4/03/2015

♪ အရှေ့တောင်အာရှမှ နာမည်ကြီးအနုပညာရှင် အမြောက်အမြား ပါဝင်သော Samsung Galaxy S6 and S6 edge မိတ်ဆက်ပွဲကျင်းပ ♫


Samsung မှ အရှေ့တောင်အာရှလုံးဆိုင်ရာအတွက် ၎င်းတို့၏ ထုတ်ကုန်သစ် Samsung Galaxy S6 နှင့် S6 edge ကို Fashion Content တစ်ခုအနေဖြင့် ပွဲထုတ်မိတ်ဆက်ပွဲကို ဧပြီ ၁ ရက် ညနေပိုင်းက စင်ကာပူနိုင်ငံရှိ Amara sanctuary Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါပွဲသို့ Samsung ၏ Brand Ambassador တစ်ဦးဖြစ်သူ Bobby Soxer က မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပါဝင် တက်ရောက်ခဲ့သည်။ မိတ်ဆက်ပွဲတွင် Samsung ၏ နည်းပညာသစ်များကို မိတ်ဆက်ပြသပေးခဲ့ပြီး Samsung Galaxy S6 နှင့် S6 edge ၏ ဖက်ရှင်ကျလှပမှုများကိုလည်း နာမည်ကြီး ဖက်ရှင်မော်ဒယ် များဖြင့် ဖော် ထုတ်ပြသခဲ့သည်။ Samsung မှ ဖက်ရှင်နှင့် နည်းပညာ၏ ခွဲခြားမရမှုကို ယှဉ်တွဲပြသခဲ့ပြီး ထုတ်ကုန်သစ်များ၏ ဖက်ရှင်ကျ လှပမှုကိုလည်း ပြသ ခဲ့သည်။

မြန်မာနိုင်ငံ၏ အနုပညာရှင် တစ်ဦးဖြစ်သော Bobby Soxer က Samsung Galaxy S6 နှင့် S6 edge အပေါ်ဒီဇိုင်းပိုင်း၏ ကွဲပြားခြားနားမှုနှင့် ပိုမိုပါးလွှာပြီး ဖက်ရှင် ကျနမှုကို ပိုမိုကြိုက်နှစ်သက်ခဲ့ပြီး အနုပညာရှင်တစ်ယောက်အနေဖြင့် ကင်မရာ၏ စွမ်းပကားများကိုလည်း ကြိုက်နှစ်သက်ကြောင်း ပြောဆိုခဲ့ သည်။ Samsung Galaxy S6 နှင့် S6 edge မှာ ဖက်ရှင်ကျနမှုနှင့် နည်းပညာစွမ်းပကားကို ပြသထား ပြီး အရောင်များမှာလည်း အဖိုးတန်ရတနာများကဲ့သို့ ခံစားရနိုင်မည့် နက်ရှိုင်းလှသော အရောင်ခံစားမှုများကို ရရှိလိမ့်မည်ဟု မိတ်ဆက်ပြသပွဲတွင် ပြောကြားခဲ့သည်။

Samsung ၏ အရှေ့တောင်အာရှနှင့် သမုဒ္ဒရာပိုင်းဆိုင်ရာ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ Mr.Yong Sung Jeon က "ဖက်ရှင်နဲ့ နည်းပညာရဲ့ ရောထွေးယှက်ထွေမှုဟာ ခွဲခြားလို့ မရနိုင်ပါဘူး။ အလုပ်ရုံ တစ်ခုရဲ့ အနာဂတ်တစ်ခုမှာတော့ ဖန်တီးမှုနဲ့ အကြံဥာဏ်တွေနဲ့တင် မကဘဲ နည်းပညာနဲ့ ဖက်ရှင်ကျမှုက လည်း ပေါင်းစပ် ပါဝင်လာပါပြီ။ အခုပြသတဲ့ Samsung Galaxy S6 နဲ့ S6 edge မှာတော့ အဖိုး ထိုက်တန်တဲ့ ရတနာတွေလို အရောင်အသွေးလှပမှုနဲ့ သေချာကျနစွာ တပ်ဆင်ထားတဲ့ နည်းပညာတွေကို တစ်ပေါင်းတည်းတွေ့မြင်ရမှာပါ" ဟု ပြောကြားခဲ့သည်။ Samsung Galaxy S6 နှင့် S6 edge စတင်ဖြန့် ချိခြင်းကို ဧပြီလ ၁၀ ရက်တွင် မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ သြစတြေး လျ လေးနိုင်ငံတွင်သာ ဦးဆုံးရောင်းချသွားမည်ဟု သိရသည်။

အဆိုတော်နှင့် Samsung ရဲ့ Brand Ambassador တစ်ဦးဖြစ်သူ Bobby soxer မှာ Sumsang ၏ Product Lunch ကို ဦးစွာ တက်ရောက်ခဲ့သော အနုပညာရှင် တစ်ဦးဖြစ်ခဲ့ပြီး အဆိုပါပွဲမှာ အရှေ့တောင် အာရှတွင် နည်းပညာနှင့် ဖက်ရှင်ကို ပေါင်းစပ်ပြသခဲ့ပြီး ဒေသတွင်းတွင်ရှိသော အနုပညာရှင်များ အမြောက်အမြား တက်ရောက်ခဲ့ သည့် ပွဲဖြစ်သည့်အတွက် Galaxy S6 world Tour 2015 ၏ ပုံရိပ်အစလည်း ဖြစ်ခဲ့သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com