11/03/2015

♪ Samsung Galaxy S6 Edge Plus ရဲ့ အားသာချက် ၊ အားနည်းချက် ၊ ဒီဇိုင်း ၊ နည်းပညာနှင့် အသေးစိတ်ဖော်ပြချက်များ ♫


Device Support - Samsung
Price - 990,000 Ks

အားသာချက်
ဖုန်းတွင်အသုံးပြုထားသော Hardware စနစ်ပိုင်းများတွင် ပြည့်စုံကောင်းမွန်မှု ရှိသည်။ ကင်မရာပိုင်း၊ Screen မြင်ကွင်းပိုင်းတို့တွင်လည်း ကြည်လင်တောက်ပသော မြင်ကွင်းကို ခံစားနိုင်ပြီး ဂရပ်ဖစ်စနစ်ပိုင်းနှင့် ဖုန်းတွင်းအသုံးပြု စနစ်များတွင်လည်း ကောင်းမွန်သည်။ မြန်မာစာပိုင်းတွင်လည်း ဇော်ဂျီဖောင့် စနစ်အပြင် မြန်မာ Unicode စနစ်တွေကိုပါ အသုံးပြုနိုင်မည် ဖြစ်သည်။ အချက်အလက် လုံခြုံရေးအတွက်လည်း Finger Print စနစ်ပါဝင်သည်။

အားနည်းချက်
မှတ်ဉာဏ်ပမာဏ မြင့်မားသော်လည်း Memory Card ထပ်မံထည့်သွင်း အသုံးမပြုနိုင်ခြင်းကြောင့် အချက်အလက်များကို ဖုန်းမှတ်ဉာဏ်နှင့် SD Card ခွဲခြားသိမ်းဆည်းနိုင်မည် မဟုတ်သလို ကျောဘက်ကင်မရာသည် ကိုယ်ထည်ပေါ်မှ အနောက်ဘက်သို့ အနည်းငယ်ဖောင်းကြွ နေသောကြောင့် ကင်မရာ ပွန်းရှနိုင်ခြင်းတွေကို ဂရုစိုက်ရမည်ဖြစ်သည်။

ဒီဇီုင်း
ဆွဲဆောင်မှုရှိသော ပုံစံဒီဇိုင်းဟုဆိုနိုင်ပြီး လှပသေသပ်သည့်အပြင် ကိုင်တွယ်အသုံးပြုချိန်တွင်လည်း လက်ထဲတွင် ကောင်းမွန်သော ထိတွေ့မှုကို ခံစားရစေသည်။ Edge များ၏ထုံးစံအတိုင်းပင် ဖုန်း၏ရှေ့မျက်နှာပြင် ဘယ်၊ ညာ အနားနှစ်ဖက်မှာ ဖုန်းကိုယ်ထည်၏ အလယ်ဘေးဘောင် ပတ်လမ်းနားထိ ခုံးထားသော ပုံစံမျိုးပြုလုပ် ထားခြင်းဖြစ်ပြီး ဖုန်းကိုယ်ထည်၏ ဘေးဘောင်မှာ သတ္တုကိုယ်ထည် ဘေးဘောင်ဖြစ်သည်။ နောက်ဘက်ကာဗာတွင် Corning Gorilla Glass 4 ကို အသုံးပြုထားခြင်းကြောင့် ချောမွေ့တောက်ပြောင်သော ကိုယ်ထည် ဖြစ်သည်။ အရွယ်အစားပိုင်းတွင် အထက်အောက်အမြင့် ၁၅.၄၄ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၈ စင်တီမီတာရှိပြီး ထုထည်မှာ ၀.၆၉ စင်တီမီတာ ဖြစ်သောကြောင့် ပါးလွှာတဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည့်အပြင် အလေးချိန်မှာလည်း ပေါ့ပါးသော ဖုန်းဖြစ်သည်။

မြင်ကွင်း
ဖုန်း၏ Screen မျက်နှာပြင်မှာ ၅.၇ လက်မရှိသော Super AMOLED Screen အမျိုးအစားဖြစ်ပြီး 1440 x 2560 Pixels (~518 ppi pixel density) ရှိမည်ဖြစ်သည်။

နည်းပညာ
ကင်မရာပိုင်းတွင် Live Broadcast စနစ်ပါဝင်လာပြီး ဖုန်းဖြင့်ဗီဒီယိုများ ရိုက်ကူးနေချိန်တွင် တစ်ပြိုင်နက်တည်း Youtube ပေါ်သို့ တိုက်ရိုက်ထုတ်လွှင့် နိုင်မည့်နည်းပညာ တစ်ခုဖြစ်သည်။ ရှေ့ကင်မရာစနစ်တွင် Wide စနစ်ဖြင့် လူအများကြီး ဓာတ်ပုံရိုက်နိုင်သည့်အပြင် Virtual Shot, Fast Motion, Selective Focus, Manual စနစ်ကဲ့သို့ ကိုယ်တိုင်ချိန်ညှိ ရိုက်နိုင်မည့် Pro အစရှိသော စနစ်များပါဝင်မည် ဖြစ်သည်။ Finger Print စနစ်မှာလည်း လက်ချောင်းလေးချောင်းထိ မှတ်သားနိုင်မည်ဖြစ်ပြီး Edge ပိုင်းတွင်လည်း ပုံစံအသစ်အဖြစ် ပြောင်းလဲအသုံးပြု နိုင်မည်ဖြစ်သည်။ ဖုန်းတွင်းအသုံးပြု App ပိုင်းတွင်လည်း Samsung ၏ဝန်ဆောင်မှု App များကို အသုံးပြုနိုင်မည် ဖြစ်သည်။ ကောင်းမွန်သော Power Saving စနစ် ပါဝင်နေသလို အွန်လိုင်းအသုံးပြု ခြင်းအတွက်လည်း WiFi နှုန်းများကို မြှင့်တင်ပေးနိုင်မည့် နည်းပညာများ ပါဝင်မည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G/ 4G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Nano Sim နှစ်ကတ်သာ အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Mali-T760MP8 GPU ပါဝင်ပြီး ဖုန်းလုပ်ဆောင်ချက်များအတွက် Quad-core 1.5 GHz Cortex-A53 နှင့် Quad-core 2.1 GHz Cortex-A57 တို့ပါဝင်သော Octa Core CPU ပါဝင်မည်ဖြစ်သည်။ မှတ်ဉာဏ်မှာ 32GB နှင့် RAM 4GB ပါဝင်မည်ဖြစ်ပြီး မှတ်ဉာဏ်ထပ်တိုး နိုင်မည်မဟုတ်ပါ။ 16Mega Pixel နောက်ဘက်ကင်မရာ၊ 5Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth v4.2, A2DP, LE, apt-X နှင့် ပါဝါသိုလှောင်မှု ပမာဏမြင့်မားသော Li-ion 3000 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက S6 Edge Plus သည် ဖုန်းတွင်းအသုံးပြု Hardware ပိုင်းများနှင့် ဖုန်းအသုံးပြု စနစ်ပိုင်းများတွင် ကောင်းမွန်သည့်အပြင် မြင်ကွင်းပိုင်း အရည်အသွေးမြင့်မားသော တန်ဖိုးမြင့်ဖုန်းအမျိုးအစား ဖြစ်သည်။ မှတ်ဉာဏ်ပိုင်း မြင့်မားကောင်းမွန်သော်လည်း မှတ်ဉာဏ်ထပ်တိုး အသုံးမပြုနိုင်ခြင်းကြောင့် အချက်အလက်ခွဲခြား သိမ်းဆည်းခြင်းအတွက် အွန်လိုင်းသိမ်းဆည်းမှုနှင့် Backup စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုရမည် ဖြစ်သည်။ ကိုယ်ထည်ပါးလွှာသည့်အပြင် မျက်နှာပြင်အခုံး အနားနှစ်ဖက်ကြောင့် လက်ထဲမှ လွတ်ကျနိုင်ခြင်းကိုလည်း ဂရုစိုက်ရမည် ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download