Apple
သည် စက်တင်ဘာလက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည့် iPad Pro ကို နိုဝင်ဘာလတွင်
မိတ်ဆက်ပေးခဲ့သော်လည်း စတင်ရောင်းချမည့် ရက်အတိအကျကို
ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပေ။
သို့ရာတွင် iPad Pro ကို စတင်ရောင်းချမည့်ရက်သည့် နိုဝင်ဘာလ ၁၁ ရက်ဖြစ်ကြောင်း ယုံကြည်ရသော ရင်းမြစ်များကို ကိုးကားထားသည့် သတင်းဖော်ပြချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ရက်တွင် iPad Pro ကို လက်လီစတိုးနှင့် အွန်လိုင်းစတိုး နှစ်ခုစလုံးတွင် ရောင်းချမည်ဟုဆိုသည်။
ထို့အပြင် ၉၉ ဒေါ်လာတန် Apple Pencil နှင့် ၁၆၉ ဒေါ်လာတန် Smart Keyboard တို့ကိုလည်း iPad Pro နှင့်အတူ နိုဝင်ဘာလ ၁၁ ရက်တွင် ရောင်းချမည်ဟု သိရသည်။ iPad Pro တွင် ၁၂.၉ လက်မ 2,732 x 2,048 touch screen, Apple ၏ A9X ချစ်ပ်နှင့် စပီကာလေးခု ပါဝင်သည်။ တန်ဖိုးက ၇၉၉ ဒေါ်လာဖြစ်သည်။
Ref: GSMArena

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။