4/03/2015

♪ Samsung က အရွယ်နှစ်မျိုးဖြင့် Galaxy Tab A တက်ဘလက်ကို ကြေညာ ♫

2

Samsung က စွမ်းဆောင်ရည်သင့် Galaxy Tab A တက်ဘလက်များကို ရုရှားတွင် ကြေညာလိုက်ပါသည်။ ရှစ်လက်မနှင့် ၉.၇ လက်မနှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။

တက်ဘလက်အသစ်များတွင် ကြိုးမဲ့ အားသွင်းနည်းပညာ ပါရှိပြီး အနိမ့်ဆုံး ဈေးနှုန်းမှာ ၂၇၆ ဒေါ်လာ ဖြစ်ပါ သည်။ တက်ဘလက်များတွင် သတ္တုကိုယ်ထည်ကို အသုံးပြုထားပါသည်။

Galaxy Tab A တွင် 1024×768 Display တပ်ဆင်ထားပါသည်။ 1.2GHz Cortex A53 CPU မောင်းနှင် မည် ဖြစ်ပါသည်။ အနောက်ဘက်တွင် 5MP နှင့် အရှေ့ဘက်တွင် 2MP Camera များတပ်ဆင်ထားပါ သည်။ 1.5GB RAM, 16GB Internal Storage ပါရှိသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ ရှစ်လက်မအမျိုးအစားတွင် 4200mAh Battery နှင့် ၉.၇ လက်မအမျိုးအစားတွင် 6000mAh Battery ပါရှိပါသည်။

တက်ဘလက်နှစ်မျိုးစလုံးအတွက် WiFi or LTE နှစ်မျိုး ရွေးချယ်နိုင်ပြီး အထူမှာ ၇.၅ မီလီမီတာ ဖြစ်ပါသည်။ ဧပြီလတွင် ရုရှား၌ စတင်ရောင်းချပေးမည် ဖြစ်သည်။ ၉.၇ လက်မအရွယ် အမျိုးအစားကို ဒေါ်လာ ၃၄၁ သတ်မှတ်ထားပါသည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် အစီအစဉ်ကို မသိရသေးပါ။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com