11/03/2015

♪ “ကိုယ်ထည်ပိုင်းဒီဇိုင်းပြောင်းလဲမှုနဲ့အတူလက်ဗွေဖတ်စနစ်ပါဝင်လာတဲ့ HTC One A9(Aero)” ♫


ထိုင်ဝမ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ နိုင်ငံတကာဈေးကွက် မှာရာနှုန်းပြည့်အောင်မြင်မှုကို ရရှိနိုင်စေဖို့ အတွက် သူတို့ရဲ့နောက်ထပ်ဖုန်း တစ်လုံးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံ(၅)ခုမှာ တစ်ပြိုင်နက်တည်း မိတ်ဆက်လိုက်ပါတယ်။ သူကတော့လတ်တလောထွက်ထားတဲ့ HTC စမတ်ဖုန်းတွေနဲ့ လုံးဝကွာခြားတဲ့ ကိုယ်ထည်ခံစားမှုနဲ့အတူ လက်ဗွေဖတ် စနစ်ကိုပါ သုံးစွဲနိုင်မယ့် HTC One A9ဖြစ် ပါတယ်။ HTC အနေနဲ့ A9 ထုတ်လုပ်ခဲ့မှုမှာဝေဖန်ချက် တွေကိုတော့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ HTC အနေနဲ့စမတ်ဖုန်းသစ်ကို ဈေးကွက်အတွင်းမိတ်ဆက်ခြင်း မပြုလုပ်ခင် အစောပိုင်းအချိန်တွေ ထဲကဖြစ်ပါတယ်။

ဘယ်လို ဝေဖန်ချက်တွေလဲဆိုတော့ ထိုင်ဝမ်ကုမ္ပဏီရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဟာ Apple ရဲ့ iPhone 6/6S တို့နဲ့တူညီ မယ်ဆိုတာပါပဲ။ ဒီဝေဖန်ချက်တွေကို HTC အနေနဲ့ရှင်းလင်း ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သတ္တုကိုယ်ထည်နဲ့ ဖုန်းကို ထိုင်ဝမ် အခြေစိုက်ဖုန်းထုတ်လုပ်သူအနေ နဲ့အစောပိုင်းထဲကထုတ်လုပ်လာခဲ့တယ် ဆိုတာပါပဲ။ ကုမ္ပဏီရဲ့အစောပိုင်းနှစ်တွေ တုန်းကထုတ်လုပ်ခဲ့တဲ့ M7(HTC One) ဟာ လုံးဝသတ္တုကိုယ်ထည်နဲ့ ဖုန်းဖြစ်နေလို့ပါ။ ကိုယ်ထည်ဒီဇိုင်းပိုင်း မှာကြည့်လိုက်မယ် ဆိုရင် M7 ကိုအနည်းငယ်ပြောင်းလဲ ထားတဲ့ပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ပါဝင်လာ တာနဲ့ပိုမိုကျစ်လျစ်တဲ့ ကိုယ်ထည်အချိုးအစားပဲကွာခြားသွားတာလို့ဆိုပါတယ်။


အရှေ့ဘက်မျက်နှာပြင်မှာအမြဲတမ်းထည့်သွင်းပေးလေ့ရှိတဲ့ Boomsound စပီကာကိုတော့လုံးဝဖယ်ရှားပစ် လိုက်ပါပြီ။ လတ်တလောထွက်ထားတဲ့ Galaxy S6, iPhone 6S တို့လိုမျိုး စပီ ကာဟာ ဖုန်းရဲ့အောက်ဘက်မှာသာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ အစောပိုင်းထွက်ရှိထားမှုအရတော့ mid-range hardware တွေထည့်သွင်းပေးလိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် အမှန်တကယ်ထွက်ရှိလာချိန်မှာတော့ သစ်လွင်တဲ့ဒီဇိုင်းပါဝင်ထည့်သွင်းမှု တွေကို တွေ့ရပါတယ်။ Qualcomm ရဲ့လန်းဆန်းသွက်လက်တဲ့ Snapdragon 617 ပရိုဆက်ဆာကို 3GBRAM နဲ့တွဲဖက်ပေးမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းနဲ့ ပတ်သက်ရင်တော့ အနည်းငယ်ဝိတ်လျှော့လိုက်တယ်လို့ထင် စရာရှိပါတယ်။ HTC M9 မှာထည့်သွင်းပေး ထားတဲ့ 20.7MP တိုရှီဘာ ကင်မရာ မဟုတ်တော့ဘဲ၊ 13MP နဲ့ဆိုနီကင်မရာကိုသာသုံးထားတာကြောင့် ပါ။

OS ပိုင်းနဲ့ပတ်သက် လာရင်တော့ Google ရဲ့အသစ်ထွက် android 6.0 Marshmallow ကိုပထမဆုံးအသုံးပြုရမယ့် စမတ်ဖုန်းဖြစ်လာမှာပါ။ နိုဝင်ဘာလမှာဝယ်ယူရရှိနိုင်တော့မယ့် HTC ဖုန်းအသစ်ဟာလတ်တလော ထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့နှိုင်းယှဉ်လိုက်မယ် ဆိုရင် ဈေးနှုန်းကလည်း အတော်လေး သက်သာနေမှာပါ။ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးကို ဒေါ်လာ၇၀၀ကျော်ပေးဝယ် နေရတဲ့ အချိန်မှာ A9 ရဲ့ဈေးနှုန်းကဒေါ်လာ ၄၀၀ ၀န်းကျင်သာရှိမှာ ဖြစ်ပါတယ်။ HTC One M9 ဟာစတိုင်ကျလှပချင်တဲ့ အမျိုးသားတွေအတွက်ဆိုရင် A9 ဟာသပ်ရပ်တဲ့စတိုင်ကိုနှစ်ခြိုက်တဲ့ အမျိုးသမီးတွေအတွက်ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် A9 ကိုအရောင်(၄)မျိုးနဲ့ရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပါတယ် . . .


<AMOLED မျက်နှာပြင်ကိုပြောင်းလဲသုံးစွဲလာမှု>
စမတ်ဖုန်းတစ်လုံးအတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာ အရေးကြီးလှပါ တယ်။ ကြည်လင်ပြတ်သားတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်း ရရှိမှသာ ဂိမ်းတွေ ဆော့ကစားတာ၊ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာ စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် HTC One A9 မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် full HD(1080×1920) ကိုပေးစွမ်းထားပြီး M9 နဲ့ဆင်တူပါ လိမ့်မယ်။ Display ပိုင်းမှာတော့ M9 မှာလို Super LCD3 ကိုမသုံးတော့ဘဲနဲ့ AMOLED ကိုသုံးထားပါတယ်။ ၅ လက်မ မျက်နှာပြင်မှာ ပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့ 441ppi နဲ့ ထောက်ပံ့ပေးထား ပါတယ်။ HTC One A9 နဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့ ပုံစံဒီဇိုင်းပိုင်းမှာ အတော်လေးကွာဟသွားမှာကိုတွေ့ရမှာဖြစ်ပါတယ်။ ကင်မရာတပ်ဆင် ထားတဲ့ပုံစံကကြည့်လိုက် တာနဲ့ခွဲခြားမှတ်မိနိုင်ပါတယ်။ အသေးစိတ် ကြိုးစားထားတဲ့အချောသပ်လုပ်ဆောင်မှုတောင် ကိုင်တွယ်ရတာ ပိုကောင်း လာပါတယ်။ ဂိမ်းတွေဆော့ ကစားတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင်မှုကိုရရှိစေမှာဖြစ်ပြီး ကိုယ်ထည်အချိုး ကတော့ 145.8 × 70.8 × 7.3 mm ရှိမှာဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင်ရဲ့ ပိုမိုအကြမ်းခံ သွားတဲ့ အပိုင်းကတော့ Gorilla Glass 4 ကိုဖုံးအုပ်ကာကွယ်ပေးထားတာ ကြောင့်ပြုတ်ကျသွားရင် တောင်ကွဲအက်ခြင်း ရှိတော့မှာမဟုတ်ပါဘူး။ 2.5D ဖော်ပြနိုင်မှုဟာ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် Butterfly နဲ့တောင်ပို၍ ဆင်တူပါသေးတယ်။

<13MP ကင်မရာနဲ့ Selfie အတွက် 4MP Ultrapixel>
ကင်မရာပိုင်းမှာတော့လုံးဝပြောင်းလဲသွားပြီဖြစ်ပါတယ်။ M9 မှာသုံးခဲ့တဲ့ 20.7MP Camera မဟုတ်တော့ဘဲ 13MP Sony ကင်မရာကိုနောက် ကျောဘက်မှာတပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက်မှာ တပ်ဆင် ထားတဲ့ ကင်မရာဟာ ထိုးထွက်နေတာကြောင့် ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေကိုကာကွယ်နိုင်စေဖို့အတွက် Sapphire Glass ကို 13MP ကင်မရာ lens ပေါ်မှာဖုံးအုပ်ထားပေးပါတယ်။ ဓာတ်ပုံ တွေရိုက်ကူးတဲ့အခါမှာပုံရိပ်အရည်အသွေး 4128 × 3096p နဲ့ရနိုင်မှာဖြစ်ပြီး၊ Pro mode ကိုသုံးပြီးရိုက်မယ်ဆိုရင် RAW အရည်အသွေးနဲ့ရရှိနိုင်မှာပါ။ ကင်မရာအရည်အသွေးကို ပိုကောင်း သွားစေဖို့အတွက် dual-LED (dual-tone) flash ထောက်ပံ့မှုလည်း တပ်ဆင်ပေးထားပါတယ်။ အလင်းရောင် အားနည်းတဲ့ အချိန်မှာ ရိုက်တဲ့ပုံတွေနဲ့ နေရောင်ခြည်တိုက်ရိုက်ကျသော နေရာတွေမှာ ရိုက်ကူးတဲ့ပုံတွေအတွက်ရှင်းလင်းပြတ်သားတဲ့ ပုံရိပ် စွမ်းဆောင်မှုကိုပေးစွမ်းမှာပါ။ အရှေ့ဘက်ကင်မရာငယ်ကတော့ selfie ရိုက်လိုသူတွေအတွက် 4MP (Ultrapixel) ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာရဲ့လုပ်ဆောင်နိုင်မှုတွေအတွက် ထပ်တိုးထောက်ပံ့မှုဖြစ်တဲ့ ဓာတ်ပုံ နှစ်ခုကို တစ်ခုတည်းအဖြစ် ပြန်လည်ပြင်ဆင်နိုင်တာမျိုးတွေကိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ Photo တွေကိုပြန်လည်ရှာဖွေတဲ့အခါမှာ မြန်ဆန်စေဖို့အတွက် gallery app ဟာ dropbox, drive နဲ့ facebook ကနေ သိမ်းဆည်းထားတဲ့ ဖိုင်တွေကို တစ်နေရာတည်းကနေ မြင်တွေ့နိုင်စေမှာဖြစ်ပါတယ်။

<ဘက်ထရီစွမ်းအားနဲ့ ကွန်ရက်ချိတ်ဆက်မှု>
HTC အနေနဲ့စွမ်းအားနည်းဘက်ထရီကိုဘာကြောင့် သုံးရတာလဲဆိုတဲ့ သုံးသပ်ချက်တွေအတွက်တော့ နောက်ပိုင်းမှာ စမတ်ဖုန်းတွေဟာ ကြီးမားတဲ့ ဘက်ထရီစွမ်းအားလိုအပ်တော့မှာ မဟုတ်တော့ပါဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံးထွက် android 6.0 ဟာ ဘက်ထရီပိုင်း ဆိုင်ရာအတွက် လုံးဝထောက်ပံ့မှုကောင်းဖြစ်လာတော့မှာလို့ဆိုပါတယ်။ 2150mAh စွမ်းအားကိုသာထည့်သွင်းထားပြီး ဆက်တိုက်ပြောဆိုနိုင်စွမ်း အတွက်တော့ ၁၆ နာရီနီးပါးနဲ့အသင့်အနေအထား အတွက်ကတော့ ၄၃၂ နာရီနီးပါးဖြစ်ပါတယ်။ သီချင်းနားထောင်မယ်ဆိုရင်တော့ နာရီ ၆၀ ခံနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ ကွန်ရက် ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ် ဖုန်းဖြစ်မှုနဲ့အတူ 4G /LTE ကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက် တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.1, NFC, wi-fi တို့ကို သုံးစွဲနိုင်ပါလိမ့်မယ်။ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံနိုင်စွမ်းရှိမှာ ဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာသုံးနိုင်မယ့် power saving လုပ်ဆောင် ချက်တွေလည်း ထည့်သွင်း ပေးထားပါတယ်။ Sim ရွေးချယ်သုံးမှုအပိုင်းမှာ Nano Sim ဖြစ်ပြီး၊ ဘက်ထရီကိုမြန်ဆန်စွာသုံးနိုင်စေဖို့အတွက်ကတော့ Quick Charge 2.0 ကြောင့် မိနစ် ၃၀ အား သွင်းလိုက်ရုံနဲ့ ၆၀% လောက် ရရှိစေမှာဖြစ်ပါတယ်။

<ဖုန်းမှာမောင်းနှင်ပေးမယ့် OS>
Google ရဲ့နောက်ဆုံးထွက် OS ဖြစ်တဲ့ 6.0(Marshmallow) ကို Nexus device တွေပြီးသွားရင်အစောဆုံးသုံးရမှာ ဖြစ်ပါတယ်။ A9 ရဲ့ဆောဖ့်ဝဲပိုင်း ဆိုင်ရာလုပ်ဆောင်မှုတွေနဲ့အတူ Sense UI ကိုလည်းသုံးစွဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် Sense ရဲ့ မလိုအပ်တဲ့ အပိုင်းတွေကိုတော့ဖယ်ရှားပစ်လိုက်ပါပြီ။ ဒါဟာနောက်ပိုင်းမှာ HTC အနေနဲ့ Pure Android ဆီကိုချီတက်တော့မလား ဆိုတဲ့ အရိပ်ယောင်တွေကိုမြင်လိုက်ရပါတယ်။ စမတ်ဖုန်းကိုင်ဆောင် သုံးစွဲသူအနေနဲ့ M9 ရဲ့အရောင်နဲ့ လိုက်ဖက်ညီစွာ သုံးနိုင်မယ့် photo,theme တွေကိုလည်း ထပ်မံထည့်သွင်းနိုင်ဦးမှာပါ။ ထပ်မံထည့်သွင်းပေးထားတဲ့ theme ဒီဇိုင်းလေးတွေကို သူငယ်ချင်းတွေနဲ့ဝေမျှသုံးနိုင်မှာပါ။ ဒါ့အပြင် application တွေကိုလွယ်လင့်တကူသုံးနိုင်စေဖို့အတွက် widget တွေလည်း ပိုမို ထောက်ပံ့လာပါတယ်။ ပြည်တွင်းအတွက်ဝင်ရောက်လာမယ့် ဖုန်းတွေ မှာ မြန်မာဘာသာစကားကို ယူနီကုတ်၊ ဇော်ဂျီနှစ်မျိုးလုံး နီးပါးတောင် သုံးစွဲလို့ရနိုင်လောက်ပါတယ်။ ဘာကြောင့်လဲဆိုရင်သူ့ရှေ့မှာထွက်ခဲ့တဲ့ One M9,E9+ တို့မှာ ကီးဘုတ် ပုံစံ ပြောင်းလဲလိုက်တဲ့အပြင် ဘာသာစကား ထောက်ပံ့မှုအပိုင်းမှာလည်း ပိုကောင်းသွားပါတယ်။

<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>
စမတ်ဖုန်းတစ်လုံး(သို့)မိုဘိုင်း device တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်း တွေကို လွယ်လင့်တကူနေရာဒေသမရွေး သုံးစွဲနိုင်စေအောင် ကူညီပေးမှာ ကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hardware ပါပဲ။ HTC One A9 မှာ Octa-core ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Snapdragon 617 ရဲ့ပေါင်းစပ်မှုကတော့ Quad-core 1.5 GHz Cortex-A53 နဲ့ Quad-core 1.2 GHz Cortex-A53 တို့ ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။ အချက် အလက်သိုလှောင်နိုင်စွမ်းကတော့ 2GBRAM နဲ့ဆိုရင် 16GB ဖြစ်ပြီး 3GBRAM ဆိုရင် 32GB သိုလှောင်မှုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ထပ်မံ သိုလှောင်ချင်တယ်ဆိုရင်တော့ 200GB အထိလက်ခံနိုင်စွမ်းရှိမှာပါ။ ပိုကောင်းတဲ့လုပ်ဆောင်နိုင်မှုအနေနဲ့ home buttonမှာ fingerprint scanner ကို တပ်ဆင်ပေးထားမှာဖြစ်တာကြောင့် မိမိရဲ့လုပ်ငန်းတွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ပါလိမ့်မယ်။ သီချင်း နားထောင်မှုအပိုင်းမှာ လည်း high Res 24bit ကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။

<LET THEM STARE>
13MP ကင်မရာကို Sapphire ကာဗာဖုံးအုပ်ပေးထားပြီး lens ဟာအစင်းရာ ထင်မှာမဟုတ်တော့ပါဘူး။ ပုံရိပ်တွေကို ရှင်းလင်းပြတ်သားပြီး စိုပြည်တဲ့ အရောင်နဲ့ရရှိမှာဖြစ်ပါတယ်။ အောက်ဘက်မှာတပ်ဆင်ပေးထားတဲ့ စပီကာ နဲ့အတူ Dolby audio လုပ်ဆောင်ချက်နဲ့သီချင်းတွေကို နားဆင်နိုင်မှာ ဖြစ်ပါ တယ်။ Audio နားဆင်ခံစားမှုအတွေ့ အကြုံသစ်တွေပေးစွမ်းမှာပါ။ M9 ကို Stereo Device အနေနဲ့လည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ screen ပေါ်မှာလက်ချောင်း (၃) ချောင်းနှင့် Swipe လုပ်လိုက် တာနဲ့ remote control အနေဖြင့် သုံးစွဲနိုင်စေဖို့အတွက် ထောက်ပံ့မှုတွေပေါ်ထွက် လာပါလိမ့်မယ်။ 24 Bit hight Res ထောက်ပံ့မှုကြောင့် သီချင်းသံတွေကို နားဆင် တဲ့အခါမှာ CD အရည်အသွေးအတိုင်းကို ရရှိနိုင်စေပါလိမ့်မယ်။

<MAKE IT YOURS>
HTC ဖုန်းအသစ်ရဲ့နောက်ထပ်ကောင်းမွန်တဲ့လုပ်ဆောင်ချက်ကတော့ built-in ထည့်သွင်းထားတဲ့ themeတွေကို စိတ်ကြိုက်ပြောင်းလဲသတ်မှတ်ထားနိုင် တာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အွန်လိုင်းမှာ ဖြစ်စေ၊ ဖုန်းထဲမှာဖြစ်စေ သိမ်းထားတဲ့ လုံးဝနှစ်ခြိုက်စရာကောင်းသည့် ပုံတွေကို ပြောင်းလဲနိုင်မှာပါ။ HTC theme app ဟာ Theme (သို့) photo တွေရဲ့ အရောင်တွေကို စိတ်ကြိုက်ဖန်တီးနိုင်စေမှာပါ။ နည်းလမ်းကောင်းတွေသုံးပြီးတော့ wallpaper,icon နဲ့နောက်ခံပြောင်းလဲလို့ ရတဲ့ setting လုပ်ဆောင်ချက် တွေမှာ ဖန်တီးသုံးစွဲနိုင်ပါလိမ့်မယ်။ အခုဆိုရင် Theme store မှာ 7 millions လောက်ရှိနေပါပြီ။

<Be brilliant>
ဖုန်းတည်ဆောက်မှုပုံစံနှင့် သုံးစွဲသူနဲ့အမြဲလိုက်လျောညီထွေရှိနေဖို့ လိုအပ်ပါတယ်။ ဒီဇိုင်းပိုင်းဆိုရင်တည်ဆောက်မှုမှာ HTC အနေနဲ့ ဘာကြောင့် အမြဲတမ်း ထိပ်ဆုံးကဦးဆောင်နေလဲဆိုရင် အများတကာ ဖုန်းတွေ ပလတ်စတစ် ကိုယ်ထည် တည် ဆောက်မှုနဲ့ ထုတ်လုပ်နေစဉ်အချိန်တည်းက သတ္တူနဲ့စတင်လမ်းကြောင်းဖောက်လာလို့ပါပဲ။ သတ္တုကိုယ်ထည်ရဲ့ ဘေးထောင့် အ၀ိုက်လေးတွေဟာ လုံးဝ edge-to-edge ပါပဲ။ ပါဝါခလုတ် ဟာဘေးဘက်ကိုရောက်ရှိသွားပြီး volume ခလုတ်တွေတပ်ဆင် ထားတဲ့ပုံစံ လည်းပြောင်းလဲသွားခဲ့ပါတယ်။ အဓိကပြောင်းလဲသွားမှုကတော့ လက်ဗွေဖတ် စနစ်ကိုထည့်သွင်းပေးထားပါတယ်။

<Power to choose>
A9 မှာသူ့ရဲ့ အဓိကလုပ်ဆောင်ချက်လို့သတ်မှတ်နိုင်တဲ့ Blinkfeed ကိုပိုမို ပြည့်စုံစွာသုံးနိုင်မှာဖြစ်ပါတယ်။ သင့်နိုင်ငံတွင်းမှာ ရှိနေတဲ့သတင်း ၀က်ဘ်ဆိုက်တွေမှာ ဖော်ပြနေတဲ့နောက်ဆုံးသတင်းတွေကိုပါပြသ ပေးမှာဖြစ်ပါတယ်။ အွန်လိုင်း ချိတ်ဆက်မှုပြုလုပ်လိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်းသတင်းတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ Home screen မှာ လူမှုကွန်ရက် ၀က်ဘ်ဆိုက်နဲ့ပတ်သက်လို့ face-book new post, Twitter feed နဲ့အတူ အားကစားသတင်း နိုင်ငံတကာသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်။

<Power up fast>
OS အသစ်ရဲ့ပံ့ပိုးမှုနဲ့အတူ အားသွင်းတဲ့နှုန်းဟာပိုမိုမြန်ဆန်တဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။ A9 မှာ Qualcomm ရဲ့ Quick Charge 2.0 ထောက်ပံ့ ပေးပါလိမ့်မယ်။ ဒါကြောင့် အားပြန်လည်ဖြည့်သွင်းတဲ့အချိန် မှာမိနစ် အနည်းငယ်ကြာအားသွင်း ပါက တစ်နာရီကြာဖုန်းကိုသုံးနိုင်မှာ ဖြစ်ပါတယ်။ HTC ရဲ့ Repid Charger2.0 ကိုအသုံးပြုလိုက်မယ်ဆိုရင် ၁၀ မိနစ် ကြာ အားသွင်းရုံနဲ့ ၇ နာရီကြာသီချင်းတွေနားဆင်နိုင်ပါလိမ့်မယ်။ Quick Charge 3.0 ကိုတော့စောင့်ရပါလိမ့်မယ်။ နောက်ဆုံးထွက် OS ကြောင့်အားသွင်းနှုန်း ဟာ၄၀% လောက်မြန်ဆန်စွာ အားသွင်းနိုင်ပါလိမ့်မယ်။ ရုပ်ရှင်၊ သီချင်းနဲ့ ဓာတ်ပုံတွေကို download ပြုလုပ်မယ်ဆိုရင်တော့ နှစ်ဆနီးပါးပိုမြန်ပါလိမ့် မယ်။

<Multi mode camera>
HTC A9 မှာကင်မရာရိုက်ကူးမယ်ဆိုရင် ရွေးချယ်စရာနှစ်ခုရှိနေ ပါတယ်။ Auto (သို့) Pro mode ကြိုက်တဲ့ပုံစံနဲ့ အကောင်းဆုံးရိုက်ကူးနိုင်ပါလိမ့်မယ်။ ပုံရိပ်တွေကိုရိုက်ကူးသိမ်းဆည်းချိန်ဟာ 0.1 sec ကြာမှာဖြစ်ပါတယ်။ Pro ကိုသုံးစွဲမယ် ဆိုရင်တော့ photo တွေရဲ့ exposure values တွေကိုပါ စိတ်ကြိုက် သတ်မှတ်ထားနိုင်မှာပါ။ ပရိုဖက်ရှင်နယ်ကင်မရာတွေမှာ လိုမျိုး RAW ဖိုင်နဲ့ရရှိစေမှာဖြစ်ပါတယ်။ ဓာတ်ပုံပြုပြင်တဲ့ဆောဖ့်ဝဲ တွေနဲ့ပြင်လိုက် မယ်ဆိုရင် အကောင်းဆုံးပုံရိပ်အဖြစ်ထွက်ရှိ လာပါလိမ့်မယ်။ အကောင်းဆုံး ပုံရိပ်တွေကိုလိုချင်တာလား။ အရှေ့ဘက်ကင်မရာဟာ Ultrapixel ဖြစ်တာ ကြောင့် Pixel တစ်ခုချင်းရဲ့ အလင်းပေးနိုင်မှုအစွမ်းတောင် ပိုကောင်းလာပါ လိမ့်မယ်။

<Wake up your music>
အသက်ရှုမှားလောက်အောင်ကောင်းမွန်တဲ့ သီချင်းခံစားမှုအရသာကို ခံစားရပါလိမ့်မယ်။ သူ့မှာတစ်ပါတည်းထည့်သွင်း ပေးထားတဲ့ DAC နည်းပညာကြောင့် 16-bit အသံဖိုင်တွေကို 24-bit အသံနှုန်းနဲ့ပြောင်းလဲ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ စမတ် ဖုန်းကထွက်လာတဲ့အသံ လှိုင်းတွေဟာ စူးရှကျယ်လောင်မှုတွေကို ထိန်းချုပ်ပေးပြီးတော့ ညက်ညောတဲ့ အသံတွေ အဖြစ် ထုတ်ပေးမှာပါ။ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ ဖုန်းတွေရဲ့ အသံ အရည်အသွေးထက်ပိုကောင်းလာစေဖို့အတွက် Dolby audio အသံ ပတ်လည်ပြေးစနစ်ကြောင့် အသံထိန်းညှိစက်တွေကထုတ်လွှင့်ပေးတဲ့ အသံလှိုင်းလိုခံစားရမှာပါ။ One A9 ကိုသုံး စွဲသူတွေဟာ Goolge play music ကို ၆လအခမဲ့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download