဲ့ ဆွဲဆောင်မှုအပြည့် ရှိပါတယ်။

* Processor *
1. Huawei Mate S
Huawei ဟာ Kirin 935 chip ကိုပဲ သုံးထားပြီး HiSilicon က ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Octa-core chip 2.2GHz မြန်နှုန်းရှိ core ၄ လုံး processor နဲ့ ပုံမှန် task တွေကိုတော့ 1.5GHz quad-core chip က ဆောင် ရွက်ပေးပါတယ်။ 3GB RAM ပမာဏကို ထည့်သွင်းထားပါတယ်။

2. Xiaomi Mi 4c
Snapdragon 808 processor ကို Mi 4c မှာ Octa-core CPU နဲ့ တွဲဖက်ပြီး မြန်နှုန်းမြင့် ဆောင်ရွက်ပေးပါတယ်။ RAM 2GB ကို ကောင်းကောင်းအသုံးချနိုင်သလို ဂိမ်းနဲ့မီဒီယာတွေအတွက် စိတ်ချရတဲ့ ဂရပ်ဖစ် Adreno 410 ရဲ့စွမ်းဆောင်ရည်ကို မြင်တွေ့နိုင်ပါတယ်။

* Display *
1. Huawei Mate S
၅.၅ လက်မအရွယ် Display အတွက်တော့ 1080 x 1920 pixels full HD ရုပ်ထွက် အရည်အသွေးဟာ ပုံမှန်ရှိသင့်တာဖြစ်ပြီး မျက်နှာပြင်အကြမ်းဒဏ်ကို Gorilla Glass 4 နဲ့ ကာကွယ်ဖုံးအုပ် ထားပါတယ်။ Force Touch display သုံးနိုင်ပြီး AMOLED အမျိုးအစား ဖြစ်ပါတယ်။

2. Xiaomi Mi 4c
Xiaomi Mi 4c ရဲ့ ၅ လက်မအရွယ် full HD မျက်နှာပြင်ဟာ pixel သိပ်သည်းဆ 441 ppi ပေးစွမ်းနိုင်လို့ အရည်အသွေးပြည့်ဝတဲ့မျက်နှာပြင်ကို ပိုင်ဆိုင်နိုင်ပါတယ်။ Sunlight Display နည်းပညာကြောင့် ကြည်လင်ပြတ်သားတဲ့ screen ကို ရရှိနိုင်ပါတယ်။

* Verdict *
1. Huawei Mate S
High-end ဖုန်းတစ်လုံးဆိုတာ ချက်ချင်းသိနိုင်အောင် Huawei ဟာ Mate S ရဲ့ ဒီဇိုင်းကို ကြည့်ကောင်းနေအောင် ဖန်တီးပေးထားပါတယ်။ Apple ဖုန်းတွေလို pressure-sensitive screen ဟာ Mate S မှာ ပါဝင်လာပြီး ကျောဘက်မှာရှိနေတဲ့ fingerprint scanner ကို အရင် Mate 7 အတိုင်း သုံးနိုင်ပါတယ်။

2. Xiaomi Mi 4c
Xiaomi ရဲ့ ထုတ်ကုန်အမျိုးစုဟာ အရည်အသွေးပိုင်းကိုအဓိကဆောင်ရွက်ပြီး ဈေးနှုန်းကိုတော့ သင့်တင့်မျှတအောင် အမြဲစီစဉ်ထုတ်လုပ်ပေးထားတာကြောင့် Mi 4c ဟာ ဆိုရင်လည်း ကောင်းမွန်တဲ့ feature တွေနဲ့အတူ အဆင့်မြင့်စွမ်းဆောင်ရည်တို့ ပါဝင်နေတာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com