11/27/2015

♪ “INHON P1” ♫


အချို့တွေက မျက်နှာပြင်အရွယ်အစားသေးငယ်သော ဖုန်းများ ကိုအသုံးပြု ကြပါတယ်။ အချို့တွေက အရွယ်အစားကြီးမားသည့် ဖုန်းတွေကိုသာ ကိုင်ဆောင်ကြပါတယ်။ ဒါကြောင့်ဖုန်းထုတ်လုပ်သော ကုမ္ပဏီများဟာ Phablet အမျိုးအစားဖုန်းများကို လည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Phablet အမျိုးအစားဖုန်းများသည် ကိုင်ဆောင်အသုံးပြု တဲ့အခါတွင် အရွယ်အစား ကြီးမားပေမယ့် မျက်နှာပြင်ကျယ်ဝန်းတာကြောင့် ပုံရိပ် ကြည့်ရှုမှုအပိုင်းအတွက်အဆင်ပြေစေပါတယ်။

တန်ဖိုးကြီးမားသော Phablet များလည်းရှိပြီး တန်ဖိုးသက်သာသော Phablet များကိုလည်း ရွေးချယ် ၀ယ်ယူနိုင်အောင် ဆိုင်များကတင်သွင်းရောင်းချ ပေးထားပါတယ်။ ယခု Phablet အမျိုးအစားကတော့ မျက်နှာပြင်အကျယ် အ၀န်း ၇ လက်မရှိမှာ ဖြစ်ပြီးမြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ မှာ1024x600 ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံထုတ်အမျိုးအစား Phablet ဖြစ်ပါ တယ်။

ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက်လည်း ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင် ပေးထားပါတယ်။ ဒါပေမယ့် အဆိုပါ ကင်မရာများဟာ အပျော်တမ်း အဆင့်ပဲ ရှိပါတယ်။ အဓိကကင်မရာသည် 2MP စွမ်းရည်ရှိမှာဖြစ် ပြီး ရှေ့ကင်မရာ ငယ်ကတော့ VGA စွမ်းရည်ဖြစ်ပါတယ်။ အဆိုပါ Phablet ကို Sim Card များထည့်သွင်းအသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ ထို့ကြောင့် Phablet တစ်မျိုးတည်းနဲ့ တင် ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ WiFi စနစ်ကိုလည်းအသုံးပြုလို့ ရခြင်းကြောင့် အပြင် သွားလာတဲ့ အခါတွင်ယူဆောင်သွားနိုင်ပါမယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး Internal Storage အနေဖြင့် 8GB ပါရှိမှာဖြစ်ပါ တယ်။ အချက်အလက် အများအပြားသိမ်းဆည်းနိုင်ဖို့အတွက်လည်း Card Slot စနစ် ပါရှိပါတယ်။ သုံးစွဲနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ 4.4.2 ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 7 inches
CPU - Q.C 1.3GHz
OS - Android OS,v4.4.2
Memory - 8GB
Bluetooth - Yes
Contact - 01-252988
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com