4/10/2015

♪ Touchscreen ပါဝင်သည့် all-in-one Chromebase ကို Acer မိတ်ဆက် ♫


Acer သည် touchscreen ပါဝင်သည့် all-in-one Chromebase ထုတ်ကုန်တစ်မျိုးကို သြဂုတ်လ တွင် ဖြန့်ချိရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

Acer မှမိတ်ဆက်ပေးခဲ့သည့် all-in-one Chromebase ၏မျက်နှာပြင် အရွယ်အစားမှာ ၂၁.၅ လက်မရှိပြီး touch screen အသုံးပြုနိုင်သော 1080p display ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း Acer ၏ Chromebase တွင် ပါဝင်လာမည့် မျက်နှာပြင် အရည်အသွေးကို အတိအကျ မသိရှိရသေးပေ။

ထို့အပြင် Acer ၏ all-in-one Chromebase တွင် Nvidia ၏ Tegra K1 ပရိုဆက်ဆာ အသုံးပြုထားပြီး RAM 4GB နှင့် storage 100GB ပါဝင်လာမည် ဖြစ်သည်။ Acer အနေဖြင့် Chromebase ၏ဈေးနှုန်းကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဒုတိယ သုံးလပတ်အတွင်း ၎င်းထုတ်ကုန်ကို ရောင်းချပေးသွားမည် ဖြစ် သည်။

Ref : TheVerge

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com