တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Oppo က အလွန်ပါးလွှာသော R7 စမတ်ဖုန်းကို
မှတ်ပုံတင်ထားသည်ဟု သိရပါသည်။ R7 သည် အခြား R Series စမတ်ဖုန်းများကဲ့သို့
စွမ်းဆောင်ရည် အလယ်အလတ်ရှိသည့် စမတ်ဖုန်း ဖြစ်မည်ဟု မျှော်လင့်ရပါသည်။
R7 တွင် 4G LTE ကို အထောက်အပံ့ပေးပြီး Octa-Core MediaTek MT6795 SoC , 20.7 MP Camera တပ်ဆင်ထားမည်ဟု သိရပါသည်။
R7 သည် အလွန်ပါးလွှာပြီး သူ၏ နောင်တော် R5 ကဲ့သို့ပင် ၄.၈၅ မီလီမီတာ ရှိမည် ဖြစ်သည်။ အသေးစိတ်သတင်းအချက်အလက်များကို မသိရသေးသော်လည်း R7 ကို နိုင်ငံတကာတွင် ရောင်းချမည် ဟု မျှော်လင့်ရပါသည်။
Myanmar Digital Life Journal